သီရိမင်္ဂလာဈေးမှာ ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးထိရှိထားပေမယ့် ဈေးကိုပိတ်ထားခြင်းမရှိ

သီရိမင်္ဂလာဈေးမှာ ကိုဗစ်ပိုးတွေ့လူနာ ၈ ဦးထိရှိထားပေမယ့် ဈေးကိုပိတ်ထားခြင်းမရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉-၂၀၂၀
သိင်္ဂီ(VOM)

ရန်ကုန်တိုင်းထဲက အကြီးဆုံးကုန်စိမ်းလက်ကားဈေး သီရိမင်္ဂလာဈေးမှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးအထိရှိနေပေမယ့် ဈေးကိုပိတ်ထားခြင်းမရှိဘဲ ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ သီရိမင်္ဂလာဈေးတာဝန်ခံကပြောပါတယ်။

သီရိမင်္ဂလာဈေးကြီးဟာ ရန်ကုန်တိုင်းအတွင်းက ဈေးတွေကို ပြန်လည်ဖြန့်ဝေရောင်းချပေးနေရတဲ့ ကုန်စိမ်းလက်ကားဈေးကြီးဖြစ်လို့ ဈေးပိတ်လိုက်ပါက ရန်ကုန်နေပြည်သူတွေအတွက် စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နိုင်တာကြောင့် ဈေးကို ဖွင့်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

” လက်ရှိတော့ ဈေးကို ပိတ်ထားဖို့ ညွှန်ကြားချက်မရှိသေးပါဘူး။ အဓိက ရန်ကုန်တိုင်းတွင်းက ဈေးတွေကတဆင့်လာဝယ်ကြတယ်၊ နောက် နယ်ကလည်း လာကြတယ် နယ်ဆိုတာ မှော်ဘီ တိုက်ကြီး ရှိတယ်၊ ဧရာဝတီတကြောရှိတယ် ပဲခူးဘက်ရှိတယ်။သီရိမင်္ဂလာဈေးက အဓိကကုန်စိမ်းဖြန့်ဖြူးတဲ့ ရန်ကုန်တိုင်းရဲ့ အကြီးဆုံး အဓိကဈေးဖြစ်တယ်၊ ရန်ကုန်တိုင်းက ပြည်သူတွေစားသုံးဖို့အတွက် အခက်အခဲဖြစ်မှာစိုးလို့ ဖွင့်ခိုင်းထားတယ်။”လို့ ဈေးတာဝန်ခံ ဦးအောင်လင်းဦးကပြောပါတယ်။

သီရိမင်္ဂလာဈေးကြီးအတွင်းကို ဝင်ရောက်သူတိုင်းဟာ မက်စ် ၊ မျက်နှာအကာ၊ လက်အိပ် ပါရှိရမှာဖြစ်ပြီး ဈေးရဲ့တာဝန်ရှိသူတွေအနေနဲ့ကတော ဈေးအတွင်း ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ဆော်သြမှု၊ အသိပညာပေးခြင်း၊ လိုက်လံစစ်ဆေးခြင်းတွေကို ပိုတိုးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

” ပိုးတွေ့တဲ့ လူတွေဆိုင်ကိုတော့ တားထားတယ်။ ဆေးတွေလည်း လာဖြန်းထားကြတယ်။ မက်စ် တပ်ဖို့ လက်အိတ်ပါဖို့ မျက်နာကာတဲ့ဟာတပ်ဖို့ လိုက်သတိပေးတယ်။ ပိုးတော့ကြောက်ပေမယ့် ဈေးပိတ်လိုက်ရင်လည်း စားဝတ်နေရေးအဆင်မပြေဘူး။ အဲ့ဒီတော့ အတတ်နိုင်ဆုံးတော့ သတိနဲ့နေ သတိနဲ့စားတယ်။ “လို့ သီရိမင်္ဂလာဈေးမှာ ကုန်စိမ်းရောင်းချနေသူတစ်ဦးကပြောပါတယ်။

လက်ရှိ သီရိမင်္ဂလာဈေးသစ်ကြီးမှာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မနက်အထိ ကိုဗစ်ကူးစက်ခံထားရသူ ၈ ဦးအထိရှိနေပြီး အဲ့ဒီနေရာတွေကို ပိုးသတ်ဆေးဖြန်းကာ လော့ဒေါင်းပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

သီရိမဂၤလာေစ်းမွာ ကိုဗစ္ပိုးေတြ႔လူနာ ၈ ဦးထိ႐ွိထားေပမယ့္ ေစ်းကိုပိတ္ထားျခင္းမ႐ွိ

ရန္ကုန္၊ စက္တင္ဘာ ၁၉-၂၀၂၀
သိဂႌ(VOM)

ရန္ကုန္တိုင္းထဲက အႀကီးဆုံးကုန္စိမ္းလက္ကားေစ်း သီရိမဂၤလာ​ေစ်းမွာ ကိုဗစ္အတည္ျပဳလူနာ ၈ ဦးအထိ႐ွိေနေပမယ့္ ေစ်းကိုပိတ္ထားျခင္းမ႐ွိဘဲ ​ဖြင့္လွစ္ထားဆဲျဖစ္တယ္လို႔ သီရိမဂၤလာေစ်းတာဝန္ခံကေျပာပါတယ္။

သီရိမဂၤလာေစ်းႀကီးဟာ ရန္ကုန္တိုင္းအတြင္းက ေစ်းေတြကို ျပန္လည္ျဖန္႔ေဝေရာင္းခ်ေပးေနရတဲ့ ကုန္စိမ္းလက္ကားေစ်းႀကီးျဖစ္လို႔ ေစ်းပိတ္လိုက္ပါက ရန္ကုန္ေနျပည္သူေတြအတြက္ စားဝတ္ေနေရးအခက္အခဲျဖစ္ေပၚႏိုင္တာေၾကာင့္ ေစ်းကို ဖြင့္ေနရဆဲျဖစ္တယ္လို႔ သိရပါတယ္။

” လက္႐ွိေတာ့ ေစ်းကို ပိတ္ထားဖို႔ ၫႊန္ၾကားခ်က္မ႐ွိေသးပါဘူး။ အဓိက ရန္ကုန္တိုင္းတြင္းက ေစ်းေတြကတဆင့္လာဝယ္ၾကတယ္၊ ေနာက္ နယ္ကလည္း လာၾကတယ္ နယ္ဆိုတာ ေမွာ္ဘီ တိုက္ႀကီး ႐ွိတယ္၊ ဧရာဝတီတေၾကာ႐ွိတယ္ ပဲခူးဘက္႐ွိတယ္။သီရိမဂၤလာေစ်းက အဓိကကုန္စိမ္းျဖန္႔ျဖဴးတဲ့ ရန္ကုန္တိုင္းရဲ႕ အႀကီးဆုံး အဓိကေစ်းျဖစ္တယ္၊ ရန္ကုန္တိုင္းက ျပည္သူေတြစားသုံးဖို႔အတြက္ အခက္အခဲျဖစ္မွာစိုးလို႔ ဖြင့္ခိုင္းထားတယ္။”လို႔ ေစ်းတာဝန္ခံ ဦးေအာင္လင္းဦးကေျပာပါတယ္။

သီရိမဂၤလာေစ်းႀကီးအတြင္းကို ဝင္ေရာက္သူတိုင္းဟာ မက္စ္ ၊ မ်က္ႏွာအကာ၊ လက္အိပ္ ပါ႐ွိရမွာျဖစ္ၿပီး ေစ်းရဲ႔တာဝန္႐ွိသူေတြအေနနဲ႔ကေတာ ေစ်းအတြင္း ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ ေဆာ္ျသမႈ၊ အသိပညာ​ေပးျခင္း၊ လိုက္လံစစ္ေဆးျခင္းေတြကို ပိုတိုးလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

” ပိုးေတြ႔တဲ့ လူေတြဆိုင္ကိုေတာ့ တားထားတယ္။ ေဆးေတြလည္း လာျဖန္းထားၾကတယ္။ မက္စ္ တပ္ဖို႔ လက္အိတ္ပါဖို႔ မ်က္နာကာတဲ့ဟာတပ္ဖို႔ လိုက္သတိေပးတယ္။ ပိုးေတာ့ေၾကာက္ေပမယ့္ ေစ်းပိတ္လိုက္ရင္လည္း စားဝတ္ေနေရးအဆင္မေျပဘူး။ အဲ့ဒီေတာ့ အတတ္ႏိုင္ဆုံးေတာ့ သတိနဲ႔ေန သတိနဲ႔စားတယ္။ “လို႔ သီရိမဂၤလာေစ်းမွာ ကုန္စိမ္းေရာင္းခ်ေနသူတစ္ဦးကေျပာပါတယ္။

လက္႐ွိ သီရိမဂၤလာေဈးသစ္ႀကီးမွာ ဒီကေန့ စက္တင္ဘာလ ၁၉ ရက္ေန႔မနက္အထိ ကိုဗစ္ကူးစက္ခံထားရသူ ၈ ဦးအထိ႐ွိေနၿပီး အဲ့ဒီေနရာေတြကို ပိုးသတ္ေဆးျဖန္းကာ ေလာ့ေဒါင္းျပဳလုပ္ထားတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW