အမေရိကန်ပြည်သူအားလုံးအတွက် ဧပြီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရမယ်လို့ ဒေါ်နယ်ထရန့်ပြော

အမေရိကန်ပြည်သူအားလုံးအတွက် ဧပြီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရမယ်လို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၀
မျိုးဆက်(VOM)

လာမယ့် ဧပြီလမှာ အမေရိကန်ပြည်သူအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး ရရှိလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ ကာကွယ်ဆေးတွေကို လစဉ်လတိုင်းရရှိမှာဖြစ်တယ်လို့ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာ စက်တင်ဘာ ၁၈ ရက်ကပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုဟာ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးရဲ့ခန့်မှန်းချက်နဲ့ ကွဲလွဲနေပါတယ်။

ကာကွယ်ဆေးဟာ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်သို့မဟုတ် တတိယသုံးလပတ်ကျမှသာ အမေရိကန်ပြည်သူတွေအတွက် ယေဘူယျအားဖြင့် ရရှိနိုင်မယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ရောဘတ်ရက်ဖီးက ကွန်ဂရက်ကြားနာမှုတစ်ရပ်မှာ ပြောဆိုထားပါတယ်။

ရောဘတ်ဖီးရဲ့ ပြောဆိုချက်ဟာ အချက်အလက်မမှန်ကန်ကြောင်း ဒေါ်နယ်ထရန့်က တုံ့ပြန်ပြောဆိုထားပြီး အခုနှစ်ကုန်မှာ ကာကွယ်ဆေး သန်း ၁၀၀ ထက်မနည်းကို ပြည်သူတွေအတွက် ဖြန့်ဖြူးပေးနိုင်တယ်လို့ ဆိုပါတယ်။

သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက် ၅၀ အလိုမှာ မဲဆန္ဒရှင်တွေကို စည်းရုံးဖို့အတွက် ကာကွယ်ဆေးဆိုင်ရာ ကတိကဝတ်တွေကို ဒေါ်နယ်ထရန့်က အသုံးပြုနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

အေမရိကန္ျပည္သူအားလံုးအတြက္ ဧျပီလမွာ ကိုဗစ္-၁၉ ကာကြယ္ေဆးရမယ္လို႔ ေဒၚနယ္ထရန္႔ေျပာ

၀ါရွင္တန္၊ စက္တင္ဘာ-၁၉-၂၀၂၀
မ်ိဳးဆက္(VOM)

လာမယ္႔ ဧျပီလမွာ အေမရိကန္ျပည္သူအားလံုးအတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးတစ္မ်ိဳး ရရိွလိမ္႔မယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

သန္းနဲ႔ခ်ီတဲ႔ ကာကြယ္ေဆးေတြကို လစဥ္လတိုင္းရရိွမွာျဖစ္တယ္လို႔ ေဒၚနယ္ထရန္႔က အိမ္ျဖဴေတာ္မွာ စက္တင္ဘာ ၁၈ ရက္ကေျပာပါတယ္။ သူ႔ရဲ႕ေျပာဆိုမႈဟာ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန ညႊန္ၾကားေရးမွဴးရဲ႕ခန္႔မွန္းခ်က္နဲ႔ ကြဲလြဲေနပါတယ္။

ကာကြယ္ေဆးဟာ ၂၀၂၁ ခုနွစ္ ဒုတိယသံုးလပတ္သို႔မဟုတ္ တတိယသံုးလပတ္က်မွသာ အေမရိကန္ျပည္သူေတြအတြက္ ေယဘူယ်အားျဖင္႔ ရရိွနုိင္မယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန ညႊန္ၾကားေရးမွဴး ေရာဘတ္ရက္ဖီးက ကြန္ဂရက္ၾကားနာမႈတစ္ရပ္မွာ ေျပာဆိုထားပါတယ္။

ေရာဘတ္ဖီးရဲ႕ ေျပာဆုိခ်က္ဟာ အခ်က္အလက္မမွန္ကန္ေၾကာင္း ေဒၚနယ္ထရန္႔က တံု႕ျပန္ေျပာဆိုထားျပီး အခုနွစ္ကုန္မွာ ကာကြယ္ေဆး သန္း ၁၀၀ ထက္မနည္းကို ျပည္သူေတြအတြက္ ျဖန္႔ျဖဴးေပးနုိင္တယ္လို႔ ဆိုပါတယ္။

သမၼတေရြးေကာက္ပြဲက်င္းပဖို႔ ရက္ ၅၀ အလိုမွာ မဲဆႏၵရွင္ေတြကို စည္းရံုးဖို႔အတြက္ ကာကြယ္ေဆးဆိုင္ရာ ကတိက၀တ္ေတြကို ေဒၚနယ္ထရန္႔က အသံုးျပဳေနတယ္လို႔ ေ၀ဖန္သူေတြက ေထာက္ျပေျပာဆုိေနၾကပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW