စမ်းသပ်ခံလူနာတစ်ဦး အပြင်းအထန်နာဖျားပြီးနောက် AstraZeneca နဲ့ အောက်စဖို့ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုရပ်ဆိုင်း

စမ်းသပ်ခံလူနာတစ်ဦး အပြင်းအထန်နာဖျားပြီးနောက် AstraZeneca နဲ့ အောက်စဖို့ထုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုရပ်ဆိုင်း

လန်ဒန်၊ စက်တင်ဘာ ၉-၂၀၂၀
မျိုးဆက် (VOM)

AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်မှာ စမ်းသပ်ရာ စမ်းသပ်ခံသူတစ်ဦး ဆိုးဆိုးရွားရွားတုံ့ပြန်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

ရှင်းပြလို့မရတဲ့ ဖျားနာမှုတစ်ရပ်ဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ဆေးစမ်းသပ်မှုကို လုပ်ရိုးလုပ်စဉ်အတွင်း ခေတ္တဆိုင်းငံ့ထားတယ်လို့ AstraZeneca ကုမ္ပဏီကပြောပါတယ်။

AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အဲဒီကာကွယ်ဆေး စမ်းသပ်မှုရလဒ်အပေါ် ကမ္ဘာတစ်ဝန်းက အနီးကပ်စောင့်ကြည့်နေကြပြီး ကာကွယ်ဆေးဟာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေထဲက အလားအလာအကောင်းဆုံးအဖြစ် ရှုမြင်ခံထားရပါတယ်။

အဲ့ဒီကာကွယ်ဆေးဟာ အဆင့် ၁ နဲ့ အဆင့် ၂ စမ်းသပ်မှုတွေ အောင်မြင်ပြီးနောက် ဈေးကွက်ထဲကို ပထမဆုံး ရောက်ရှိလာမယ့် ကာကွယ်ဆေးဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း မြင့်တက်နေပါတယ်။

ကာကွယ်ဆေးစမ်းသပ်မှုအဆင့် ၃ ကို ဗြိတိန်၊ ဘရာဇီး၊ တောင်အာဖရိကနဲ့ အမေရိကန်တို့မှာ လူ သုံးသောင်းနဲ့ မကြာသေးမီက စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုဟာ လူထောင်ပေါင်းများစွာ ပါဝင်ရမှာဖြစ်ပြီး နှစ်အတန်ငယ် ကြာမြင့်နိုင်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #လန်ဒန်

Zawgyi

စမ္းသပ္ခံလူနာတစ္ဦး အျပင္းအထန္နာဖ်ားျပီးေနာက္ AstraZeneca နဲ႔ ေအာက္စဖို႔ထုတ္ ကိုဗစ္ကာကြယ္ေဆး စမ္းသပ္မႈရပ္ဆိုင္း

လန္ဒန္၊ စက္တင္ဘာ ၉-၂၀၂၀
မ်ိဳးဆက္ (VOM)

AstraZeneca ကုမၸဏီနဲ႔ ေအာက္စဖို႔တကၠသိုလ္တို႔ ပူးေပါင္းထုတ္လုပ္ထားတဲ႔ ကိုဗစ္-၁၉ ကာကြယ္ေဆးကို ျဗိတိန္မွာ စမ္းသပ္ရာ စမ္းသပ္ခံသူတစ္ဦး ဆိုးဆိုးရြားရြားတံု႕ျပန္မႈေတြ ျဖစ္ေပၚခဲ႔တဲ႔အတြက္ ကာကြယ္ေဆး ေနာက္ဆံုးအဆင္႔စမ္းသပ္မႈေတြကို ရပ္ဆိုင္းလိုက္ပါတယ္။

ရွင္းျပလို႔မရတဲ႔ ဖ်ားနာမႈတစ္ရပ္ျဖစ္ပြားခဲ႔တာေၾကာင္႔ ကာကြယ္ေဆးစမ္းသပ္မႈကို လုပ္ရိုးလုပ္စဥ္အတြင္း ေခတၱဆိုင္းငံ႕ထားတယ္လို႔ AstraZeneca ကုမၸဏီကေျပာပါတယ္။

AstraZeneca ကုမၸဏီနဲ႔ ေအာက္စဖို႔တကၠသိုလ္တို႔ ပူးေပါင္းထုတ္လုပ္ထားတဲ႔ အဲဒီကာကြယ္ေဆး စမ္းသပ္မႈရလဒ္အေပၚ ကမၻာတစ္၀န္းက အနီးကပ္ေစာင္႔ၾကည္႔ေနၾကျပီး ကာကြယ္ေဆးဟာ ကမၻာတစ္၀န္း ထုတ္လုပ္ေနတဲ႔ ကာကြယ္ေဆးေတြထဲက အလားအလာအေကာင္းဆံုးအျဖစ္ ရႈျမင္ခံထားရပါတယ္။

အဲ့ဒီကာကြယ္ေဆးဟာ အဆင္႔ ၁ နဲ႔ အဆင္႔ ၂ စမ္းသပ္မႈေတြ ေအာင္ျမင္ျပီးေနာက္ ေစ်းကြက္ထဲကို ပထမဆံုး ေရာက္ရိွလာမယ္႔ ကာကြယ္ေဆးျဖစ္လာမယ္ဆုိတဲ႔ ေမွ်ာ္လင္႔ခ်က္ေတြလည္း ျမင္႔တက္ေနပါတယ္။

ကာကြယ္ေဆးစမ္းသပ္မႈအဆင္႔ ၃ ကို ျဗိတိန္၊ ဘရာဇီး၊ ေတာင္အာဖရိကနဲ႔ အေမရိကန္တို႔မွာ လူ သံုးေသာင္းနဲ႔ မၾကာေသးမီက စမ္းသပ္မႈေတြျပဳလုပ္ခဲ႔ပါတယ္။ ကာကြယ္ေဆး အဆင္႔ ၃ စမ္းသပ္မႈဟာ လူေထာင္ေပါင္းမ်ားစြာ ပါ၀င္ရမွာျဖစ္ျပီး နွစ္အတန္ငယ္ ၾကာျမင္႔နုိင္ပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #လန္ဒန္

Related posts

Leave a Comment

VOM News

FREE
VIEW