New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

ပါတီမိတ်ဆက်ကဏ္ဍ

New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ သက်တော်ရှည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၀၀နီးပါးနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် ကိုညီသစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှုးဦးသိန်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

VOM-တစည ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ၀င်ပြိုင်ဖို့ရှိလဲခင်မျာ့

UTT- ခြုံပြောရင် ၁၇၅ မြို့နယ်မှာ စုစုပေါင်း ကိုယ်စားလှယ် ၃၈၄ ဦးနဲ့ ပြိုင်မှာပါ၊

VOM- ပါတီရဲ့ ကတိက၀တ် ဘာတွေဖြစ်မလဲ

UTT-ကျနော်တို့ ပါတီရဲ ကဏ္ဍ ၁၆ ခုပါ တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ထားပြီးသားပါခင်ဗျ၊ ကျနော်တို့ ပေချ်မှာရှိပါတယ်။အဲ့ဒီထဲမှာပါပါတယ်။ နောက်တစ်ခုက ည မှာလည်းပဲ TVTalk အနေနဲ့ မြန်မာ့အသံမှာ ထုတ်လွှင့်မှုတွေပြုလုပ်ပါတယ်။ ရွေးကောက်ပွဲ ကြွေးကြော်သံ က New Hope For The People ပြည်သူတွေ အတွက်မျှော်လင့်ချက်ကို ဖော်ဆောင်ကြစို့ ဆိုတဲ့ဆောင်ပုဒ်ပါ။

ဘာမျှော်လင့်ချက်တွေလည်းဆိုတော့တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံတကာစွက်ဖက်မှု နဲ့အချုပ်အခြာအာဏာထိပါးမှုကို ကျော်လွှားပြီးတော့ ဆန့်ကျင်ပြီးတော့ အချုပ်အခြာအာဏာပိုင်နဲ့ နိုင်ငံရဲ့ဥပဓိရုပ်နဲ့ ပြန်လည် ရပ်တည်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်၊ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံတစ်နိုင်ငံရဲ့အဓိကျတဲ့ အမျိုးသားရေးဖြစ်တဲ့ ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းဖို့ပေါ့ လယ်သမား၊ အလုပ်သမားတွေအတွက် အာမခံချက်စတာတွေအပြင် တိုင်းရင်းသားတွေမျှော်လင့်နေတဲ့
ဖက်ဒရယ် စနစ်အခြေခံတဲ့ ပြည်ထောင်စုကြီးဖြစ်ထွန်းရေးကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ အဆင့်ဆင့်ဖော်ဆောင်နိုင်မယ်။ အဲ့ဒါတွေခြုံပြီးတော့ ပြည်သူလူထုအတွက်မျှော်လင့်ချက်တွေကို ဖော်ဆောင်ကြစို့ဆိုတဲ့ New Hopes For The People ဆိုတာ ကျနော်တို့ပါတီရဲ့ ဆောင်ပုဒ်ပါပဲ ။

VOM- အာဏာရပါတီနဲ့ ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲခင်ဗျ

UTT- ကျနော်တို့ရွေးတဲ့ ကိုယ်စားလှယ်လောင်းတွေပာာ လွှတ်တော် အသီးသီးမှာ တာ၀န်ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိသူတွေကိုရွေးထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကိုယ်စားလှယ်တွေပာာ ပြည်သူတွေရဲ့ ရွေးချယ်မှုခံယူရမယ့်သူတွေဖြစ်တဲ့အတွက်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖောက်ဖျက်ပြီးအရေးယူခံရတဲ့သူတွေမပါဘူး ၊ နိုင်ငံတော်ရဲ့ဥပဒေစည်းမျဉ်းစည်းကမ်းဖောက်ဖျက်လို့ အရေးယူခံရတဲ့သူတွေမပါဘူး
အဲ့ဒီလိုကိုယ်စားလှယ်လောင်းတွေနဲ့ ကျနော်တို့ပါတီကို ၀န်းရံတဲ့ မြို့မိမြို့ဖအင်အားတွေကိုသုံးပြီး၀င်ယောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲခင်ဗျာ ။

VOM- ၂၀၁၀ မွာ လွှတ်တော်အဆင့်ဆင့် ၆၄ နေရာနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅မှာတော့ အမျိုးသားလွတ်တော် တစ်နေရာဘဲရခဲ့ပါတယ်။ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ပါ ။ တစ်ယောက်လည်း တစ်ယောက်ဆိုသလောက် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ သဘောဆန္ဒတူတဲ့ပါတီတွေနဲ့ ပူးပေါင်းပြီးတော့ သူရဲ့လွှတ်တော်တာ၀န်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ အခုလည်းပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ထိုက်သင့် မြင့်မားတဲ့ အောင်မြင်မှုရရှိမယ်လို့ ယုံကြည်ပါတယ်။

VOM- ပါတီဝင်အင်အားဘယ်လောက်လောက်ရှိပါသလဲခင်ဗျာ ။

UTT- ၅သိန်း၀န်းကျင်ရှိပါတယ်၊ မြို့နယ် ၂၉၀ မှာဖွင့်ထားပါတယ်။ တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီဖြစ်တာနဲ့ အညီ ကရင်၊ကယား၊ကချင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုးစုံနဲ့ သက်ဆိုင်ရာနေရာဒေသ အသီးသီးမှာ ဖွဲ့စည်းထားပါတယ်။ တစ်မျိုးသားလုံးလက္ခဏာဆောင်တဲ့ တစ်နိုင်ငံလုံးလက္ခဏာဆောင်တဲ့ပါတီဘဲဖြစ်ပါတယ်ဗျာ

#voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက်

zawgyi

ပါတီမိတ္ဆက္က႑

New Hope For The People ဆိုတဲ့ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ

ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီကေန အသြင္ေျပာင္းလာတဲ့ သက္ေတာ္ရွည္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီဟာ လာမယ့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေလာင္း ၄၀၀နီးပါးနဲ႔ ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။ ဗီအိုအမ္ရဲ႕ ႏိုင္ငံေရးပါတီမိတ္ဆက္က႑အတြက္ ဗီအိုအမ္သတင္းေထာက္ ကိုညီသစ္က တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ အေထြေထြအတြင္းေရးမႈးဦးသိန္းထြန္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

VOM-တစည ပါတီအေနနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ ဘယ္ေလာက္ အေရအတြက္ ၀င္ၿပိဳင္ဖို႔ရွိလဲခင္မ်ာ့

UTT- ၿခဳံေျပာရင္ ၁၇၅ ၿမိဳ႕နယ္မွာ စုစုေပါင္း ကိုယ္စားလွယ္ ၃၈၄ ဦးနဲ႔ ၿပိဳင္မွာပါ၊

VOM- ပါတီရဲ႕ ကတိက၀တ္ ဘာေတြျဖစ္မလဲ

UTT-က်ေနာ္တို႔ ပါတီရဲ က႑ ၁၆ ခုပါ တဲ့ ေ႐ြးေကာက္ပြဲ ေၾကညာစာတမ္း ထုတ္ထားၿပီးသားပါခင္ဗ်၊ က်ေနာ္တို႔ ေပခ်္မွာရွိပါတယ္။အဲ့ဒီထဲမွာပါပါတယ္။ ေနာက္တစ္ခုက ည မွာလည္းပဲ TVTalk အေနနဲ႔ ျမန္မာ့အသံမွာ ထုတ္လႊင့္မႈေတြျပဳလုပ္ပါတယ္။ ေ႐ြးေကာက္ပြဲ ေႂကြးေၾကာ္သံ က New Hope For The People ျပည္သူေတြ အတြက္ေမွ်ာ္လင့္ခ်က္ကို ေဖာ္ေဆာင္ၾကစို႔ ဆိုတဲ့ေဆာင္ပုဒ္ပါ။

ဘာေမွ်ာ္လင့္ခ်က္ေတြလည္းဆိုေတာ့တိုင္းျပည္ရဲ႕တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ ႏိုင္ငံတကာစြက္ဖက္မႈ နဲ႔အခ်ဳပ္အျခာအာဏာထိပါးမႈကို ေက်ာ္လႊားၿပီးေတာ့ ဆန႔္က်င္ၿပီးေတာ့ အခ်ဳပ္အျခာအာဏာပိုင္နဲ႔ ႏိုင္ငံရဲ႕ဥပဓိ႐ုပ္နဲ႔ ျပန္လည္ ရပ္တည္ႏိုင္မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္၊ တိုင္းရင္းသားေတြ စည္းလုံးညီၫြတ္မႈနဲ႔ ႏိုင္ငံတစ္ႏိုင္ငံရဲ႕အဓိက်တဲ့ အမ်ိဳးသားေရးျဖစ္တဲ့ ေရရွည္တည္တံခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးျဖစ္ထြန္းဖို႔ေပါ့ လယ္သမား၊ အလုပ္သမားေတြအတြက္ အာမခံခ်က္စတာေတြအျပင္ တိုင္းရင္းသားေတြေမွ်ာ္လင့္ေနတဲ့
ဖက္ဒရယ္ စနစ္အေျခခံတဲ့ ျပည္ေထာင္စုႀကီးျဖစ္ထြန္းေရးကို တိုင္းရင္းသားစည္းလုံးညီၫြတ္မႈနဲ႔ အဆင့္ဆင့္ေဖာ္ေဆာင္ႏိုင္မယ္။ အဲ့ဒါေတြၿခဳံၿပီးေတာ့ ျပည္သူလူထုအတြက္ေမွ်ာ္လင့္ခ်က္ေတြကို ေဖာ္ေဆာင္ၾကစို႔ဆိုတဲ့ New Hopes For The People ဆိုတာ က်ေနာ္တို႔ပါတီရဲ႕ ေဆာင္ပုဒ္ပါပဲ ။

VOM- အာဏာရပါတီနဲ႔ ျပည္ခိုင္ၿဖိဳးကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲခင္ဗ်

UTT- က်ေနာ္တို႔ေ႐ြးတဲ့ ကိုယ္စားလွယ္ေလာင္းေတြပာာ လႊတ္ေတာ္ အသီးသီးမွာ တာ၀န္ထမ္းေဆာင္ႏိုင္တဲ့ အရည္အခ်င္းရွိသူေတြကိုေ႐ြးထားပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေတြပာာ ျပည္သူေတြရဲ႕ ေ႐ြးခ်ယ္မႈခံယူရမယ့္သူေတြျဖစ္တဲ့အတြက္ပါတီရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုေဖာက္ဖ်က္ၿပီးအေရးယူခံရတဲ့သူေတြမပါဘူး ၊ ႏိုင္ငံေတာ္ရဲ႕ဥပေဒစည္းမ်ဥ္းစည္းကမ္းေဖာက္ဖ်က္လို႔ အေရးယူခံရတဲ့သူေတြမပါဘူး
အဲ့ဒီလိုကိုယ္စားလွယ္ေလာင္းေတြနဲ႔ က်ေနာ္တို႔ပါတီကို ၀န္းရံတဲ့ ၿမိဳ႕မိၿမိဳ႕ဖအင္အားေတြကိုသုံးၿပီး၀င္ေယာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲခင္ဗ်ာ ။

VOM- ၂၀၁၀ မြာ လႊတ္ေတာ္အဆင့္ဆင့္ ၆၄ ေနရာႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၅မွာေတာ့ အမ်ိဳးသားလြတ္ေတာ္ တစ္ေနရာဘဲရခဲ့ပါတယ္။ ကခ်င္ျပည္နယ္က အမ်ိဳးသားလႊတ္ေတာ္ပါ ။ တစ္ေယာက္လည္း တစ္ေယာက္ဆိုသေလာက္ သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ သေဘာဆႏၵတူတဲ့ပါတီေတြနဲ႔ ပူးေပါင္းၿပီးေတာ့ သူရဲ႕လႊတ္ေတာ္တာ၀န္ေတြကို ထမ္းေဆာင္ခဲ့ပါတယ္။ အခုလည္းပဲ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ထိုက္သင့္ ျမင့္မားတဲ့ ေအာင္ျမင္မႈရရွိမယ္လို႔ ယုံၾကည္ပါတယ္။

VOM- ပါတီဝင္အင္အားဘယ္ေလာက္ေလာက္ရွိပါသလဲခင္ဗ်ာ ။

UTT- ၅သိန္း၀န္းက်င္ရွိပါတယ္၊ ၿမိဳ႕နယ္ ၂၉၀ မွာဖြင့္ထားပါတယ္။ တိုင္းရင္းသားစည္းလုံညီၫြတ္ေရးပါတီျဖစ္တာနဲ႔ အညီ ကရင္၊ကယား၊ကခ်င္၊ခ်င္း၊ဗမာ၊မြန္၊ရခိုင္၊ရွမ္း စတဲ့ တိုင္းရင္းသားလူမ်ိဳးစုံနဲ႔ သက္ဆိုင္ရာေနရာေဒသ အသီးသီးမွာ ဖြဲ႕စည္းထားပါတယ္။ တစ္မ်ိဳးသားလုံးလကၡဏာေဆာင္တဲ့ တစ္ႏိုင္ငံလုံးလကၡဏာေဆာင္တဲ့ပါတီဘဲျဖစ္ပါတယ္ဗ်ာ

#voiceofmyanmar #VOM #ႏိုင္ငံေရးပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW