စစ်ကိုင်းတိုင်းအတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေ

စစ်ကိုင်းတိုင်းအတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေ

မုံရွာ၊ စက်တင်ဘာ ၉ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ကသာခရိုင်နဲ့ ကန့်ဘလူခရိုင်အတွင်းက ရွှေသတ္တုနဲ့ ခဲသတ္တုတွေ တရားမဝင် တူးဖော်လုပ်ကိုင်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံးကနေ သိရပါတယ်။

“ ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်ခိုးယူတူးဖော်မှု အခြေအနေကတော့ ၂၀၁၆ မှာ ၅၄ မှုနဲ့ တရားခံ ၇၃ ဦး ၊ ၂၀၁၇ မှာ ၇၆ မှု နဲ့ တရားခံ ၁၂၆ ဦး ၊ ၂၀၁၈ မှာ ၅၄ မှုနဲ့ တရားခံ ၇၃ ဦး ၊ ၂၀၁၉ မှာ ၉၈ မှုနဲ့ တရားခံ ၁၉၀ ဦး ၊ ၂၀၂၀ ဇူလိုင် ၁၂ ရက်အထိ ၂၈ မှု နဲ့ တရားခံ ၄၈ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ် ၊ ရွှေသတ္တုနဲ့ ခဲသတ္တု တရားမဝင်တူးဖော်ရာမှာ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်ပတ်သက်နေလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ အရေးယူတာလည်းရှိတယ်”လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ နယ်စပ်ရေးရာနဲ့လုံခြုံရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြီးတန်းအရာရှိတစ်ဦး က ပြောပါတယ်။

ရွှေသတ္တုနဲ့ ခဲသတ္တု တူးဖော်လုပ်ကိုင်ရာမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အလွန်များပြားပြီး သဘာဝဂေဟနစ်တွေ ပျက်ယွင်းတဲ့အတွက် အကန့်အသတ်အနည်းငယ်နဲ့သာ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်တဲ့အခါ တရားမဝင် ခိုးယူတူးဖော်သူတွေကို ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၁၆ခုနှစ်ကနေ ၂၀၂၀ ဇူလိုင် ၁၂ရက်အထိ ရွှေသတ္တု နဲ့ ခဲသတ္တု တရားမဝင် ခိုးယူတူးဖော်မှု (၃၁၀)နဲ့ လုပ်ကိုင်သူ (၅၁၀) ဦး ရှိပါတယ်။ ဒါ့အပြင် ၂၀၁၉ မှာ ခဲသတ္တု တရားမဝင် ခိုးယူတူးဖော်မှု ၁ မှုနဲ့ လုပ်ကိုင်သူ ၃ ဦးကိုလည်း ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် ရွှေသတ္တု ခိုးယူတူးဖော်ရာမှာ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်နေတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ က ဖမ်းဆီးအရေးယူပြီး စစ်ကိုင်းတိုင်းတရားလွှတ်တော်ရုံးမှာ တရားစွဲဆိုစစ်ဆေးနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

စစ္ကိုင္းတိုင္းအတြင္းက ေရႊသတၱဳနဲ႔ ခဲသတၱဳ တရားမ၀င္တူးေဖာ္ရာမွာ ၀န္ထမ္းတခ်ိဳ႔ ပါ၀င္ပတ္သက္ေန

မံုရြာ၊ စက္တင္ဘာ ၉ ၊ ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ ခႏၱီးခရိုင္၊ ကသာခရိုင္နဲ႔ ကန္႔ဘလူခရိုင္အတြင္းက ေရႊသတၱဳနဲ႔ ခဲသတၱဳေတြ တရားမ၀င္ တူးေဖာ္လုပ္ကိုင္ရာမွာ ၀န္ထမ္းတခ်ိဳ႕ ပါ၀င္ပတ္သက္ေနတယ္လို႔ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႔ရံုးကေန သိရပါတယ္။

“ ေရႊသတၱဳနဲ႔ ခဲသတၱဳ တရားမ၀င္ခိုးယူတူးေဖာ္မႈ အေျခအေနကေတာ႔ ၂၀၁၆ မွာ ၅၄ မႈနဲ႔ တရားခံ ၇၃ ဦး ၊ ၂၀၁၇ မွာ ၇၆ မႈ နဲ႔ တရားခံ ၁၂၆ ဦး ၊ ၂၀၁၈ မွာ ၅၄ မႈနဲ႔ တရားခံ ၇၃ ဦး ၊ ၂၀၁၉ မွာ ၉၈ မႈနဲ႔ တရားခံ ၁၉၀ ဦး ၊ ၂၀၂၀ ဇူလိုင္ ၁၂ ရက္အထိ ၂၈ မႈ နဲ႔ တရားခံ ၄၈ ဦးကို ဖမ္းဆီးအေရးယူခဲ႔တယ္ ၊ ေရႊသတၱဳနဲ႔ ခဲသတၱဳ တရားမ၀င္တူးေဖာ္ရာမွာ ျပည္သူ႕၀န္ထမ္းေတြ ပါ၀င္ပတ္သက္ေနလို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကေန အေရးယူတာလည္းရွိတယ္”လို႔ စစ္ကိ္ုင္းတိုင္းအစိုးရအဖြဲ႔ ၊ နယ္စပ္ေရးရာနဲ႔လံုျခံဳေရး ၀န္ၾကီးဌာနမွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ အၾကီးတန္းအရာရွိတစ္ဦး က ေျပာပါတယ္။

ေရႊသတၱဳနဲ႔ ခဲသတၱဳ တူးေဖာ္လုပ္ကိုင္ရာမွာ သဘာ၀ပတ္၀န္းက်င္ ထိခိုက္ပ်က္စီးမႈ အလြန္မ်ားျပားျပီး သဘာ၀ေဂဟနစ္ေတြ ပ်က္ယြင္းတဲ့အတြက္ အကန္႔အသတ္အနည္းငယ္နဲ႔သာ ထုတ္ယူသံုးစြဲနိုင္ေရးအတြက္ ၾကပ္မတ္ေဆာင္ရြက္တဲ႔အခါ တရားမ၀င္ ခိုးယူတူးေဖာ္သူေတြကို ဖမ္းဆီးရရွိခဲ႔တာ ျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းအတြင္းမွာ ၂၀၁၆ခုႏွစ္ကေန ၂၀၂၀ ဇူလိုင္ ၁၂ရက္အထိ ေရႊသတၱဳ နဲ႔ ခဲသတၱဳ တရားမ၀င္ ခိုးယူတူးေဖာ္မႈ (၃၁၀)နဲ႔ လုပ္ကိုင္သူ (၅၁၀) ဦး ရွိပါတယ္။ ဒါ႔အျပင္ ၂၀၁၉ မွာ ခဲသတၱဳ တရားမ၀င္ ခိုးယူတူးေဖာ္မႈ ၁ မႈနဲ႔ လုပ္ကိုင္သူ ၃ ဦးကိုလည္း ဖမ္းဆီး အေရးယူခဲ႔တယ္လို႔ သိရပါတယ္။

တရားမ၀င္ ေရႊသတၱဳ ခိုးယူတူးေဖာ္ရာမွာ ၀န္ထမ္းတခ်ိဳ႕ ပါ၀င္ပတ္သက္ေနတဲ႔အတြက္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးအဖြဲ႔ က ဖမ္းဆီးအေရးယူျပီး စစ္ကိုင္းတိုင္းတရားလႊတ္ေတာ္ရံုးမွာ တရားစြဲဆိုစစ္ေဆးေနတာေတြလည္းရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW