မြေပုံမြို့နယ်မှာ လက်နက်ကြီးကျပြီး ကျောင်းဆရာမနဲ့ ကလေးတစ်ဦးအပါအဝင် (၄) ဦးသေဆုံး

မြေပုံမြို့နယ်မှာ လက်နက်ကြီးကျပြီး ကျောင်းဆရာမနဲ့ ကလေးတစ်ဦးအပါအဝင် (၄) ဦးသေဆုံး

မြေပုံ၊ စက်တင်ဘာ ၈ -၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်မှာ ဒီကနေ့ မနက် ၉ နာရီကျော်လောက်က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ညောင်ကန်ကျေးရွာက ဒေသခံပြည်သူ (၄) ဦးသေဆုံးကာ (၁၀) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီသေဆုံးတဲ့ထဲမှာ အစိုးရဝန်ထမ်း မူလတန်းပြ ကျောင်းဆရာမတစ်ဦးနဲ့ သမီးဖြစ်သူ အသက် (၇) နှစ်အရွယ်ကလေးတစ်ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေဟာ မူလတန်းပြဆရာမ ဒေါ်မိုးသဇင် အသက် (၂၉) နှစ်၊ ကျောင်းဆရာမရဲ့သမီးဖြစ်သူ မသူသူဟိန်း (၇) နှစ်၊ ငြိမ်းချမ်းသူ အသက်(၂၅) နှစ်နဲ့ မောင်သူရအောင် အသက် (၇) နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူ (၁၀) ဦးကတော့ မောင်ရဲကိုကို၊ ဦးမောင်မောင်ထွန်း၊ ကိုညီပု၊ ဦးချမ်းနု၊ မဇင်မာ၊ မချိချိ၊ မဗက်မချေ၊ မသင်းယုလှိုင်၊ မောင်စိုးလင်းထွန်းနဲ့ ဒဏ်ရာရတဲ့ မဇင်မာရဲ့သား အသက် (၁) နှစ်ခန့်အရွယ် ကလေးတစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

မြေပုံမြို့နယ် ညောင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးစံဖေပြောပြတာက ” အမြောက်နဲ့ နှစ်လုံးပူး သုံးကြိမ်ပစ်ပါတယ်။ လက်နက်ကြီးက ရွာထဲမှာကျတာပါ။ လက်နက်ကြီး ကျတာက အားလုံးခြောက်လုံး၊ ရွာထဲမှာ ကျရောက်ပေါက်ကွဲပါတယ်။ သေကြပျောက်ကြတယ်ဆိုတာက ကျနော်တို့ရွာက တောင်စခန်းနဲ့လည်း မပတ်သက်ဘူး။ စစ်ကြောင်းနဲ့လည်း မပတ်သက်ဘူး။ ကျနော်တို့ရွာတွေက စစ်ကြောင်းနယ်မြေတွေလည်းမဟုတ်ဘူး။ ဒီအတိုင်း မြစ်လယ်မှာရှိတဲ့ ကျွန်းလွတ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ဒေသမှာ ကိုယ်လုပ်စားနေတာကို တောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တာကတော့ တကယ့်ကို လွန်ကျူးတာပေါ့။ ပြည်သူတွေကို ထိတ်လန့်အောင်၊ သေစေအောင် ရည်စူးတယ်လို့ပဲသတ်မှတ်ပါတယ်။” လို့ ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက အမ်းမြို့နယ်၊ ဒါးလက်ချောင်းဝက သွေးချောင်းကျေးရွာအနီး တောင်တန်းပေါ်ကနေ လက်နက်ကြီးပစ်ချတာဖြစ်ကြောင်းနဲ့ လက်နက်ကြီးတွေဟာ နေအိမ်တွေကို ကျရောက်ပေါက်ကွဲတာကြောင့် အခုလို သေဆုံးဒဏ်ရာရသူ များပြားတာဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။

ညောင်ကန်ကျေးရွာဟာ အိမ်ခြေ (၄၀၀) ကျော်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး မြေပုံမြို့နဲ့ ကမ်းထောင်းကြီးမြို့ကြားမှာတည်ရှိကာ ဒဏ်ရရာရှိသွားတဲ့သူတွေကို ကမ်းထောင်းကြီး ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်းကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း ဒေသမတည်ငြိမ်မှု စစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုတွေ သေဆုံးဒဏ်ရာရမှု မြှင့်တက်နေတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြေပုံ

Zawgyi

ေျမပုံၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ၿပီး ေက်ာင္းဆရာမနဲ႔ ကေလးတစ္ဦးအပါအဝင္ (၄) ဦးေသဆံုး

ေျမပုံ၊ စက္တင္ဘာ ၈ -၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေျမပုံၿမိဳ႕နယ္မွာ ဒီကေန႔ မနက္ ၉ နာရီေက်ာ္ေလာက္က လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး ေညာင္ကန္ေက်း႐ြာက ေဒသခံျပည္သူ (၄) ဦးေသဆုံးကာ (၁၀) ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြနဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေဟာင္းရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

အဲဒီေသဆုံးတဲ့ထဲမွာ အစိုးရဝန္ထမ္း မူလတန္းျပ ေက်ာင္းဆရာမတစ္ဦးနဲ႔ သမီးျဖစ္သူ အသက္ (၇) ႏွစ္အ႐ြယ္ကေလးတစ္ဦးတို႔ပါဝင္တယ္လို႔ သိရပါတယ္။

ေသဆုံးသြားသူေတြဟာ မူလတန္းျပဆရာမ ေဒၚမိုးသဇင္ အသက္ (၂၉) ႏွစ္၊ ေက်ာင္းဆရာမရဲ႔သမီးျဖစ္သူ မသူသူဟိန္း (၇) ႏွစ္၊ ၿငိမ္းခ်မ္းသူ အသက္(၂၅) ႏွစ္နဲ႔ ေမာင္သူရေအာင္ အသက္ (၇) ႏွစ္တို႔ျဖစ္ၿပီး ဒဏ္ရာရသူ (၁၀) ဦးကေတာ့ ေမာင္ရဲကိုကို၊ ဦးေမာင္ေမာင္ထြန္း၊ ကိုညီပု၊ ဦးခ်မ္းႏု၊ မဇင္မာ၊ မခ်ိခ်ိ၊ မဗက္မေခ်၊ မသင္းယုလႈိင္၊ ေမာင္စိုးလင္းထြန္းနဲ႔ ဒဏ္ရာရတဲ့ မဇင္မာရဲ႕သား အသက္ (၁) ႏွစ္ခန႔္အ႐ြယ္ ကေလးတစ္ဦး ပါဝင္တယ္လို႔ သိရပါတယ္။

ေျမပုံၿမိဳ႕နယ္ ေညာင္ကန္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးစံေဖေျပာျပတာက ” အေျမာက္နဲ႔ ႏွစ္လုံးပူး သုံးႀကိမ္ပစ္ပါတယ္။ လက္နက္ႀကီးက ႐ြာထဲမွာက်တာပါ။ လက္နက္ႀကီး က်တာက အားလုံးေျခာက္လုံး၊ ႐ြာထဲမွာ က်ေရာက္ေပါက္ကြဲပါတယ္။ ေသၾကေပ်ာက္ၾကတယ္ဆိုတာက က်ေနာ္တို႔႐ြာက ေတာင္စခန္းနဲ႔လည္း မပတ္သက္ဘူး။ စစ္ေၾကာင္းနဲ႔လည္း မပတ္သက္ဘူး။ က်ေနာ္တို႔႐ြာေတြက စစ္ေၾကာင္းနယ္ေျမေတြလည္းမဟုတ္ဘူး။ ဒီအတိုင္း ျမစ္လယ္မွာရွိတဲ့ ကြၽန္းလြတ္တစ္ခုျဖစ္ပါတယ္။ ကိုယ့္ေဒသမွာ ကိုယ္လုပ္စားေနတာကို ေတာင္ေပၚကေန လက္နက္ႀကီးေတြနဲ႔ ပစ္တာကေတာ့ တကယ့္ကို လြန္က်ဴးတာေပါ့။ ျပည္သူေတြကို ထိတ္လန႔္ေအာင္၊ ေသေစေအာင္ ရည္စူးတယ္လို႔ပဲသတ္မွတ္ပါတယ္။” လို႔ ေျပာပါတယ္။

ဒီကေန႔မနက္ပိုင္းက အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းဝက ေသြးေခ်ာင္းေက်း႐ြာအနီး ေတာင္တန္းေပၚကေန လက္နက္ႀကီးပစ္ခ်တာျဖစ္ေၾကာင္းနဲ႔ လက္နက္ႀကီးေတြဟာ ေနအိမ္ေတြကို က်ေရာက္ေပါက္ကြဲတာေၾကာင့္ အခုလို ေသဆုံးဒဏ္ရာရသူ မ်ားျပားတာျဖစ္ေၾကာင္း ေဒသခံေတြကေျပာပါတယ္။

ေညာင္ကန္ေက်း႐ြာဟာ အိမ္ေျခ (၄၀၀) ေက်ာ္ရွိတဲ့ ႐ြာႀကီးတစ္႐ြာျဖစ္ၿပီး ေျမပုံၿမိဳ႕နဲ႔ ကမ္းေထာင္းႀကီးၿမိဳ႕ၾကားမွာတည္ရွိကာ ဒဏ္ရရာရွိသြားတဲ့သူေတြကို ကမ္းေထာင္းႀကီး ေဆး႐ုံကိုပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ျပန္းၾကားေရးအဖြဲ႕ ဥကၠဌ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာမရွိပါဘူး။

ရခိုင္ျပည္နယ္တြင္း ေဒသမတည္ၿငိမ္မႈ စစ္ေရးပဋိပကၡအေျခအေနေတြေၾကာင့္ ေဒသခံျပည္သူလူထုေတြ ေသဆုံးဒဏ္ရာရမႈ ျမွင့္တက္ေနတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေျမပံု

Related posts

Leave a Comment

VOM News

FREE
VIEW