NLD အကျီၤဝတ် လူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အဖွဲ့များ ခိုက်ရန်ဖြစ်ပွား

NLD အကျီၤဝတ် လူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အဖွဲ့များ ခိုက်ရန်ဖြစ်ပွား

နေပြည်တော်၊ စက်တင်ဘာ ၁၇-၂၀၂၀
ကိုလတ်(VOM)

စက်တင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်၊ ပုပ္ဗသီရီမြီု့နယ် ၊ သံလွင်လမ်းမကြီး၊ ဘူတာကြီး(နေပြည်တော်) အနီး ၊သစ်ယာကုန်းကျေးရွာအလွန်မှာ မနေ့ စက်တင်ဘာ ၁၆ရက်နေ့က NLD အကျီၤဝတ်ထားတဲ့ လူငယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်အဖွဲ့များ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်တဲ့နေရာက လမ်းမကြီးဘေးမှာ NLD အင်္ကျီဝတ်ထားတဲ့ လူငယ်တွေနွားကျောင်းနေချိန် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တန်း ဖြတ်သန်းသွားတဲ့အခါ
အပြန်အလှန် စနောက်ခဲ့ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ ဇေယျာသီရီက ကျွန်တော်ပြန်လာတဲ့အချိန်မှာ သူတို့က ကလေးတွေကို ယာဉ်တန်းပေါ် က ဆင်းပြီးတော့ ရိုက်တယ်ဆိုပြီး ဖုန်းဆက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က ရွာတော် မီးပွိုင့်နားလောက်ရောက်နေပြီ ။ ကျွန်တော်ကလည်း အိမ်ကို အဲ့ဒီလမ်းအတိုင်းပြန်လာတာဆိုတော့ အဲ့နားရောက်တဲ့အခါ ကလေးတွေ တွေ့တယ်။ ဘေးနားပတ်ဝန်းကျင်ကလူတွေလည်း အများကြီး တွေ့တယ်။ ပြည်ခိုင်ဖြိုးက စည်းရုံးရေးမှူးတစ်ယောက်ကို ဝိုင်းထားတာတွေ့တယ်။ အဲ့တော့ တာဝန်ရှိတဲ့သူတွေကို ခေါ်လိုက်တယ်။ မြို့နယ်ထွေအုပ်တို့၊ မြို့နယ် ရဲစခန်းမှူးတို့၊ ရဲ မြို့နယ်မှူးတို့ရောက်လာတယ်။ ရောက်လာတော့ သူတို့က ဖြစ်စဉ်ကို မေးမြန်းတယ်။ အဲ့ အချိန်မှာ ကလေးးတွေက နွားကျောင်းနေတာ ဖြစ်တယ်။ ကျောင်းသားလေးတွေ နွားကျောင်းနေတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက လှုံံ့ဆော်ရေးယာဉ်တန်းက ဖြတ်သွားတယ်။ စ ကြတယ်။ နောက် ကြတယ်လို့ ပြောကြတယ်။စ နောက် ကြပြီးတော့ ပြန်ပြောကြတယ်။ အဲ့ကနေ စ ဖြစ်ကြတယ်လို့ သိရတယ်”လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ ကပြောပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ခဲ့ကာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့ ပြောဆိုပေးခဲ့တယ်လို့ ဦးမောင်မောင်ဆွေကပြောပါတယ်။

ခိုက်ရန်ဖြစ်ပွားနေချိန် အနီးရှိရွာ ဒေသခံတွေက တုတ်၊ ဓားရှည်၊ လှံတွေနဲ့လာရောက်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ရန်ပြုမှုမျာ ပြုလုပ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ဒေါ်ယဉ်မင်းမြင့်ဆွေရေးသားထားတာကတော့ နေပြည်တော်၊ ဘူတာကြီး အနားအရောက် NLD အင်္ကျီဝတ် လူငယ် ၃ ဦးမှ ယာဉ်တန်းကို လေးခွနဲ့ပစ်ခတ်ခဲ့ကြောင်း၊ ယာဉ်တန်းမှ တာဝန်ရှိသူများက မနှောင့်ယှက်ရန် တားမြစ်ခဲ့ကြောင်း၊ တဖက်မှ ကိုယ်ထိလက်ရောက် စတင်ကျူးလွန်ခဲ့ကြောင်း၊ (ကြိုတင်ပြင်ဆင်ထားသည်ဟု ယူဆရသော) လူအင်အား ၁၀၀ ခန့်က ဓားရှည်၊ လှံ၊ တုတ်များနှင့် တိုက်ခိုက်ခဲ့ကြောင်း၊ ပါတီယာဉ်တန်းမှ ဝန်းရံသူ ၆ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

အခုလိုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်း ၊ ကလေးတွေရဲ့မိဘဖြစ်သူနဲ့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေကို ဖုန်းဆက်မေးမြန်းပေမယ့်လည်း ဖုန်းကိုင်ဖြင်းမရှိခဲ့ပါဘူး။

Photo – ဦးမောင်မောင်ဆွေ(FB)
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

NLD အက်ီၤ၀တ္ လူငယ္မ်ားနွင့္ ျပည္ခိုင္ၿဖိဳးပါတီ၀င္ အဖြဲ႔မ်ား ခိုက္ရန္ျဖစ္ပြား

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၇-၂၀၂၀
ကိုလတ္(VOM)

စက္တင္ဘာလ ၁၆ ရက္ေန႔က ေနျပည္ေတာ္၊ ပုပၺသီရီၿမီဳ႕နယ္ ၊ သံလြင္လမ္းမႀကီး၊ ဘူတာႀကီး(ေနျပည္ေတာ္) အနီး ၊သစ္ယာကုန္းေက်းရြာအလြန္မွာ မေန႔ စက္တင္ဘာ ၁၆ရက္ေန႔က NLD အက်ီၤ၀တ္ထားတဲ့ လူငယ္ေတြနဲ႔ ျပည္ခိုင္ၿဖိဳးပါတီ၀င္အဖြဲ႔မ်ား ခိုက္ရန္ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္ျဖစ္တဲ့ေနရာက လမ္းမႀကီးေဘးမွာ NLD အက်ၤီ၀တ္ထားတဲ့ လူငယ္ေတြႏြားေက်ာင္းေနခ်ိန္ ျပည္ခိုင္ၿဖိဳးပါတီ မဲဆြယ္စည္းရံုးေရးယာဥ္တန္း ျဖတ္သန္းသြားတဲ့အခါ
အျပန္အလွန္ စေနာက္ခဲ့ရာကေန ခိုက္ရန္ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

“ ေဇယ်ာသီရီက ကၽြန္ေတာ္ျပန္လာတဲ့အခ်ိန္မွာ သူတုိ႔က ကေလးေတြကို ယာဥ္တန္းေပၚ က ဆင္းၿပီးေတာ့ ရိုက္တယ္ဆိုၿပီး ဖုန္းဆက္တယ္။ အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ္က ရြာေတာ္ မီးပြိဳင့္နားေလာက္ေရာက္ေနၿပီ ။ ကၽြန္ေတာ္ကလည္း အိမ္ကို အဲ့ဒီလမ္းအတိုင္းျပန္လာတာဆိုေတာ့ အဲ့နားေရာက္တဲ့အခါ ကေလးေတြ ေတြ႔တယ္။ ေဘးနားပတ္၀န္းက်င္ကလူေတြလည္း အမ်ားႀကီး ေတြ႔တယ္။ ျပည္ခိုင္ၿဖိဳးက စည္းရံုးေရးမွဴးတစ္ေယာက္ကို ၀ိုင္းထားတာေတြ႔တယ္။ အဲ့ေတာ့ တာ၀န္ရွိတဲ့သူေတြကို ေခၚလိုက္တယ္။ ၿမိဳ႕နယ္ေထြအုပ္တို႔၊ ၿမိဳ႕နယ္ ရဲစခန္းမွဴးတို႔၊ ရဲ ၿမိဳ႕နယ္မွဴးတို႔ေရာက္လာတယ္။ ေရာက္လာေတာ့ သူတို႔က ျဖစ္စဥ္ကို ေမးျမန္းတယ္။ အဲ့ အခ်ိန္မွာ ကေလးးေတြက ႏြားေက်ာင္းေနတာ ျဖစ္တယ္။ ေက်ာင္းသားေလးေတြ နြားေက်ာင္းေနတဲ့အခ်ိန္မွာ ျပည္ခိုင္ၿဖိဳးက လႈံံ႔ေဆာ္ေရးယာဥ္တန္းက ျဖတ္သြားတယ္။ စ ၾကတယ္။ ေနာက္ ၾကတယ္လို႔ ေျပာၾကတယ္။စ ေနာက္ ၾကၿပီးေတာ့ ျပန္ေျပာၾကတယ္။ အဲ့ကေန စ ျဖစ္ၾကတယ္လို႔ သိရတယ္”လို႔ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေဆြ ကေျပာပါတယ္။

