ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ လေယာဉ်တစီးထဲ စီးလာသူတွေကို ကွာရန်တင်းပြုလုပ်ထားရ

ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ လေယာဉ်တစီးထဲ စီးလာသူတွေကို ကွာရန်တင်းပြုလုပ်ထားရ

ဖားကန့် ၊ စက်တင်ဘာ ၃-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာက ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (Covid-19)ပိုးတွေ့လူနာနဲ့အတူ လေယာဉ်စီးခဲ့သူတွေကို စက်တင်ဘာ ၂ရက်နေ့က နေအိမ်ကနေခေါ်ယူပြီး ကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ် ။

လူနာအမှတ်-၇၈၈ နဲ့လေယာဉ်တစီးထဲစီးခဲ့သူဟာ ဖားကန့်မြို့ နယ်၊ ဆိပ်မူအုပ်စု၊ နမ့်မှော်ကျေးရွာမှာ နေထိုင်သူ မိသားစု ၄ ဦးဖြစ်တယ်လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

စက်တင်ဘာ ၂ရက်နေ့က လူနာအမှတ်-၇၈၈ နဲ့လေယာဉ်အတူစီးခဲ့သူ မိသားစု ၄ ဦးအပါအဝင် တအိမ်ထဲအတူနေထိုင်သူ (၅)ဦး စုစုပေါင်း (၉)ဦးကို သက်ဆိုင်ရာက ခေါ်ယူပြီး ဆိပ်မူကျေးရွာရှိ တရုတ်ဘုံကျောင်းမှာ Facility Quarantine ထားရှိလိုက်ပြီဖြစ်တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” မနေ့က စက်တင်ဘာ ၂ ရက်နေ့က Facility Quarantine ထား ထားပါတယ် ။ ကျနော်တို့အထက်ကနေ Case788နဲ့ လေယာဉ်အတူစီးခဲ့တဲ့ ခရီးသည်စာရင်းပို့လာတာနဲ့ ရရချင်း ကွာရန်တင်းဝင်ဖို့ စီစဉ်လိုက်တာပါ “လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းမောင်ကပြောပါတယ်။

လူနာအမှတ်-၇၈၈ နဲ့ လေယာဉ်တစီးထဲစီးနင်းခဲ့သူ (၄)ဦးနဲ့ တအိမ်ထဲအတူနေသူ (၅)စုစုပေါင်း (၉)ဦးရဲ့ နှာခေါင်းတို့ဖတ် ၊အာခေါင်တို့ဖတ်တွေကို အမြန်ဆုံးစစ်ဆေးပြီးတဲ့အချိန်မှ ထုတ်ပြန်သွားမယ်လို့လည်း ဖားကန့်မြို့နယ် ကျန်းမာရေးဦးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

” Case-788 ထိတွေ့ခဲ့တဲ့လူတွေနဲ့ သူတို့မိသားစုဝင် (၉) ကို မနေ့က ကွာရန်တင်းထားထားပါတယ် ။မနက်ဖန် စက်တင်ဘာ ၄ရက်မှာ သူတို့ရဲ့ နှာခေါင်တို့ဖတ် အာခေါင်တို့ဖတ်တွေ ယူပြီး စစ်ဆေးဖို့ ပို့ဆောင်မှာပါ ။ရလာတဲ့စစ်ဆေးတွေ့ရှိချက်တွေ အမြန်ဆုံးထုတ်ပြန်ပေးသွားမှာပါ ” ဖားကန့်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဖားကန့်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က ပြောပါတယ်။

လေယာဉ်တစ်စီးထဲ အတူစီးခဲ့တဲ့ လူနာအမှတ်-၇၈၈ဟာ မန္တလေးတိုင်း၊ မြင်းခြံမြို့ကဖြစ်ပြီး အဲဒီလူနာနဲ့ ထိတွေ့ခဲ့သူ (၃)ဦးမှာလည်း ကိုရိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ။
ဖားကန့်မြို့နယ်မှာ ကိုဗစ်-၁၉ ကနဦးဖြစ်ပွားချိန် ဧပြီလ ၁၆ ရက်နေ့ကလည်း ကိုဗစ်-၁၉လူနာ၊ Case -82 နဲ့ ထိတွေ့ခဲ့သူတွေကို ကွာရန်တင်းထားပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ် ။ ပိုးတွေ့လူနာနဲ့ လေးယာဉ်စီးခဲ့တဲ့ခရီးသည် ဖားကန့်ကိုရောက်ရှိလာတာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ပိုးတွေလူနာနဲ့ ခရီးအတူသွားခဲ့သူတွေအပါအဝင် Stay at Homeသက်မှတ်ထားတဲ့ ဒေသကနေ ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်လာသူတွေကိုလည်း Facility Quarantine ထားကာ အာခေါင်တို့ဖတ် နှာခေါင်းတို့ဖတ်တွေယူပြီး ဆက်လက်စစ်ဆေးသွားဖို့ရှိတယ်လို့ ဖားကန့်မြို့နယ် ကျန်းမာဦးစီးဌာနနဲ့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Zawgyi

ကိုဗစ္လူနာအမွတ္-၇၈၈နဲ႔ ေလယာဥ္တစီးထဲ စီးလာသူေတြကို ကြာရန္တင္းျပဳလုပ္ထားရ

ဖားကန္႔ ၊ စက္တင္ဘာ ၃-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု၊ နမ့္ေမွာ္ေက်း႐ြာက ကူးစက္ျမန္ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ (Covid-19)ပိုးေတြ႕လူနာနဲ႔အတူ ေလယာဥ္စီးခဲ့သူေတြကို စက္တင္ဘာ ၂ရက္ေန႔က ေနအိမ္ကေနေခၚယူၿပီး ကြာရန္တင္းစင္တာကို ပို႔ေဆာင္ခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးကေန သိရပါတယ္ ။

လူနာအမွတ္-၇၈၈ နဲ႔ေလယာဥ္တစီးထဲစီးခဲ့သူဟာ ဖားကန႔္ၿမိဳ႕ နယ္၊ ဆိပ္မူအုပ္စု၊ နမ့္ေမွာ္ေက်း႐ြာမွာ ေနထိုင္သူ မိသားစု ၄ ဦးျဖစ္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးကေန သိရပါတယ္။

စက္တင္ဘာ ၂ရက္ေန႔က လူနာအမွတ္-၇၈၈ နဲ႔ေလယာဥ္အတူစီးခဲ့သူ မိသားစု ၄ ဦးအပါအဝင္ တအိမ္ထဲအတူေနထိုင္သူ (၅)ဦး စုစုေပါင္း (၉)ဦးကို သက္ဆိုင္ရာက ေခၚယူၿပီး ဆိပ္မူေက်း႐ြာရွိ တ႐ုတ္ဘုံေက်ာင္းမွာ Facility Quarantine ထားရွိလိုက္ၿပီျဖစ္တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

” မေန႔က စက္တင္ဘာ ၂ ရက္ေန႔က Facility Quarantine ထား ထားပါတယ္ ။ က်ေနာ္တို႔အထက္ကေန Case788နဲ႔ ေလယာဥ္အတူစီးခဲ့တဲ့ ခရီးသည္စာရင္းပို႔လာတာနဲ႔ ရရခ်င္း ကြာရန္တင္းဝင္ဖို႔ စီစဥ္လိုက္တာပါ “လို႔ ဖားကန႔္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယဦးစီးမႉး ဦးမ်ိဳးမင္းေမာင္ကေျပာပါတယ္။

လူနာအမွတ္-၇၈၈ နဲ႔ ေလယာဥ္တစီးထဲစီးနင္းခဲ့သူ (၄)ဦးနဲ႔ တအိမ္ထဲအတူေနသူ (၅)စုစုေပါင္း (၉)ဦးရဲ႕ ႏွာေခါင္းတို႔ဖတ္ ၊အာေခါင္တို႔ဖတ္ေတြကို အျမန္ဆုံးစစ္ေဆးၿပီးတဲ့အခ်ိန္မွ ထုတ္ျပန္သြားမယ္လို႔လည္း ဖားကန႔္ၿမိဳ႕နယ္ က်န္းမာေရးဦးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

” Case-788 ထိေတြ႕ခဲ့တဲ့လူေတြနဲ႔ သူတို႔မိသားစုဝင္ (၉) ကို မေန႔က ကြာရန္တင္းထားထားပါတယ္ ။မနက္ဖန္ စက္တင္ဘာ ၄ရက္မွာ သူတို႔ရဲ႕ ႏွာေခါင္တို႔ဖတ္ အာေခါင္တို႔ဖတ္ေတြ ယူၿပီး စစ္ေဆးဖို႔ ပို႔ေဆာင္မွာပါ ။ရလာတဲ့စစ္ေဆးေတြ႕ရွိခ်က္ေတြ အျမန္ဆုံးထုတ္ျပန္ေပးသြားမွာပါ ” ဖားကန႔္ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာန ဖားကန႔္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာမင္းလြင္က ေျပာပါတယ္။

ေလယာဥ္တစ္စီးထဲ အတူစီးခဲ့တဲ့ လူနာအမွတ္-၇၈၈ဟာ မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕ကျဖစ္ၿပီး အဲဒီလူနာနဲ႔ ထိေတြ႕ခဲ့သူ (၃)ဦးမွာလည္း ကို႐ိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက စက္တင္ဘာ ၂ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္ ။
ဖားကန႔္ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ ကနဦးျဖစ္ပြားခ်ိန္ ဧၿပီလ ၁၆ ရက္ေန႔ကလည္း ကိုဗစ္-၁၉လူနာ၊ Case -82 နဲ႔ ထိေတြ႕ခဲ့သူေတြကို ကြာရန္တင္းထားၿပီး စစ္ေဆးမႈေတြျပဳလုပ္ခဲ့ရပါတယ္ ။ ပိုးေတြ႕လူနာနဲ႔ ေလးယာဥ္စီးခဲ့တဲ့ခရီးသည္ ဖားကန႔္ကိုေရာက္ရွိလာတာဟာ ဒုတိယအႀကိမ္ ျဖစ္ပါတယ္။

ကိုဗစ္-၁၉ ပိုးေတြလူနာနဲ႔ ခရီးအတူသြားခဲ့သူေတြအပါအဝင္ Stay at Homeသက္မွတ္ထားတဲ့ ေဒသကေန ဖားကန႔္ၿမိဳ႕နယ္အတြင္းကို ဝင္ေရာက္လာသူေတြကိုလည္း Facility Quarantine ထားကာ အာေခါင္တို႔ဖတ္ ႏွာေခါင္းတို႔ဖတ္ေတြယူၿပီး ဆက္လက္စစ္ေဆးသြားဖို႔ရွိတယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ က်န္းမာဦးစီးဌာနနဲ႔အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔

Related posts

Leave a Comment

VOM News

FREE
VIEW