ရခိုင်ပြည်ကပြန်လာပြီး ဆက်သွယ်မလာတဲ့သူတွေကို အရေးယူမယ်

ရခိုင်ပြည်ကပြန်လာပြီး ဆက်သွယ်မလာတဲ့သူတွေကို အရေးယူမယ်

ရန်ကုန်၊ စက်တင်ဘာ ၉-၂၀၂၀
သိင်္ဂီ (VOM)

ရခိုင်ပြည်နယ်ကနေ သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ပြန်ရောက်လာသူထဲက အခုချိန်ထိ ဆက်သွယ်မလာတဲ့သူတွေကို စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူတော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။

“သတင်းမပို့ဘဲ ရပ်ကွက်တွေ ဒေသတွေထဲမှာ ရောဂါစတင်ဖြစ်ပွားမယ်၊ အဲ့ဒီတော့မှ နောင်တရတာတွေမဖြစ်အောင် အားလုံးသတင်းပို့စေချင်ပါတယ်။ ဒါကြောင့် တဖက်ကအသိပညာပေးတဲ့အပိုင်းနဲ့၊ တောင်းပန်တဲ့အပိုင်းဆောင်ရွက်သလို တဖက်ကလည်း တရားဥပဒေအရ အရေးယူတဲ့အပိုင်းကိုပါ လုပ်တာဖြစ်တယ်။မြေပြင်မှာ ဒီလူတစ်ယောက်က ဖုန်းနဲ့ဆက်သွယ်လို့မရတာ၊ သူ့လိပ်စာသွားမေးရင် ရှိတယ်လို့ပြောမလား၊ ဒါကြောင့် အရေးယူမှုလုပ်မှာဖြစ်တယ်”လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

အရေးယူတဲ့အခါ သတင်းပေးပို့ဖို့ပျက်ကွက်တဲ့ ကာယကံရှင်ကိုယ်တိုင် ဖြစ်စေ၊
ကာယကံရှင်ကို သိလျက်နဲ့ ဖုံးကွယ်ထားတဲ့သူတွေကိုပါ သတင်းပို့ဖို့ ပျက်ကွက်မှုနဲ့ အရေးယူမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ်ကနေ နေပြည်တော် အပါအဝင် ပြည်နယ်.နဲ့ တိုင်းဒေသကြီးကို ရောက်ရှိနေသူတွေ နေပြည်တော် ၊ အခြားတိုင်းဒေသကြီး ၊ အခြားတိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကနေ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး မိမိနေရပ်ကို ပြန်လည်ရောက်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိတဲ့ဌာန ၊ အဖွဲ့အစည်းနဲ့ နီးစပ်ရာကျန်းမာရေးဌာနတွေကို သတင်းပို့ဖို့ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

လေယာဉ်နဲ့ ခရီးသွားလာခဲ့သူ (၅၄၀၉)ဦးရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ဖုန်းဆက်သွယ်မှုရရှိခဲ့သူ (၂၆၂၂) ဦးအနက် (၁၅၇၄) ဦးကိုသာ သက်ဆိုင်ရာတာဝန်ရှိတဲ့ ကျန်းမာရေးဌာနကို သတင်းပေးပို့ခဲ့ပြီး ကျန်တဲ့သူတွေကတော့ အခုချိန်ထိ အဆက်အသွယ်မရသလို သတင်းပို့တာလည်း မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် စာရင်းမပေးပို့ရသေးသူတွေအနေနဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး နီးစပ်ရာကျန်းမာရေးဌာနကို ကာယကံရှင်ကိုယ်တိုင် ဒါမှမဟုတ် သိရှိသူတွေအနေနဲ့ မပျက်မကွက် သတင်းပေးရမှာဖြစ်ပါတယ်။

Photo – MOHS
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ရခိုင္ျပည္ကျပန္လာၿပီး ဆက္သြယ္မလာတဲ့သူေတြကို အေရးယူမယ္

ရန္ကုန္၊ စက္တင္ဘာ ၉-၂၀၂၀
သိဂႌ (VOM)

ရခိုင္ျပည္နယ္ကေန ျသဂုတ္လ ၁၀ ရက္ေန႔ကစၿပီး ျပန္ေရာက္လာသူထဲက အခုခ်ိန္ထိ ဆက္သြယ္မလာတဲ့သူေတြကို စက္တင္ဘာလ ၁၂ ရက္ေန႔ကစတင္ကာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ အေရးယူေတာ့မွာျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက အသိေပးေျပာဆိုလိုက္ပါတယ္။

