မျှစ်ချိုးသွားတဲ့ အမျိုးသမီး၃ဦး မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦးသေ ၊ ၂ဦး ဒဏ်ရာရ

မျှစ်ချိုးသွားတဲ့ အမျိုးသမီး၃ဦး မြေမြုပ်မိုင်းနင်းမိပြီး တစ်ဦးသေ ၊ ၂ဦး ဒဏ်ရာရ

ပလက်၀ ၊ စက်တင်ဘာ ၁၉-၂၀၂၀
ကိုတိုးကြီး (VOM)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ ၊ မြို့မရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီး ၃ဦးဟာ မနေ့စက်တင်ဘာ ၁၈ရက်မနက်ပိုင်းက တောအတွင်း မျှစ်ချိုးသွားရာကနေ မြေမြုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး၁ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကျန် အမျိုးသမီး ၂ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပလက်ဝမြို့ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

“ ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ခြမ်း ပလက်ဝနဲ့ဆို ၄ – ၅ ဖာလုံလောက်ပဲဝေးမှာပါ ၊ မိုင်းပေါက်ကွဲတဲ့ နေရာမှာတင် သေဆုံးသွားသူက ပလက်၀ ၊ မြို့မရပ်ကွက်ထဲမှာနေတဲ့ ရခိုင်တိုင်းရင်းသူ အသက် (၄၀) နှစ် ဒေါ်မေနုသိန်း ဖြစ်တယ် ၊ သူနဲ့အတူ မျှစ်ချိုးအဖော်လိုက်သွားတဲ့ ရခိုင်တိုင်းရင်းသူနှစ်ယောက်လည်းပါတယ် ၊ ပလက်ဝဆေးရုံမှာပါ ၊ တစ်ယောက်ကတော့ စောစောပိုင်းက သတိမရဘူး ၊ အခုတော့ သတိရပါပြီ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး ၊ ကျန်တဲ့နှစ်ယောက်လုံး ကောင်းပါတယ်” လို့ တိုက်ပွဲရှောင်စခန်းမှာ လူမှုကူညီရေး လုပ်ကိုင်ပေးနေသူ ဦးဇာဏီက ပြောပါတယ်။

မြေမြုပ်မိုင်း ပေါက်ကွဲခဲ့တဲ့နေရာဟာ ပလက်ဝမြို့နဲ့ သိပ်မဝေးတာကြောင့် မိုင်းပေါက်ကွဲသံကို ပလက်ဝဒေသခံပြည်သူတွေက ကြားလိုက်ရတယ်လို့ ပြောပါတယ်။

အရင်က တပ်မတော်နှင့် အေအေတို့ရဲ့ တိုက်ပွဲထိတွေ့မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပေမယ့် အခုလို မြို့နဲ့ အနီးစပ်ဆုံး နေရာတွေမှာ မြေမြုပ်မိုင်းပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်တွေမရှိခဲ့ဘူးလို့လည်း သိရပါတယ် ။

အခုပေါက်ကွဲခဲ့တဲ့ မြေမြုပ်မိုင်းဟာ ဘယ်အဖွဲ့အစည်းကပြုလုပ်ထားတယ်ဆိုတာကို မသိရပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းအကြားမှာ ၂၀၂၀ ဇူလိုင် ကစလို့ တပ်မတော်နဲ့ အေအေတို့ဟာ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်လျက်ရှိပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေလည်း ရှိပါတယ်။

“ နှစ်ဘက် တိုက်ပွဲတွေကတော့ မကြာမကြာဖြစ်တယ် ၊ အခုလို မြို့နဲ့ အနီးစပ်ဆုံး နေရာတွေမှာ မိုင်းထောင်ပြီး တိုက်ခိုက်တာ မရှိဘူး ၊ မြို့နဲ့ အနီးစပ်ဆုံး နေရာတွေကိုလာပြီး မိုင်းထောင်တဲ့ နည်းလမ်းနဲ့ စစ်ဆင်ရေးလုပ်တာဟာ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ် သူတို့လိုချင်တဲ့ ပစ်မှတ်ကို မရောက်ဘူး ၊ ဒေသခံပြည်သူတွေပဲ ထိခိုက်ရတာ ” လို့ ပလက်ဝဒေသခံ မြို့မိမြိုဖတစ်ဦးကပြောပါတယ်။

အဲ့ဒီလို တိုက်ပွဲထိတွေ့မှုတွေကြောင့် ဒေသခံ ပြည်သူတစ်သောင်းကျော်ဟာ တိုက်ပွဲရှောင် စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင် ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ရဲ့ စာရင်းတွေအရ ပလက်၀ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၉၀၀) ကျော်၊ မီးဇာကျေးရွာ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၀၀၀) ကျော်နဲ့ စိမ့်စင်းကျေးရွာ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၀၀) နီးပါးခန့် ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၀ ဇန်နဝါရီ ၁ ရက်နေ့ ကနေ စက်တင်ဘာ ၁၈ရက်အတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းအကြား စစ်ရေးထိတွေ့မှု အကြိမ်ပေါင်း (၂၀) ဝန်းကျင်ရှိတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပလက်၀ #မြေမြုပ်မိုင်း #လူသေဆုံး

Zawgyi

မွ်စ္ခ်ိဳးသြားတဲ့ အမ်ိဳးသမီး၃ဦး ေျမျမဳပ္မိုင္းနင္းမိၿပီး တစ္ဦးေသ ၊ ၂ဦး ဒဏ္ရာရ

ပလက္၀ ၊ စက္တင္ဘာ ၁၉-၂၀၂၀
ကိုတိုးႀကီး (VOM)

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕ ၊ ၿမိဳ႕မရပ္ကြက္မွာေနထိုင္တဲ့ အမ်ိဳးသမီး ၃ဦးဟာ မေန႔စက္တင္ဘာ ၁၈ရက္မနက္ပိုင္းက ေတာအတြင္း မွ်စ္ခ်ိဳးသြားရာကေန ေျမျမဳပ္မိုင္းနင္းမိၿပီး ေပါက္ကြဲခဲ့တာေၾကာင့္ အမ်ိဳးသမီး၁ဦး ေနရာမွာတင္ ေသဆုံးခဲ့ၿပီး က်န္ အမ်ိဳးသမီး ၂ဦးလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ပလက္၀ၿမိဳ႕ေဒသခံေတြ ေျပာျပခ်က္အရ သိရပါတယ္။

“ ကုလားတန္ျမစ္ရဲ႕ အေရွ႕ဘက္ျခမ္း ပလက္၀နဲ႔ဆို ၄ – ၅ ဖာလုံေလာက္ပဲေဝးမွာပါ ၊ မိုင္းေပါက္ကြဲတဲ့ ေနရာမွာတင္ ေသဆုံးသြားသူက ပလက္၀ ၊ ၿမိဳ႕မရပ္ကြက္ထဲမွာေနတဲ့ ရခိုင္တိုင္းရင္းသူ အသက္ (၄၀) ႏွစ္ ေဒၚေမႏုသိန္း ျဖစ္တယ္ ၊ သူနဲ႔အတူ မွ်စ္ခ်ိဳးအေဖာ္လိုက္သြားတဲ့ ရခိုင္တိုင္းရင္းသူႏွစ္ေယာက္လည္းပါတယ္ ၊ ပလက္၀ေဆး႐ုံမွာပါ ၊ တစ္ေယာက္ကေတာ့ ေစာေစာပိုင္းက သတိမရဘူး ၊ အခုေတာ့ သတိရပါၿပီ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနမရွိဘူး ၊ က်န္တဲ့ႏွစ္ေယာက္လုံး ေကာင္းပါတယ္” လို႔ တိုက္ပြဲေရွာင္စခန္းမွာ လူမႈကူညီေရး လုပ္ကိုင္ေပးေနသူ ဦးဇာဏီက ေျပာပါတယ္။

ေျမျမဳပ္မိုင္း ေပါက္ကြဲခဲ့တဲ့ေနရာဟာ ပလက္၀ၿမိဳ႕နဲ႔ သိပ္မေဝးတာေၾကာင့္ မိုင္းေပါက္ကြဲသံကို ပလက္ဝေဒသခံျပည္သူေတြက ၾကားလိုက္ရတယ္လို႔ ေျပာပါတယ္။

အရင္က တပ္မေတာ္ႏွင့္ ေအေအတို႔ရဲ႕ တိုက္ပြဲထိေတြ႕မႈေတြ မၾကာခဏ ျဖစ္ပြားေလ့ရွိေပမယ့္ အခုလို ၿမိဳ႕နဲ႔ အနီးစပ္ဆုံး ေနရာေတြမွာ ေျမျမဳပ္မိုင္းေပါက္ကြဲခဲ့တဲ့ ျဖစ္စဥ္ေတြမရွိခဲ့ဘူးလို႔လည္း သိရပါတယ္ ။

အခုေပါက္ကြဲခဲ့တဲ့ ေျမျမဳပ္မိုင္းဟာ ဘယ္အဖြဲ႕အစည္းကျပဳလုပ္ထားတယ္ဆိုတာကို မသိရေပမယ့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းအၾကားမွာ ၂၀၂၀ ဇူလိုင္ ကစလို႔ တပ္မေတာ္နဲ႔ ေအေအတို႔ဟာ စစ္ေရးတင္းမာမႈေတြ ျဖစ္ေပၚလ်က္ရွိၿပီး မၾကာခဏ တိုက္ပြဲျဖစ္ပြားတာေတြလည္း ရွိပါတယ္။

“ ႏွစ္ဘက္ တိုက္ပြဲေတြကေတာ့ မၾကာမၾကာျဖစ္တယ္ ၊ အခုလို ၿမိဳ႕နဲ႔ အနီးစပ္ဆုံး ေနရာေတြမွာ မိုင္းေထာင္ၿပီး တိုက္ခိုက္တာ မရွိဘူး ၊ ၿမိဳ႕နဲ႔ အနီးစပ္ဆုံး ေနရာေတြကိုလာၿပီး မိုင္းေထာင္တဲ့ နည္းလမ္းနဲ႔ စစ္ဆင္ေရးလုပ္တာဟာ ဘယ္အဖြဲ႕အစည္းကပဲ လုပ္လုပ္ သူတို႔လိုခ်င္တဲ့ ပစ္မွတ္ကို မေရာက္ဘူး ၊ ေဒသခံျပည္သူေတြပဲ ထိခိုက္ရတာ ” လို႔ ပလက္ဝေဒသခံ ၿမိဳ႕မိၿမိဳဖတစ္ဦးကေျပာပါတယ္။

အဲ့ဒီလို တိုက္ပြဲထိေတြ႕မႈေတြေၾကာင့္ ေဒသခံ ျပည္သူတစ္ေသာင္းေက်ာ္ဟာ တိုက္ပြဲေရွာင္ စခန္းေတြမွာ ခိုလႈံေနၾကရပါတယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္းက တိုက္ပြဲေရွာင္ ျပည္သူမ်ားအေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) ရဲ႕ စာရင္းေတြအရ ပလက္၀ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၉၀၀) ေက်ာ္၊ မီးဇာေက်း႐ြာ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၀၀၀) ေက်ာ္နဲ႔ စိမ့္စင္းေက်း႐ြာ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၀၀) နီးပါးခန႔္ ေရာက္ရွိေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ၂၀၂၀ ဇန္နဝါရီ ၁ ရက္ေန႔ ကေန စက္တင္ဘာ ၁၈ရက္အတြင္း ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသနဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းအၾကား စစ္ေရးထိေတြ႕မႈ အႀကိမ္ေပါင္း (၂၀) ၀န္းက်င္ရွိတယ္လို႔ ေဒသခံျပည္သူေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #ပလက္၀ #ေျမျမဳပ္မိုင္း #လူေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW