YBS ယာဉ်တွေမှာ ကြော်ငြာကပ်တာတွေကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်သွားမယ်
YBS ယာဉ်တွေမှာ ကြော်ငြာကပ်တာတွေကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်သွားမယ်
ရန်ကုန်၊ စက်တင်ဘာ ၁၉-၂၀၂၀
ယဉ်ပပထွန်း ( VOM )
YBS ခရီးသည်ယာဉ်တွေအနေနဲ့ ကြော်ငြာတွေကပ်ရာမှာ သတ်မှတ်ချက်တွေကို လိုက်နာမူမရှိပါက အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အရေးယူဆောင်ရွက်တာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ YRTAကနေ သိရပါတယ်။
အထွေထွေရွေးကောက်ပွဲရက် နီးကပ်လာတဲ့အတွက် YBS ဘတ်စ်ကားတချို့မှာ ပါတီစတစ်ကာတွေကပ်လာတာကို တွေ့လာရတဲ့အတွက် YBSယာဉ်တွေအနေနဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာမှာ ပါတီအလံများ စတစ်ကာများကပ်ခြင်းကို မဆောင်ရွက်ဖို့ အသိပေးကြေညာစာတွေလည်းYRTAကနေ ထုတ်ပြန်ထားတယ်လို့ ယာဉ်မောင်းအချို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
” မဲဆွယ်တာကို ဘာမှမပြောလိုဘူး ။ မော်တေ်ကားတွေပြုပြင်ပြောင်းလဲတဲ့အခါမှာ မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေထဲမှာ ဖော်ပြထားတာရှိတယ် ။ လိုက်နာဖို့အတွက် ယာဉ်လိုင်းတွေကို ထုတ်ထားတယ် ။ မလိုက်နာဘူးဆိုရင် သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းကို မလိုက်နာတာဖြစ်တယ်။ အကောင်းဆုံးကတော့ ဥပဒေနဲ့အညီဆောင်ရွက်တာအကောင်းဆုံးပဲ ။ အများပြည်သူသယ်ယူပို့ဆောင်ရေးဆိုတာ အများပြည်သူသယ်ယူပို့ဆောင်တာဖြစ်သလို စီးနင်းသူတွေကလည်း မျိုးစုံရှိတယ်၊ ဒါကြောင့် ဆောင်ရွက်တဲ့သူဘက်ကလည်း ဆင်ခြင်သင့်ပါတယ်”လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ဒါကြောင့် YBS ယာဉ်လိုင်းမှာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ မော်တော်ယာဉ်တွေမှာ ကြော်ငြာကပ်တာနဲ့ပတ်သက်ပြိး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့နဲ့လိုက်နာခြင်းမရှိဘူးဆိုရင် YRTA ကနေထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ် ။
၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးမော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ သတ်မှတ်ချက်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်)ပါ ကြော်ငြာကပ်ခြင်းနဲ့စပ်လျဉ်းပြီး သတ်မှတ်ချက်ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo – Zayar Tun
#voiceofmyanmar #VOM #ရန်ကုန်
Zawgyi
ယဉ်ပပထွန်း ( VOM )
Photo – Zayar Tun
Related posts
Leave a Comment
VOM News
FREE
VIEW