“သတင္းမပို႔ဘဲ ရပ္ကြက္ေတြ ေဒသေတြထဲမွာ ေရာဂါစတင္ျဖစ္ပြားမယ္၊ အဲ့ဒီေတာ့မွ ေနာင္တရတာေတြမျဖစ္ေအာင္ အားလုံးသတင္းပို႔ေစခ်င္ပါတယ္။ ဒါေၾကာင့္ တဖက္ကအသိပညာ​ေပးတဲ့အပိုင္းနဲ႔၊ ေတာင္းပန္တဲ့အပိုင္းေဆာင္ရြက္သလို တဖက္ကလည္း တရားဥပေဒအရ အေရးယူတဲ့အပိုင္းကိုပါ လုပ္တာျဖစ္တယ္။ေျမျပင္မွာ ဒီလူတစ္ေယာက္က ဖုန္းနဲ႔ဆက္သြယ္လို႔မရတာ၊ သူ႔လိပ္စာသြား​ေမးရင္ ႐ွိတယ္လို႔ေျပာမလား၊ ဒါေၾကာင့္ အေရးယူမႈလုပ္မွာျဖစ္တယ္”လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ၫႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္ ။

အေရးယူတဲ့အခါ သတင္းေပးပို႔ဖို႔ပ်က္ကြက္တဲ့ ကာယကံ႐ွင္ကိုယ္တိုင္ ျဖစ္ေစ၊
ကာယကံရွင္ကို သိလ်က္နဲ႔႔ ဖုံးကြယ္ထားတဲ႔သူ​ေတြကိုပါ သတင္းပို႔ဖို႔ ပ်က္ကြက္မႈနဲ႔ အေရးယူမွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ျသဂုတ္လ ၁၀ ရက္ေန႔က စတင္ၿပီး ရခိုင္ျပည္နယ္ကေန ေနျပည္ေတာ္ အပါအဝင္ ျပည္နယ္.နဲ့ တိုင္း​ေဒသၾကီးကို ေရာက္ရွိေနသူေတြ ေနျပည္ေတာ္ ၊ အျခားတိုင္းေဒသႀကီး ၊ အျခားတိုင္းေဒသႀကီး နဲ႔ ျပည္နယ္ေတြကေန ရခိုင္ျပည္နယ္ကို သြားေရာက္ခဲ့ၿပီး မိမိေနရပ္ကို ျပန္လည္ေရာက္ရွိသူေတြအေနနဲ႔ သက္ဆိုင္ရာတာဝန္ရွိတဲ့ဌာန ၊ အဖြဲ႕အစည္းနဲ႔ နီးစပ္ရာက်န္းမာေရးဌာန​ေတြကို သတင္းပို႔ဖို႔ အသိေပးထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

ေလယာဥ္နဲ႔ ခရီးသြားလာခဲ့သူ (၅၄၀၉)ဦးရွိၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ဌာနက ဖုန္းဆက္သြယ္မႈရရွိခဲ့သူ (၂၆၂၂) ဦးအနက္ (၁၅၇၄) ဦးကိုသာ သက္ဆိုင္ရာတာဝန္ရွိတဲ့ က်န္းမာေရးဌာနကို သတင္းေပးပို႔ခဲ့ၿပီး က်န္တဲ့သူေတြကေတာ့ အခုခ်ိန္ထိ အဆက္အသြယ္မရသလို သတင္းပို႔တာလည္း မ႐ွိဘူးလို႔ သိရပါတယ္။

ဒါေၾကာင့္ စာရင္းမေပးပို႔ရေသးသူေတြအေနနဲ႔ စက္တင္ဘာလ ၁၁ ရက္ေန႔ ေနာက္ဆုံးထားၿပီး နီးစပ္ရာက်န္းမာေရးဌာနကို ကာယကံရွင္ကိုယ္တိုင္ ဒါမွမဟုတ္ သိ႐ွိသူေတြအေနနဲ႔ မပ်က္မကြက္ သတင္းေပးရမွာျဖစ္ပါတယ္။

Photo – MOHS
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW