ကိုဗစ်၁၉ ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့မရှိ

UEC

ကိုဗစ်၁၉ ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့မရှိ

မန္တလေး-စက်တင်ဘာ ၁၉-၂၀၂၀
နေလင်း(VOM)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဦးဆောင်ပြီး ယူနက်စကိုရဲ့ ပံပိုးကူညီမှုနဲ့ ကျင်းပတဲ့ ” ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ” အွန်လိုင်းဆွေးနွေးပွဲမှာ ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ကိုဗစ်၁၉ ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့မရှိဘူး
လို့ VOM ရဲ့ အမေးကို ဖြေကြားလိုက်တာဖြစ်ပါတယ်။

“ပါတီ ၂၄ ပါတီက လက်မှတ်ထိုးတင်ပြတာတွေရှိသလို တချို့ပါတီငယ်တွေက ရွေးကောက်ပွဲရွေ့သင့်တယ်ပြောကြတာတွေရှိပါတယ်၊သူတို့ကကိုဗစ်အတွက်စိုးရိမ်ကြောင်းပဲပြောတယ်၊ ကျနော်တို့က မဲထည့်မယ့်သူတွေအတွက် လုံခြုံမှုရှိအောင် စိုးရိမ်မှုမရှိအောင်လုပ်ထားပါတယ်။ ဒီလိုတွေ ကြိုတင်လုပ်ထားတာမို့ ကိုဗစ်ကြောင့် ရွေးကောက်ပွဲ ရွေ့မယ့်အစီအစဉ်မရှိပါဘူးလို့ “ ပြောပါတယ် ။

Stay at home သတ်မှတ်ထားတဲ့နေရာမှာ မဲဆွယ်စည်းရုံးခွင့်ကိုတော့ Online ကနေမဲဆွယ်လို့ရကြောင်း၊ ရွေးကောက်ပွဲမဲဆွယ်တဲ့နေရာမှာ ပါတီစည်းရုံးရေးနဲ့ ကိုယ်စားလှယ်စည်းရုံးရေး ၂ပိုင်းရှိကြောင်း ၊ ဒီနေရာမှာ ဝန်းရံသူတွေရဲ့ အသုံးစရိတ်ဟာ ကိုယ်စားလှယ်အသုံးစရိတ်နဲ့ မဆိုင်ကြောင်း၊ ဝန်းရံသူတွေက ကုန်ကျတာနဲ့ ကိုယ်စားလှယ်က သုံးစွဲတာ မတူကြောင်းနဲ့ ပုံစံ ၁၀ ကိုသေချာလေ့လာ ကြဖို့လည်း ဦးမြင့်နိုင်ကပြောပါတယ်။

ကိုယ်စားလှယ်တွေ လူ့မှုကွန်ယက်စာမျက်နှာအသုံးပြုပြီး သုံးတဲ့ အသုံးစရိတ်တွေကိုတော့ ဖေ့ဘုတ်အဖွဲ့နဲ့ ပူးပေါင်းအချက်လက်ရယူမယ်လို့သိရပါတယ်။ မဲပေးတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ မဲဆန္ဒရှင်တွေ အတွက် ကျမ္မာရေး မစိုးရိမ်ရအောင် ကျမ္မာရေးနဲ့ အားကစားဝန်ကြီးဌာန က အသေးစိတ်ဆောင်ရွက်ထားသလို မဲရုံအကျယ်အဝန်းရှိတာတွေကို သေချာစိစစ်ရွေးထားပြီး ၊ မဲရုံတစ်ရုံမှာ မဲပေးမယ့်သူ ၃ထောင်အောက်ပေးဖို့နဲ့ မဲရုံပေါင်း ၅သောင်းဝန်းကျင် စီမံထားတယ်လို့ပြောပါတယ်။

မဲပေးသူတွေ အချိန်လုံလောက်မှုရှိအောင်၊ လွတ်လပ်စွာမဲပေးနိုင်အောင်၊ မဲရုံမှူးတွေ ၊ ဝန်ထမ်းတွေကိုလည်း အန္တရာယ်ကင်းအောင်စီစဉ်ထားပြီးဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက ရှင်းပြပါတယ်။

နယ်မြေအေးချမ်းမှုမရှိတဲ့ ဒေသတွေက မဲရုံတွေအတွက် ဘယ်လိုစဉ်းစားထားလဲဆိုတဲ့VOM ရဲ့ အမေးကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ လုံခြုံရေးအပိုင်းကိုတော့ ပြည်ထဲရေးတာ အကုန်တာဝန်ယူထားပါတယ်။ ရွေးကောက်ပွဲ အမှန်တကယ်လုပ်ဖြစ်မယ့် မဲဆန္ဒနယ် စာရင်းကိုတော့ အောက်တိုဘာလဆန်းမှ ကြေငြာပါ့မယ်” လို့ ဖြေပါတယ်။

ပြည်ပရောက် မြန်မာတွေ မဲပေးလို့ရအောင် ဆန္ဒမဲပေးဖို့ ပုံစံ ၁၅ နဲ့တောင်းခံနိုင်ပြီး လက်ရှိမဲလက်မှတ် ၁သိန်းကျော်ရှိ ၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သိရိလင်္ကာ ၊ နီပေါ၊ စတဲ့ ၁၀နိုင်ငံကို ပေးပို့ပြီးဖြစ်သလို တရားဝင်ပြည်ပမှာနေထိုင်သူတွေအနေနဲ့ သံရုံးတွေနဲ့ ချိတ်ဆက်ပြီး မဲပေခွင့်မဆုံးရှုံးအောင် စီစဉ်ထားကြောင်းလည်းပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်ကတော့
“ ဒီကနေ့ ဆွေးနွေးပွဲရဲ့ရည်ရွယ်ချက်ဟာ ပြည်သူ့ဆန္ဒတွေအရ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိမရှိကို အားလုံးသိချင်တာကို ရည်စူးကျင်းပပေးတာဖြစ်လို့ ပွင့်လင်းစွာမေးနိုင်အောင်စီစဉ်ပေးပါတယ်။ ဒီမိုကရေစီဟာ သတင်းလွှတ်လပ်ခွင့်နဲ့ ယှဉ်တာမို့ သတင်းလွတ်လပ်ခွင့်ဟာအရေးကြီးပြီး ဒီနေ့ပွဲဟာ အားရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ မီဒီယာကိုကြောက်နေပုံပေါ်သလို ဝန်ထမ်းအများစုသတင်းသမားကြောက်ရောဂါစွဲနေပါတယ်။ ဒါပျောက်ရင် ဒီမိုကရေစီပီပြင်ပြီ” လို့ နိဂုံးချုပ်အမှာစကားပြောသွားပါတယ်။

မနက်ဖြန် စက်တင်ဘာ ၂၀ ရက် မနက် ၁၀နာရီကနေ ၁၂ နာရီထိမှာလည်း ဒီနေ့လို ဆွေးနွေးပွဲမျိုး ထပ်မံပြုလုပ်သွားမယ်လို့ ကြေငြာထားပါတယ်။

#voiceofmyanmar #VOM #ရွေးကောက်ပွဲကော်မရှင်

Zawgyi

ကိုဗစ္၁၉ ေရာဂါေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ႊဆိုင္းဖို႔မရွိ

မႏၲေလး-စက္တင္ဘာ ၁၉-၂၀၂၀
ေနလင္း(VOM)

ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီနဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္တို႔ ဦးေဆာင္ၿပီး ယူနက္စကိုရဲ႕ ပံပိုးကူညီမႈနဲ႔ က်င္းပတဲ့ ” ၂၀၂၀ ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲႏွင့္ သတင္းမီဒီယာမ်ား၏အခန္းက႑” အြန္လိုင္းေဆြးေႏြးပြဲမွာ ေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ကိုဗစ္၁၉ ေရာဂါေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ႊဆိုင္းဖို႔မရွိဘူး
လို႔ VOM ရဲ႕ အေမးကို ေျဖၾကားလိုက္တာျဖစ္ပါတယ္။

“ပါတီ ၂၄ ပါတီက လက္မွတ္ထိုးတင္ျပတာေတြရွိသလို တခ်ိဳ႕ပါတီငယ္ေတြက ေ႐ြးေကာက္ပြဲေ႐ြ႕သင့္တယ္ေျပာၾကတာေတြရွိပါတယ္၊သူတို႔ကကိုဗစ္အတြက္စိုးရိမ္ေၾကာင္းပဲေျပာတယ္၊ က်ေနာ္တို႔က မဲထည့္မယ့္သူေတြအတြက္ လုံၿခဳံမႈရွိေအာင္ စိုးရိမ္မႈမရွိေအာင္လုပ္ထားပါတယ္။ ဒီလိုေတြ ႀကိဳတင္လုပ္ထားတာမို႔ ကိုဗစ္ေၾကာင့္ ေ႐ြးေကာက္ပြဲ ေ႐ြ႕မယ့္အစီအစဥ္မရွိပါဘူးလို႔ “ ေျပာပါတယ္ ။

Stay at home သတ္မွတ္ထားတဲ့ေနရာမွာ မဲဆြယ္စည္း႐ုံးခြင့္ကိုေတာ့ Online ကေနမဲဆြယ္လို႔ရေၾကာင္း၊ ေ႐ြးေကာက္ပြဲမဲဆြယ္တဲ့ေနရာမွာ ပါတီစည္း႐ုံးေရးနဲ႔ ကိုယ္စားလွယ္စည္း႐ုံးေရး ၂ပိုင္းရွိေၾကာင္း ၊ ဒီေနရာမွာ ဝန္းရံသူေတြရဲ႕ အသုံးစရိတ္ဟာ ကိုယ္စားလွယ္အသုံးစရိတ္နဲ႔ မဆိုင္ေၾကာင္း၊ ဝန္းရံသူေတြက ကုန္က်တာနဲ႔ ကိုယ္စားလွယ္က သုံးစြဲတာ မတူေၾကာင္းနဲ႔ ပုံစံ ၁၀ ကိုေသခ်ာေလ့လာ ၾကဖို႔လည္း ဦးျမင့္ႏိုင္ကေျပာပါတယ္။

ကိုယ္စားလွယ္ေတြ လူ႔မႈကြန္ယက္စာမ်က္ႏွာအသုံးျပဳၿပီး သုံးတဲ့ အသုံးစရိတ္ေတြကိုေတာ့ ေဖ့ဘုတ္အဖြဲ႕နဲ႔ ပူးေပါင္းအခ်က္လက္ရယူမယ္လို႔သိရပါတယ္။ မဲေပးတဲ့ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ မဲဆႏၵရွင္ေတြ အတြက္ က်မၼာေရး မစိုးရိမ္ရေအာင္ က်မၼာေရးနဲ႔ အားကစားဝန္ႀကီးဌာန က အေသးစိတ္ေဆာင္႐ြက္ထားသလို မဲ႐ုံအက်ယ္အဝန္းရွိတာေတြကို ေသခ်ာစိစစ္ေ႐ြးထားၿပီး ၊ မဲ႐ုံတစ္႐ုံမွာ မဲေပးမယ့္သူ ၃ေထာင္ေအာက္ေပးဖို႔နဲ႔ မဲ႐ုံေပါင္း ၅ေသာင္းဝန္းက်င္ စီမံထားတယ္လို႔ေျပာပါတယ္။

မဲေပးသူေတြ အခ်ိန္လုံေလာက္မႈရွိေအာင္၊ လြတ္လပ္စြာမဲေပးႏိုင္ေအာင္၊ မဲ႐ုံမႉးေတြ ၊ ဝန္ထမ္းေတြကိုလည္း အႏၲရာယ္ကင္းေအာင္စီစဥ္ထားၿပီးျဖစ္တယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ေတြက ရွင္းျပပါတယ္။

နယ္ေျမေအးခ်မ္းမႈမရွိတဲ့ ေဒသေတြက မဲ႐ုံေတြအတြက္ ဘယ္လိုစဥ္းစားထားလဲဆိုတဲ့VOM ရဲ႕ အေမးကိုေတာ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က “ လုံၿခဳံေရးအပိုင္းကိုေတာ့ ျပည္ထဲေရးတာ အကုန္တာဝန္ယူထားပါတယ္။ ေ႐ြးေကာက္ပြဲ အမွန္တကယ္လုပ္ျဖစ္မယ့္ မဲဆႏၵနယ္ စာရင္းကိုေတာ့ ေအာက္တိုဘာလဆန္းမွ ေၾကျငာပါ့မယ္” လို႔ ေျဖပါတယ္။

ျပည္ပေရာက္ ျမန္မာေတြ မဲေပးလို႔ရေအာင္ ဆႏၵမဲေပးဖို႔ ပုံစံ ၁၅ နဲ႔ေတာင္းခံႏိုင္ၿပီး လက္ရွိမဲလက္မွတ္ ၁သိန္းေက်ာ္ရွိ ၊ တ႐ုတ္၊ အိႏၵိယ၊ ပါကစၥတန္၊ သိရိလကၤာ ၊ နီေပါ၊ စတဲ့ ၁၀ႏိုင္ငံကို ေပးပို႔ၿပီးျဖစ္သလို တရားဝင္ျပည္ပမွာေနထိုင္သူေတြအေနနဲ႔ သံ႐ုံးေတြနဲ႔ ခ်ိတ္ဆက္ၿပီး မဲေပခြင့္မဆုံးရႈံးေအာင္ စီစဥ္ထားေၾကာင္းလည္းေျပာပါတယ္။

ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ ဥကၠ႒ ဦးအုန္းႀကိဳင္ကေတာ့
“ ဒီကေန႔ ေဆြးေႏြးပြဲရဲ႕ရည္႐ြယ္ခ်က္ဟာ ျပည္သူ႔ဆႏၵေတြအရ ေ႐ြးေကာက္ပြဲဟာ ပြင့္လင္းျမင္သာမႈရွိမရွိကို အားလုံးသိခ်င္တာကို ရည္စူးက်င္းပေပးတာျဖစ္လို႔ ပြင့္လင္းစြာေမးႏိုင္ေအာင္စီစဥ္ေပးပါတယ္။ ဒီမိုကေရစီဟာ သတင္းလႊတ္လပ္ခြင့္နဲ႔ ယွဥ္တာမို႔ သတင္းလြတ္လပ္ခြင့္ဟာအေရးႀကီးၿပီး ဒီေန႔ပြဲဟာ အားရပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ မီဒီယာကိုေၾကာက္ေနပုံေပၚသလို ဝန္ထမ္းအမ်ားစုသတင္းသမားေၾကာက္ေရာဂါစြဲေနပါတယ္။ ဒါေပ်ာက္ရင္ ဒီမိုကေရစီပီျပင္ၿပီ” လို႔ နိဂုံးခ်ဳပ္အမွာစကားေျပာသြားပါတယ္။

မနက္ျဖန္ စက္တင္ဘာ ၂၀ ရက္ မနက္ ၁၀နာရီကေန ၁၂ နာရီထိမွာလည္း ဒီေန႔လို ေဆြးေႏြးပြဲမ်ိဳး ထပ္မံျပဳလုပ္သြားမယ္လို႔ ေၾကျငာထားပါတယ္။

#voiceofmyanmar #VOM #ေ႐ြးေကာက္ပြဲေကာ္မရွင္

Related posts

Leave a Comment

VOM News

FREE
VIEW