ျဖစ္စဥ္နွင့္ပတ္သက္ၿပီး ထိခုိက္ဒဏ္ရာရရွိသူေတြကို ေဆးရံုပုိ႔ေဆာင္ခဲ႔ကာ ဥပေဒအတိုင္း အေရးယူေဆာင္ရြက္ႏုိင္ဖို႔ ေျပာဆိုေပးခဲ႔တယ္လို႔ ဦးေမာင္ေမာင္ေဆြကေျပာပါတယ္။

ခိုက္ရန္ျဖစ္ပြားေနခ်ိန္ အနီးရွိရြာ ေဒသခံေတြက တုတ္၊ ဓားရွည္၊ လွံေတြနဲ႔လာေရာက္ၿပီး ျပည္ခိုင္ၿဖိဳးပါတီ၀င္ေတြကို ရန္ျပဳမႈမ်ာ ျပဳလုပ္ခဲ့ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚယဥ္မင္းျမင့္ေဆြရဲ႔ လူမႈကြန္ယက္စာမ်က္နွာေပၚမွာ ေရးသားထားတာကိုေတြ႕ရပါတယ္။

ေဒၚယဥ္မင္းျမင့္ေဆြေရးသားထားတာကေတာ့ ေနျပည္ေတာ္၊ ဘူတာႀကီး အနားအေရာက္ NLD အက်ၤီ၀တ္ လူငယ္ ၃ ဦးမွ ယာဥ္တန္းကို ေလးခြနဲ႔ပစ္ခတ္ခဲ့ေၾကာင္း၊ ယာဥ္တန္းမွ တာ၀န္ရွိသူမ်ားက မေနွာင့္ယွက္ရန္ တားျမစ္ခဲ့ေၾကာင္း၊ တဖက္မွ ကိုယ္ထိလက္ေရာက္ စတင္က်ဴးလြန္ခဲ့ေၾကာင္း၊ (ႀကိဳတင္ျပင္ဆင္ထားသည္ဟု ယူဆရေသာ) လူအင္အား ၁၀၀ ခန္႔က ဓားရွည္၊ လွံ၊ တုတ္မ်ားႏွင့္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ပါတီယာဥ္တန္းမွ ၀န္းရံသူ ၆ ဦး ျပင္းထန္စြာဒဏ္ရာရရွိခဲ့ေၾကာင္း ေရးသားထားတာကို ေတြ႕ရပါတယ္။

အခုလိုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာ ရဲစခန္း ၊ ကေလးေတြရဲ႔မိဘျဖစ္သူနဲ႔ ျပည္ခိုင္ၿဖိဳးပါတီေျပာေရးဆိုခြင့္ရွိသူ ေဒၚယဥ္မင္းျမင့္ေဆြကို ဖုန္းဆက္ေမးျမန္းေပမယ့္လည္း ဖုန္းကိုင္ျဖင္းမရွိခဲ့ပါဘူး။

Photo – ဦးေမာင္ေမာင္ေဆြ(FB)
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW