ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ်

ရခိုင်မှာ အကြမ်းဖက်သတ်ဖြတ်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ကယားကျောင်းသားသမဂ္ဂက ပိုစတာကမ်ပိန်းလုပ်

နေပြည်တော်၊စက်တင်ဘာ ၉-၂၀၂၀
ကောင်းလက်ျာ(VOM)

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းရင်းသားအခွင့်အရေးချိုးဖောက်နေတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ဦးဆောင်ကာ ဒီကနေ့မနက်ပိုင်းက လွိုင်ကော်မြို့မှာ Poster Campign တစ်ခုပြုလုပ်ခဲ့ပါတယ်။

” လွိုင်ကော်မြို့ လူစည်ကားရာ လမ်းဆုံလမ်းဂွ‌တွေမှာ လိုက်ကပ်ခဲ့တာပါ။ တားမြစ်တာဘညာမရှိပါဘူး။ ရခိုင်ပြည်သူတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြချင်တာပါ”လို့
ကယားပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ တိမ်ဆွေက ပြောပါတယ်။

အဲ့ဒီပိုစတာတွေကတော့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ၊ No Bloody Government၊ NO Murder Army၊ ရခိုင်ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ရခိုင်ပြည်သူလူထုနဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ စတဲ့ စာသားတွေကို ထည့်သွင်းရေးသားထားတယ်လို့ ပြည်နယ်ကျောင်းသားသမဂ္ဂအဖွဲ့ကနေ သိရပါတယ်။

ဆန့်ကျင်မှုပြုလုပ်တဲ့ ပိုစတာတွေကို လွိုင်ကော်မြို့ရဲ့ လူစည်ကားရာလမ်းဆုံလမ်း
ဂွများ၊ ဓာတ်တိုင်၊ မီးပွိုင့်၊ နောင်ယားကန်နဲ့ ထေးလျားကန်တို့မှာ လိုက်လံကပ်ထားခဲ့ကြတာဖြစ်ပြီး ကယားပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့က ကျောင်းသူကျောင်သားတွေကိယ်တိုင် လိုက်ပါခဲ့ကြတာလည်း ဖြစ်ပါတယ်။

ရခိုင်က ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်တယ်ကြောင်းပြတဲ့ ပိုစတာကမ်ပိန်းတွေကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီကနေ့မနက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌနဲ့ ပြန်‌ကြားရေးတာဝန်ခံတို့အပါအဝင် သမဂ္ဂအဖွဲ့ဝင် ၃ ဦးကို ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Photo – KSSU
#voiceofmyanmar #VOM #လွိုင်ကော်

Zawgyi

ရခိုင္မွာ အၾကမ္းဖက္သတ္ျဖတ္ေနတာကို ဆန္႔က်င္တဲ့အေနနဲ႔ ကယားေက်ာင္းသားသမဂၢက ပိုစတာကမ္ပိန္းလုပ္

ေနျပည္ေတာ္၊စက္တင္ဘာ ၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ တိုင္းရင္းသားအခြင့္အေရးခ်ိဳးေဖာက္ေနတာေတြကို ဆန႔္က်င္တဲ့အေနနဲ႔ ကယားျပည္နယ္ ေက်ာင္းသားသမဂၢအဖြဲ႔က ဦးေဆာင္ကာ ဒီကေန႔မနက္ပိုင္းက လြိဳင္ေကာ္ၿမိဳ႔မွာ Poster Campign တစ္ခုျပဳလုပ္ခဲ့ပါတယ္။

” လြိဳင္ေကာ္ၿမိဳ႕ လူစည္ကားရာ လမ္းဆံုလမ္းဂြ‌ေတြမွာ လိုက္ကပ္ခဲ့တာပါ။ တားျမစ္တာဘညာမရွိပါဘူး။ ရခိုင္ျပည္သူေတြနဲ႔ တစ္သားတည္းရွိတယ္ဆိုတာကို ျပခ်င္တာပါ”လို႔
ကယားျပည္နယ္ေက်ာင္းသားသမဂၢအဖြဲ႕ဥကၠ႒ တိမ္ေဆြက ေျပာပါတယ္။

အဲ့ဒီပိုစတာေတြကေတာ့ ရခိုင္မွာ အင္တာနက္ျဖတ္ေတာက္မႈ အလိုမရွိ၊ No Bloody Government၊ NO Murder Army၊ ရခိုင္ျပည္နယ္အစိုးရအား အယုံအၾကည္မရွိ၊ ရခိုင္ျပည္သူလူထုနဲ႔အတူ ရပ္တည္ၾက၊ ဖက္ဆစ္လူသတ္ဝါဒဆန႔္က်င္ၾက စတဲ့ စာသားေတြကို ထည့္သြင္းေရးသားထားတယ္လို႔ ျပည္နယ္ေက်ာင္းသားသမဂၢအဖြဲ႕ကေန သိရပါတယ္။

ဆန္႔က်င္မႈျပဳလုပ္တဲ့ ပိုစတာေတြကို လြိဳင္ေကာ္ၿမိဳ႕ရဲ႔ လူစည္ကားရာလမ္းဆံုလမ္း
ဂြမ်ား၊ ဓာတ္တိုင္၊ မီးပြိဳင့္၊ ေနာင္ယားကန္နဲ႔ ေထးလ်ားကန္တို႔မွာ လိုက္လံကပ္ထားခဲ့ၾကတာျဖစ္ၿပီး ကယားျပည္နယ္ ေက်ာင္းသားသမဂၢအဖြဲ႕က ေက်ာင္းသူေက်ာင္သားေတြကိယ္တိုင္ လိုက္ပါခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ရခိုင္က ျပည္သူေတြနဲ႔ တစ္သားတည္းရပ္တည္တယ္ေၾကာင္းျပတဲ့ ပိုစတာကမ္ပိန္းေတြကို ရွမ္းျပည္နယ္၊ ကယားျပည္နယ္တို႔မွာ တစ္ၿပိဳင္တည္း ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီကေန႔မနက္က ရခိုင္ျပည္နယ္အစိုးရအဖြဲ႕႐ုံးေရွ႕မွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့တဲ့ ရခိုင္ျပည္နယ္ ေက်ာင္းသားသမဂၢအဖြဲ႕ဥကၠ႒နဲ႔ ျပန္‌ၾကားေရးတာဝန္ခံတို ႔အပါအဝင္ သမဂၢအဖြဲ႔ဝင္ ၃ ဦးကို ရဲတပ္ဖြဲ႔ကေန ဖမ္းဆီးခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္။

Photo – KSSU
#voiceofmyanmar #VOM #လြိဳင္ေကာ္

Related posts

Leave a Comment

VOM News

FREE
VIEW