New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
ပါတီမိတ်ဆက်ကဏ္ဍ New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ သက်တော်ရှည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၀၀နီးပါးနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် ကိုညီသစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှုးဦးသိန်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM-တစည ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ၀င်ပြိုင်ဖို့ရှိလဲခင်မျာ့ UTT- ခြုံပြောရင် ၁၇၅ မြို့နယ်မှာ စုစုပေါင်း ကိုယ်စားလှယ် ၃၈၄ ဦးနဲ့ ပြိုင်မှာပါ၊ VOM- ပါတီရဲ့ ကတိက၀တ် ဘာတွေဖြစ်မလဲ UTT-ကျနော်တို့ ပါတီရဲ ကဏ္ဍ ၁၆ ခုပါ တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ထားပြီးသားပါခင်ဗျ၊ ကျနော်တို့ ပေချ်မှာရှိပါတယ်။အဲ့ဒီထဲမှာပါပါတယ်။ နောက်တစ်ခုက ည မှာလည်းပဲ TVTalk…
Read More
ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ)
ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးစိုခွင့်ရှိသူ ဦးခွန်းကလေးမင်းကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? . ဦးခွန်းကလေးမင်း – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးခွန်ကလေးမင်း – ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကနေ ကယန်းအမျိုးသားပါတီအနေနဲ့ ပြည်သူတွေကို ကတိပြုပြီး ရပ်တည်သွားမယ့်အရာတွေကတော့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းက လူထုတွေရဲ့ စားဝတ်နေရေး ပိုမိုပြေလည်စေဖို့အတွက် တောင်သူတွေရဲ့ သီးနှံဈေးကွက်နဲ့ ကျေးလက်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ခွဲခြားခြင်းမရှိဘဲ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး…
Read More
စစ်ကိုင်းတိုင်းအတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေ
စစ်ကိုင်းတိုင်းအတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေ မုံရွာ၊ စက်တင်ဘာ ၉ ၊ ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ကသာခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တုတွေ တရားမဝင် တူးဖော်လုပ်ကိုင်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။ “ ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်ခိုးယူတူးဖော်မှု အခြေအနေကတော့ ၂၀၁၆ မှာ ၅၄ မှုနဲ့ တရားခံ ၇၃ ဦး ၊ ၂၀၁၇ မှာ ၇၆ မှု နဲ့ တရားခံ ၁၂၆ ဦး ၊ ၂၀၁၈ မှာ ၅၄ မှုနဲ့ တရားခံ ၇၃ ဦး ၊ ၂၀၁၉ မှာ ၉၈ မှုနဲ့ တရားခံ…
Read More
စမ်းသပ်ခံလူနာတစ်ဦး အပြင်းအထန်နာဖျားပြီးနောက် AstraZeneca နဲ့ အောက်စဖို့ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုရပ်ဆိုင်း
စမ်းသပ်ခံလူနာတစ်ဦး အပြင်းအထန်နာဖျားပြီးနောက် AstraZeneca နဲ့ အောက်စဖို့ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုရပ်ဆိုင်း လန်ဒန်၊ စက်တင်ဘာ ၉-၂၀၂၀ မျိုးဆက် (VOM) AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်မှာ စမ်းသပ်ရာ စမ်းသပ်ခံသူတစ်ဦး ဆိုးဆိုးရွားရွားတုံ့ပြန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။ ရှင်းပြလို့မရတဲ့ ဖျားနာမှုတစ်ရပ်ဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို လုပ်ရိုးလုပ်စဉ်အတွင်း ခေတ္တဆိုင်းငံ့ထားတယ်လို့ AstraZeneca ကုမ္ပဏီကပြောပါတယ်။ AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အဲဒီကာကွယ်ဆေး စမ်းသပ်မှုရလဒ်အပေါ် ကမ္ဘာတစ်ဝန်းက အနီးကပ်စောင့်ကြည့်နေကြပြီး ကာကွယ်ဆေးဟာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေထဲက အလားအလာအကောင်းဆုံးအဖြစ် ရှုမြင်ခံထားရပါတယ်။ အဲ့ဒီကာကွယ်ဆေးဟာ အဆင့် ၁ နဲ့ အဆင့် ၂ စမ်းသပ်မှုတွေ အောင်မြင်ပြီးနောက် ဈေးကွက်ထဲကို ပထမဆုံး ရောက်ရှိလာမယ့် ကာကွယ်ဆေးဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း…
Read More
သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံး လော့ခ်ဒေါင်းချဖို့အစီအစဉ်မရှိ
သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံး လော့ခ်ဒေါင်းချဖို့အစီအစဉ်မရှိ ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေ အများဆုံးတွေ့ခဲ့တဲ့ Music Zone နဲ့ ၂၉ ရပ်ကွက်ကိုသာ လောခ့်ဒေါင်းပြုလုပ်သွားမှာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်တစ်ခုလုံးကို လောခ့်ဒေါင်းချဖို့အစီအစဉ်မရှိဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။ ” Music Zone က ကျွန်မတို့ကျန်းမာရေးဦးစီးဌာနကို စာရင်ပေးထားတာ ၁၀၀ ကျော်ပါ ။ ဒီမနက်ပဲ အဲ့ဒီ ၁၀၀ ကျော်ထဲက ၇၃ ယောက်ထွက်တာပါ ။ အပြင်မှာကြားနေရတဲ့ ၃၀၀၊ ၄၀၀ လောက်ရှိတယ်ဆိုတာ မဟုတ်ပါဘူး”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်စန်းစန်းမြက VOM ကိုပြောပါတယ်။ ဒါ့အပြင် ရောဂါပိုးဆက်လက်ပြန့်ပွားတာမရှိစေဖို့အတွက် လူစုလူဝေးရှိတဲ့နေရာတွေမသွားဖို ၊ Home Stay အနေနဲ့ အပြင်ကိုမထွက်ဘဲ အိမ်ထဲမှာ အချိန် ၂ ပတ်လောက်နေပေးဖို့လိုတယ်လို့ ဒေါ်စန်းစန်းမြင့်ကပြောခဲ့တာဖြစ်ပါတယ်။…
Read More
ရခိုင်ကျောင်းသားသမဂ္ဂကျောင်းသား ၃ယောက် ဆန္ဒပြလို့ဖမ်းခံရပေမယ့် ပုဒ်မမသိရသေး
Raking student
Read More
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ်
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ် နေပြည်တော်၊စက်တင်ဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကာ ဒီကနေ့မနက်ပိုင်းက လွိုင်ကော်မြို့မှာ Poster Campign တစ်ခုပြုလုပ်ခဲ့ပါတယ်။ ” လွိုင်ကော်မြို့ လူစည်ကားရာ လမ်းဆုံလမ်းဂွ‌တွေမှာ လိုက်ကပ်ခဲ့တာပါ။ တားမြစ်တာဘညာမရှိပါဘူး။ ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြချင်တာပါ”လို့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ တိမ်ဆွေက ပြောပါတယ်။ အဲ့ဒီပိုစတာတွေကတော့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ NO Murder Army၊ ရခိုင်ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ စတဲ့ စာသားတွေကို ထည့်သွင်းရေးသားထားတယ်လို့ ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။ ဆန့်ကျင်မှုပြုလုပ်တဲ့ ပိုစတာတွေကို လွိုင်ကော်မြို့ရဲ့ လူစည်ကားရာလမ်းဆုံလမ်း ဂွများ၊ ဓာတ်တိုင်၊ မီးပွိုင့်၊…
Read More
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ်
ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ် နေပြည်တော်၊စက်တင်ဘာ ၉-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကာ ဒီကနေ့မနက်ပိုင်းက လွိုင်ကော်မြို့မှာ Poster Campign တစ်ခုပြုလုပ်ခဲ့ပါတယ်။ ” လွိုင်ကော်မြို့ လူစည်ကားရာ လမ်းဆုံလမ်းဂွ‌တွေမှာ လိုက်ကပ်ခဲ့တာပါ။ တားမြစ်တာဘညာမရှိပါဘူး။ ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြချင်တာပါ”လို့ ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ တိမ်ဆွေက ပြောပါတယ်။ အဲ့ဒီပိုစတာတွေကတော့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ NO Murder Army၊ ရခိုင်ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ စတဲ့ စာသားတွေကို ထည့်သွင်းရေးသားထားတယ်လို့ ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။ ဆန့်ကျင်မှုပြုလုပ်တဲ့ ပိုစတာတွေကို လွိုင်ကော်မြို့ရဲ့ လူစည်ကားရာလမ်းဆုံလမ်း ဂွများ၊ ဓာတ်တိုင်၊ မီးပွိုင့်၊…
Read More
အာဖဂန်ဒုသမ္မတကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစား၊ လူ ၆ဦးသေဆုံး
အာဖဂန်ဒုသမ္မတကို ဗုံးခွဲလုပ်ကြံဖို့ကြိုးစား၊ လူ ၆ဦးသေဆုံး ကဘူး၊ စက်တင်ဘာ-၉-၂၀၂၀ မျိုးဆက် (VOM) အာဖဂန်ဒုတိယသမ္မတ အမ်ရူလာဆာလက်ကို အဓိကပစ်မှတ်ထားပြီး မြို့တော်ကဘူးမှာ စက်တင်ဘာ ၉ ရက်က လမ်းဘေးဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒုသမ္မတကတော့ အသက်ဘေးကလွတ်မြောက်သွားတယ်လို့ ဒုသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ ဒုသမ္မတ လွတ်မြောက်သွားပေမယ့် လူခြောက်ဦးသေဆုံးခဲ့ပါတယ်။ အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွ့ဲတို့အကြား ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကာတာနိုင်ငံ၊ မြို့တော်ဒိုဟာမှာမကျင်းပမီ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။ ဒီကနေ့မှာတော့ အာဖဂန်ရဲ့ရန်သူတော်တွေဟာ ဒုသမ္မတ ဆာလက်ကို နောက်တစ်ကြိမ်လုပ်ကြံဖို့ကြိုးစားကြပေမယ့် သူတို့ရဲ့ မကောင်းတဲ့ရည်ရွယ်ချက်မအောင်မြင်ဘဲ ဒုသမ္မတလွတ်မြောက်ခဲ့ပါတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ရက်ဇ်ဝန်မာရက်ကပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုဟာ ဒုသမ္မတဆာလက်ရဲ့ ယာဉ်တန်းကို အဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး သက်တော်စောင့်အချို့ ဒါဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် မျက်နှာမှာ အသေးစားမီးလောင်ဒါဏ်ရာတွေနဲ့ လက်တွေထိခိုက်သွားတယ်လို့ ဒုသမ္မတက လူမှုကွန်ရက်မှာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ…
Read More
ရခိုင်ပြည်ကပြန်လာပြီး ဆက်သွယ်မလာတဲ့သူတွေကို အရေးယူမယ်
ရခိုင်ပြည်ကပြန်လာပြီး ဆက်သွယ်မလာတဲ့သူတွေကို အရေးယူမယ် ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀ သိင်္ဂီ (VOM) ရခိုင်ပြည်နယ်ကနေ သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ပြန်ရောက်လာသူထဲက အခုချိန်ထိ ဆက်သွယ်မလာတဲ့သူတွေကို စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။ “သတင်းမပို့ဘဲ ရပ်ကွက်တွေ ဒေသတွေထဲမှာ ရောဂါစတင်ဖြစ်ပွားမယ်၊ အဲ့ဒီတော့မှ နောင်တရတာတွေမဖြစ်အောင် အားလုံးသတင်းပို့စေချင်ပါတယ်။ ဒါကြောင့် တဖက်ကအသိပညာပေးတဲ့အပိုင်းနဲ့၊ တောင်းပန်တဲ့အပိုင်းဆောင်ရွက်သလို တဖက်ကလည်း တရားဥပဒေအရ အရေးယူတဲ့အပိုင်းကိုပါ လုပ်တာဖြစ်တယ်။မြေပြင်မှာ ဒီလူတစ်ယောက်က ဖုန်းနဲ့ဆက်သွယ်လို့မရတာ၊ သူ့လိပ်စာသွားမေးရင် ရှိတယ်လို့ပြောမလား၊ ဒါကြောင့် အရေးယူမှုလုပ်မှာဖြစ်တယ်”လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။ အရေးယူတဲ့အခါ သတင်းပေးပို့ဖို့ပျက်ကွက်တဲ့ ကာယကံရှင်ကိုယ်တိုင် ဖြစ်စေ၊ ကာယကံရှင်ကို သိလျက်နဲ့ ဖုံးကွယ်ထားတဲ့သူတွေကိုပါ သတင်းပို့ဖို့ ပျက်ကွက်မှုနဲ့ အရေးယူမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ သြဂုတ်လ…
Read More
VOM News
FREE
VIEW