အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၆၇၀သာ ရရှိတဲ့အတွက် အလုပ်သမားတွေနစ်နာကြေး တစ်ဝက်သာရရှိ

အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချရာ သိန်း၆၇၀သာ ရရှိတဲ့အတွက် အလုပ်သမားတွေနစ်နာကြေး တစ်ဝက်သာရရှိ

ရန်ကုန်၊စက်တင်ဘာ ၃၊၂၀၂၀
အေးချမ်းသူ(VOM)

အလုပ်ရှင်ထွက်ပြေးသွားတဲ့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ Myanmar Royal Apolloအထည်ချုပ်စက်ရုံကို ဒီကနေ့မနက်ပိုင်းက လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်း၆၇၀သာရရှိတဲ့အတွက် အလုပ်သမားတွေနစ်နာကြေး တစ်ဝက်သာရရှိခဲ့တယ်လို့ အဲ့ဒီစက်ရုံကအလုပ်သမားတွေကပြောပါတယ်။

အဲ့ဒီအထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်ဦးမင်းဆွေဦးပြောပြတာကတော့ “ကိုဗစ်ကာလလည်းဖြစ်နေတယ်၊ အဆင်မပြေဘူး၊ လေလံကလည်း ဒီထက်ဈေးက ထပ်တိုးတောင်းလို့မရတော့ဘူး။ ပထမလေလံပွဲကို ဖျက်မလို့ ပြန်စဉ်းစားတော့ ဖျက်လိုက်ရင်လည်း ကိုယ်တွေပဲနစ်နာမှာ”လို့ ပြောပါတယ်။

Myanmar Royal Apoloအထည်ချုပ်စက်ရုံက လေလံတင်ရောင်းချခဲ့တဲ့ပစွည်းတွေကတော့ အပ်ချုပ်စက်များ၊ pattemစက်များ၊ အခြားစက်ပစွည်များနဲ့ အထွေထွေပစွည်းများ စုစုပေါင်း ၃၄၈၅ခုကို သိန်း၆၇၀နဲ့ လေလံတင်ရောင်းချခဲ့တာဖြစ်တယ်လို့ ဦးမင်းဆွေဦးကပြောပါတယ်။

ရောင်းချရရှိတဲ့ငွေဟာ အလုပ်သမားဦးရေ ၅၀၀ရရှိမယ့် နစ်နာကြေးရဲ့တစ်ဝက်သာရှိခဲ့တဲ့အတွက် လေလံပွဲကိုဖျက်ဖို့စီစဉ်ခဲ့ပေမယ့်လည်း ပြန်လည်ညိုနှိုင်းမှုကြောင့် ပြေလည်ခဲ့တာဖြစ်ပါတယ်။

ကနဦးအနေနဲ့ အလုပ်သမားတွေကို ငွေသိန်း ၇၀ကျပ်ပေးခဲ့ပြီး ကျန်တဲ့ငွေ သိန်း၆၀၀ ကိုစက်တင်ဘာ ၈ရက်နေ့မှာ ထပ်မံပေးအပ်သွားမှာဖြစ်တယ်လို့ အလုပ်သမားတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အလုပ်ရှင်ထွက်ပြေးသွားပြီး လုပ်ခလစာမရရှိဘဲ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေအနေနဲ့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(STUM)မှ တစ်လကို ၁၂၀၀၀၀ကျပ်နှုန်းဖြင့် သုံးလတိတိကူညီခဲ့တယ်လို့ STUMအဖွဲ့မှဒါရိုက်တာ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။

“တစ်ချို့အလုပ်သမားတွေလည်း စက်ရုံဆင်းနေပါပြီ၊ တစ်ချို့က စက်ရုံမဆင်းချင်တော့ဘူး၊ ကိုယ်ပိုင်လုပ်ငန်းလေးလုပ်ချင်တယ်၊ ဒါလည်းကျွန်မတို့ကူညီပေးခဲ့ပါတယ်”လို့ ဒေါ်မျိုးမျိုးအေးကပြောပါတယ်။

မြန်မာနိူင်ငံကို လာရောက်ရင်းနှီးမြှပ်နှံမယ့် လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားဥပဒေကိုလေ့လာထားဖို့လိုအပ်ပြီး အလုပ်ရှင်၊အလုပ်သမားပြသာနာတွေ ဖြေရှင်းဖို့အတွက်လည်း ဥပဒေကြောင်းအရ တိကျစွာလိုက်နာသင့်သလို အလုပ်သမားတွေ လမ်းပေါ်ထွက်ဆန္ဒပြရခြင်းရဲ့ နောက်ကွယ်ကဖြစ်ရပ်တွေကို သိဖို့လိုအပ်တယ်လို့ အလုပ်သမားသမဂ္ဂများအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU)မှ ဦးရဲနိူင်ဝင်းကပြောပါတယ်။

၂၀၂၀ဇန်နဝါရီကနေ ဇူလိုင်လ၃၁ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်းက စက်ရုံအလုပ်ရုံပေါင်း ၅၆ရုံ ပိတ်သိမ်းခဲ့ပြီး အလုပ်သမားအင်အားလျှော့ချတဲ့စက်ရုံမှာ ၁၇၃ရုံနဲ့ အလုပ်သမားဦးရေ ၄၁၃၉၅ဦးခန့်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည်က သြဂုတ်လ ၃၁ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့ကလည်း အလုပ်ရှင်ထွက်ပြေးသွားတဲ့ လှိုင်သာယာရွှေလင်ဗန်းစက်မှုဇုန်ရှိ SuXing အထည်ချုပ်စက်ရုံကို လေလံတင်ရောင်းချခဲ့ရာ သိန်း၂၇၀သာရရှိခဲ့တဲ့အတွက် အလုပ်သမားတွေ့ကို နစ်နာကြေးပေးဖို့ မလုံလောက်တဲ့အတွက် အလုပ်သမားတွေ ကျေနပ်မှုမရှိဘဲ လေလံပွဲပျက်ခဲ့ရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

အထည္ခ်ဳပ္စက္႐ုံကို ေလလံတင္ေရာင္းခ်ရာ သိန္း၆၇၀သာ ရရွိတဲ့အတြက္ အလုပ္သမားေတြနစ္နာေၾကး တစ္ဝက္သာရရွိ

ရန္ကုန္၊စက္တင္ဘာ ၃၊၂၀၂၀
ေအးခ်မ္းသူ(VOM)

အလုပ္ရွင္ထြက္ေျပးသြားတဲ့ ရန္ကုန္ၿမိဳ႕၊ ေ႐ႊျပည္သာၿမိဳ႕နယ္ရွိ Myanmar Royal Apolloအထည္ခ်ဳပ္စက္႐ုံကို ဒီကေန႔မနက္ပိုင္းက ေလလံတင္ေရာင္းခ်ခဲ့ရာ က်ပ္သိန္း၆၇၀သာရရွိတဲ့အတြက္ အလုပ္သမားေတြနစ္နာေၾကး တစ္ဝက္သာရရွိ​ခဲ့တယ္လို႔ အဲ့ဒီစက္႐ုံကအလုပ္သမားေတြကေျပာပါတယ္။

အဲ့ဒီအထည္ခ်ဳပ္စက္႐ုံက အလုပ္သမားေခါင္းေဆာင္ဦးမင္းေဆြဦးေျပာျပတာကေတာ့ “ကိုဗစ္ကာလလည္းျဖစ္ေနတယ္၊ အဆင္မေျပဘူး၊ ေလလံကလည္း ဒီထက္ေစ်းက ထပ္တိုးေတာင္းလို႔မရေတာ့ဘူး။ ပထမေလလံပြဲကို ဖ်က္မလို႔ ျပန္စဥ္းစားေတာ့ ဖ်က္လိုက္ရင္လည္း ကိုယ္ေတြပဲနစ္နာမွာ”လ္ို႔ ေျပာပါတယ္။

Myanmar Royal Apoloအထည္ခ်ဳပ္စက္႐ုံက ေလလံတင္ေရာင္းခ်ခဲ့တဲ့ပစြည္းေတြကေတာ့ အပ္ခ်ဳပ္စက္မ်ား၊ pattemစက္မ်ား၊ အျခားစက္ပစြည္မ်ားနဲ႔ အေထြေထြပစြည္းမ်ား စုစုေပါင္း ၃၄၈၅ခုကို သိန္း၆၇၀နဲ႔ ေလလံတင္ေရာင္းခ်ခဲ့တာျဖစ္တယ္လို႔ ဦးမင္းေဆြဦးကေျပာပါတယ္။

ေရာင္းခ်ရရွိတဲ့ေငြဟာ အလုပ္သမားဦးေရ ၅၀၀ရရွိမယ့္ နစ္နာေၾကးရဲ႕တစ္ဝက္သာရွိခဲ့တဲ့အတြက္ ေလလံပြဲကိုဖ်က္ဖို႔စီစဥ္ခဲ့ေပမယ့္လည္း ျပန္လည္ညိဳႏႈိင္းမႈေၾကာင့္ ေျပလည္ခဲ့တာျဖစ္ပါတယ္။

ကနဦးအေနနဲ႔ အလုပ္သမားေတြကို ေငြသိန္း ၇၀က်ပ္ေပးခဲ့ၿပီး က်န္တဲ့ေငြ သိန္း၆၀၀ ကိုစက္တင္ဘာ ၈ရက္ေန႔မွာ ထပ္မံေပးအပ္သြားမွာျဖစ္​တယ္လို႔ အလုပ္သမားေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

အလုပ္ရွင္ထြက္ေျပးသြားၿပီး လုပ္ခလစာမရရွိဘဲ အခက္အခဲျဖစ္ေနတဲ့ အလုပ္သမားေတြအေနနဲ႔ ေသြးစည္းညီၫြတ္ေသာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(STUM)မွ တစ္လကို ၁၂၀၀၀၀က်ပ္ႏႈန္းျဖင့္ သုံးလတိတိကူညီခဲ့​တယ္လို႔ STUMအဖြဲ႕မွဒါ႐ိုက္တာ ေဒၚမ်ိဳးမ်ိဳးေအးကေျပာပါတယ္။

“တစ္ခ်ိဳ႕အလုပ္သမားေတြလည္း စက္႐ုံဆင္းေနပါၿပီ၊ တစ္ခ်ိဳ႕က စက္႐ုံမဆင္းခ်င္ေတာ့ဘူး၊ ကိုယ္ပိုင္လုပ္ငန္းေလးလုပ္ခ်င္တယ္၊ ဒါလည္းကြၽန္မတို႔ကူညီေပးခဲ့ပါတယ္”လို႔ ေဒၚမ်ိဳးမ်ိဳးေအးကေျပာပါတယ္။

ျမန္မာႏိူင္ငံကို လာေရာက္ရင္းႏွီးျမႇပ္ႏွံမယ့္ လုပ္ငန္းရွင္ေတြအေနနဲ႔ အလုပ္သမားဥပေဒကိုေလ့လာထားဖို႔လိုအပ္ၿပီး အလုပ္ရွင္၊အလုပ္သမားျပသာနာေတြ ေျဖရွင္းဖို႔အတြက္လည္း ဥပေဒေၾကာင္းအရ တိက်စြာလိုက္နာသင့္သလို အလုပ္သမားေတြ လမ္းေပၚထြက္ဆႏၵျပရျခင္းရဲ႕ ေနာက္ကြယ္ကျဖစ္ရပ္ေတြကို သိဖို႔လိုအပ္​တယ္လို႔ အလုပ္သမားသမဂၢမ်ားအခ်င္းခ်င္းပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ(CCTU)မွ ဦးရဲႏိူင္ဝင္းကေျပာပါတယ္။

၂၀၂၀ဇန္နဝါရီကေန ဇူလိုင္လ၃၁ရက္ေန႔အထိ ရန္ကုန္တိုင္းအတြင္းက စက္႐ုံအလုပ္႐ုံေပါင္း ၅၆႐ုံ ပိတ္သိမ္းခဲ့ၿပီး အလုပ္သမားအင္အားေလွ်ာ့ခ်တဲ့စက္႐ုံမွာ ၁၇၃႐ုံနဲ႔ အလုပ္သမားဦးေရ ၄၁၃၉၅ဦးခန႔္ရွိ​တယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးေဒၚမိုးမိုးစုၾကည္က ၾသဂုတ္လ ၃၁ရက္ေန႔မွာျပဳလုပ္ခဲ့တဲ့ ရန္ကုန္တိုင္းလႊတ္ေတာ္မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃၁ရက္ေန႔ကလည္း အလုပ္ရွင္ထြက္ေျပးသြားတဲ့ လႈိင္သာယာေ႐ႊလင္ဗန္းစက္မႈဇုန္ရွိ SuXing အထည္ခ်ဳပ္စက္႐ုံကို ေလလံတင္ေရာင္းခ်ခဲ့ရာ သိန္း၂၇၀သာရရွိခဲ့တဲ့အတြက္ အလုပ္သမားေတြ႕ကို နစ္နာေၾကးေပးဖို႔ မလုံေလာက္တဲ့အတြက္ အလုပ္သမားေတြ ေက်နပ္မႈမရွိဘဲ ေလလံပြဲပ်က္ခဲ့ရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW