ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ် Voice Of Myanmar ရှမ်းပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၅၅ ခုရှိတဲ့အနက် မြို့နယ် ၅၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။ ရှမ်းပြည်နယ်ကနေပြီးတော့ လွှတ်တော်အသီးသီးကိုဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီပေါင်း ၃၃ ခုနဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၁၀၁၈ ဦးရှိပါတယ်။ ဒီထဲကနေ ကိုယ်စားလှယ်လောင်း ၁၆၅ယောက်နဲ့ အများဆုံးယှဉ်ပြိုင်တာကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဖြစ်ပါတယ်။ ဒုတိယကိုယ်စားလှယ်အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဖြစ်ပြီး ၁၅၅ ယောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပြီး ၁၅၁ယောက်ပြိုင်မှာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ၁၁၀ စတုတ္ထနေရာက ရှိပါတယ်။ ကျန်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…
Read MoreMonth: September 2020
အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်အန္တရာယ်ကောင်လို့ တရုတ်ကစွပ်စွဲ
အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်အန္တရာယ်ကောင်လို့ တရုတ်ကစွပ်စွဲ ပေကျင်း၊ စက်တင်ဘာ-၁၀-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စွပ်စွဲပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ အွန်လိုင်းကနေပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်နဲ့ပတ်သက်ပြီး ဝမ်ယီကယင်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လေယာဉ်တင်သင်္ဘောနှစ်စင်းအပါအဝင် စစ်ရေးလေ့ကျင့်မှုတွေကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံနဲ့တင်းမာမှုတွေမြင့်တက်နေပါတယ်။ ဒေသတွင်းနိုင်ငံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုကိုဖြစ်ပေါ်စေတာတွေကို တိုင်ပင်ဆွေးနွေးမှုကတစ်ဆင့် အငြင်းပွားမှုကို ဖြေရှင်းဖို့ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။ ဒေသတွင်းမှာ နယ်မြေပိုင်ဆိုင်ရေးအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ပါဝင်တဲ့နိုင်ငံတွေနဲ့ ဆွေးနွေးဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။ အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတွေအနေနဲ့ ဒေသတွင်းမှာ တင်းမာမှုတွေဖန်တီးပြီး အမြတ်ထုတ်မယ့်အစား ဒေသတွင်းနိုင်ငံတွေရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာမယ်လို့ တရုတ်နိုင်ငံကမျှော်လင့်ထားတယ်လို့…
Read Moreထန်တလန်းမြို့ရှိ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခံရ
ထန်တလန်းမြို့ရှိ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခံရ ထန်းတလန် ၊ စက်တင်ဘာ ၁၀-၂၀၂၀ ကိုတိုးကြီး (VOM) ချင်းပြည်နယ်တောင်ပိုင်း၊ ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားအဆောက်အဦးထဲမှာပြုလုပ်ထားတဲ့ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခြင်းခံထားရတယ်လို့ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ “ စက်တင်ဘာ ၈ ရက်နေ့က ထန်တလန်မြို့ကို ပြန်ရောက်လာတဲ့ တရုတ်ပြည်တော်ပြန် နှစ်ယောက်ကို မိုးလုံလေလုံ အားကစားအဆောက်အဦးထဲမှာ Facility Quarantine ဖို့ သွားရောက်ကြည့်ရှု့တဲ့အခါ အခန်း ၁၅ခန်း ဖျက်စီးခံထားရတာကို တွေ့ရှိရပါတယ် ” လို့ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆွေမြင့် ကပြောပါတယ်။ ထန်တလန်မြို့ မိုးလုံလေလုံ အားကစားအဆောက်အဦးမှာ Community Base Facility Quarantine ထားဖို့ ပြင်ဆင်ထားတဲ့ အခန်းအမျိုးအစားတွေကတော့…
Read More၄ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဘာပြောသလဲ
၄ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၆ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဘာပြောသလဲ ရန်ကုန် ၊ စက်တင်ဘာ ၁၀-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ် အတည်ပြုလူနာ ၂ ဦးထပ်မံသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တငိဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ကိုဗစ်လူနာသေဆုံးမှုဟာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လူနာ ၆ ဦး သေဆုံးမှုရှိလာတာဖြစ်ပါတယ်။ “ရောဂါအခံမရှိဘဲ သေဆုံးနေတာ နိုင်ငံတကာမှာလည်း သာဓကတွေအများကြီးရှိပါတယ်။ အခံရှိသူတွေကတော့ သေဆုံးမှုနူန်းပိုများတယ်၊ အခံမရှိတဲ့သူတွေကတော့ ရုတ်တရက်ဖောက်ပြီးဖြစ်တတ်တယ်၊ ရောဂါ မှန်းရခက်တယ်၊ ဒါကြောင့် ကာကွယ်တာအကောင်းဆုံးပါ။ ဖြစ်လို့ ပေါ့သွားတယ်ဆိုတာ မရှိပါဘူး။ အတတ်နိုင်ဆုံး အိမ်မှာပဲနေကြပါ။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့။ အိမ်ထဲကနေပဲ သတင်းပို့ကြပါ”ကျန်းမာရေးနဲ့…
Read Moreချင်းပြည်နယ် စည်ပင်ဝန်ကြီးနဲ့အဖွဲ့ ကုလားတန်မြစ်ကိုဖြတ်ကူးချိန် AAအဖွဲ့က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
ချင်းပြည်နယ် စည်ပင်ဝန်ကြီးနဲ့အဖွဲ့ ကုလားတန်မြစ်ကိုဖြတ်ကူးချိန် AAအဖွဲ့က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ပလက်၀ ၊ စက်တင်ဘာ ၁၀-၂၀၂၀ ကိုတိုးကြီး(VOM) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ထဲက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ ရောက်ရှိနေတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်နဲ့အဖွဲ့ဟာ မနေ့စက်တင်ဘာ ၉ရက် ညနေပိုင်းက ကုလားတန်မြစ်ကို စက်လှေနဲ့ ဖြတ်ကူးနေချိန် အေအေအဖွဲ့ရဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးဖွေလ်အား က ပြောပါတယ် ။ “ ဦးစိုးထက်နဲ့အဖွဲ့ တိုက်ခိုက်ခံရတာ ဟုတ်တယ် ၊ ကုလားတန်မြစ်ထဲမှာပါ၊ သူတို့ စက်လှေနဲ့ ဖြတ်ကူးတဲ့အချိန်မှာ AAအဖွဲ့က လက်နက်နဲ့ ၁၀ ချက်ကျော် ပစ်တာဖြစ်တယ် ၊ ထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူး…
Read Moreဂျပန်ဝန်ကြီးချုပ်ဖြစ်လာဖို့ အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ တစ်ပြေးနေ
ဂျပန်ဝန်ကြီးချုပ်ဖြစ်လာဖို့ အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ တစ်ပြေးနေ တိုကျို၊ စက်တင်ဘာ-၁၀-၂၀၂၀ မျိုးဆက် (VOM) ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒီဆူဂါဟာ ကျန်းမာရေးကြောင့် ရာထူးကနေနှုတ်ထွက်မယ့် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့နေရာမှာ ဆက်ခံဖို့ မဲဆန္ဒရှင်တွေအကြား အကြိုက်ဆုံးဖြစ်နေတယ်လို့ မိုင်နီချီရှင်ဘွန်းသတင်းဌာနက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက ရှင်ဇိုအာဘေးရဲ့နေရာမှာဆက်ခံဖို့ ဆူဂါကိုရွေးချယ်ကြပြီး ကျန်တဲ့ ၃၆ ရာခိုင်နှုန်းကတော့ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီယူအိုင်ရှီဘာကို ရွေးချယ်ခဲ့ကြပါတယ်။ ဆူဂါဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူတွေအကြား ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။ မိုင်နီချီရှင်ဘွန်းသတင်းဌာနနဲ့ လူမှုစစ်တမ်းသုတေသနဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းဟာ အစိုးရအဖွ့ဲအတွင်းရေးမှူး ဆူဂါကို သာမန်မဲဆန္ဒရှင်တွေအကြား လူကြိုက်များတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ပြသခဲ့ပါတယ်။ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ရွေးချယ်ပွဲကို ပါတီမှ အမတ်တွေ၊ ဒေသဆိုင်ရာ ပါတီကိုယ်စားလှယ်တွေက စက်တင်ဘာ ၁၄ ရက်မှာ မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။ လစ်ဘရယ်…
Read Moreရခိုင်ပြည်မှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ မန္တလေးမှာ ဗကသများအဖွဲ့ချုပ်က ဆန္ဒပြတောင်းဆို
ရခိုင်ပြည်မှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ မန္တလေးမှာ ဗကသများအဖွဲ့ချုပ်က ဆန္ဒပြတောင်းဆို မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ ဟိန်းကို(VOM) ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့နဲ့ ပြည်သူလူထုသိဖို့အတွက် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဒီကနေ့မနက်ပိုင်း မန္တလေးမြို့၊ ဈေးချိုနာရီစင်ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်မှာ စစ်ဘေးအပြင် ကပ်ရောဂါကို ခံစားနေရတဲ့သတင်းမှန်တွေကို သိရဖို့ 4Gအင်တာနက်အမြန်ဖွင့်ပေးစေလိုတဲ့အပြင် မနေ့ စက်တင်ဘာ ၉ရက်နေ့က ရဲတပ်ဖွဲ့ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ တသားတည်းရှိကြောင်းပြသတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဗကသအဖွဲ့ဝင်တွေကပြောပါတယ်။ ဆန္ဒပြတောင်းဆိုရာမှာတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ 4Gအင်တာနက်အမြန်ဆုံးဖွင့်ပေးရေး၊ ဖက်ဆစ်လူသတ် စနက် အလိုမရှိ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ အာဏာရှင်စနစ် မုချကျဆုံးရမည် ၊ Stop Internet Shutdown စတဲ့ကြွေးကြော်သံစာသားတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #မန္တလေး Zawgyi ရခိုင်ပြည်မှာဖြစ်နေတဲ့…
Read MoreNew Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ပါတီမိတ်ဆက်ကဏ္ဍ New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ သက်တော်ရှည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၀၀နီးပါးနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် ကိုညီသစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှုးဦးသိန်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM-တစည ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ၀င်ပြိုင်ဖို့ရှိလဲခင်မျာ့ UTT- ခြုံပြောရင် ၁၇၅ မြို့နယ်မှာ စုစုပေါင်း ကိုယ်စားလှယ် ၃၈၄ ဦးနဲ့ ပြိုင်မှာပါ၊ VOM- ပါတီရဲ့ ကတိက၀တ် ဘာတွေဖြစ်မလဲ UTT-ကျနော်တို့ ပါတီရဲ ကဏ္ဍ ၁၆ ခုပါ တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ထားပြီးသားပါခင်ဗျ၊ ကျနော်တို့ ပေချ်မှာရှိပါတယ်။အဲ့ဒီထဲမှာပါပါတယ်။ နောက်တစ်ခုက ည မှာလည်းပဲ TVTalk…
Read Moreပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ)
ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးစိုခွင့်ရှိသူ ဦးခွန်းကလေးမင်းကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? . ဦးခွန်းကလေးမင်း – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးခွန်ကလေးမင်း – ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကနေ ကယန်းအမျိုးသားပါတီအနေနဲ့ ပြည်သူတွေကို ကတိပြုပြီး ရပ်တည်သွားမယ့်အရာတွေကတော့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းက လူထုတွေရဲ့ စားဝတ်နေရေး ပိုမိုပြေလည်စေဖို့အတွက် တောင်သူတွေရဲ့ သီးနှံဈေးကွက်နဲ့ ကျေးလက်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ခွဲခြားခြင်းမရှိဘဲ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး…
Read Moreစစ်ကိုင်းတိုင်းအတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေ
စစ်ကိုင်းတိုင်းအတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေ မုံရွာ၊ စက်တင်ဘာ ၉ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ကသာခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တုတွေ တရားမဝင် တူးဖော်လုပ်ကိုင်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ “ ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်ခိုးယူတူးဖော်မှု အခြေအနေကတော့ ၂၀၁၆ မှာ ၅၄ မှုနဲ့ တရားခံ ၇၃ ဦး ၊ ၂၀၁၇ မှာ ၇၆ မှု နဲ့ တရားခံ ၁၂၆ ဦး ၊ ၂၀၁၈ မှာ ၅၄ မှုနဲ့ တရားခံ ၇၃ ဦး ၊ ၂၀၁၉ မှာ ၉၈ မှုနဲ့ တရားခံ…
Read More