ထန်တလန်းမြို့ရှိ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခံရ

ထန်တလန်းမြို့ရှိ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခံရ

ထန်းတလန် ၊ စက်တင်ဘာ ၁၀-၂၀၂၀
ကိုတိုးကြီး (VOM)

ချင်းပြည်နယ်တောင်ပိုင်း၊ ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားအဆောက်အဦးထဲမှာပြုလုပ်ထားတဲ့ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခြင်းခံထားရတယ်လို့ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

“ စက်တင်ဘာ ၈ ရက်နေ့က ထန်တလန်မြို့ကို ပြန်ရောက်လာတဲ့ တရုတ်ပြည်တော်ပြန် နှစ်ယောက်ကို မိုးလုံလေလုံ အားကစားအဆောက်အဦးထဲမှာ Facility Quarantine ဖို့ သွားရောက်ကြည့်ရှု့တဲ့အခါ အခန်း ၁၅ခန်း ဖျက်စီးခံထားရတာကို တွေ့ရှိရပါတယ် ” လို့ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆွေမြင့် ကပြောပါတယ်။

ထန်တလန်မြို့ မိုးလုံလေလုံ အားကစားအဆောက်အဦးမှာ Community Base Facility Quarantine ထားဖို့ ပြင်ဆင်ထားတဲ့ အခန်းအမျိုးအစားတွေကတော့ အလျား – အနံ – အမြင့် ၈ ပေပတ်လည်အခန်း ၁၇ခန်း တည်ဆောက်ထားတာဖြစ်ပြီး အဲ့ဒီ အခန်းတွေထဲက ၁၅ ခန်း ဖျက်ဆီးခံထားရတာကို သက်ဆိုင်ရာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ အရင်ကတော့ ကွာရီတင်းထားရမယ့်သူတွေများတော့ အဆင်ပြေ အချိုးကြအောင် ဆေးရုံမှာထားတယ် ၊ အခုဟာက တရုတ်ပြည်တော်ပြန် လင်မယားကို မိုးလုံလေလုံ အားကစားရုံမှာထားဖို့ သွားရောက်ကြည့်တဲ့အခါ အခန်းတွေဖျက်စီးထားတာကို တွေ့ရတာပါ “ လို့ ဦးအောင်ဆွေမြင့်က ပြောပါတယ်။

အဲ့ဒီလို ဖျက်စီးခံလိုက်ရတဲ့ ကွာရန်တင်းအခန်းတွေဟာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထ အကုန်ကျခံ ဆောက်လုပ်ထားတာဖြစ်ပြီး အခုလို အခန်းတွေဖျက်စီးထားတဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူးက ထန်တလန်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖျက်စီးခံလိုက်ရတဲ့ အခန်း ၁၅ ခန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်ပြင်ဆင်ပေးနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ကူးဆက်မြန် ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော်အဆင့် လုပ်ကိုင်နေတဲ့အချိန်မှာ ထန်တလန်မြို့က Community Base Facility Quarantine အခန်း ၁၅ ခန်းကို ဖျက်စီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်တလန် #ကွာရန်တင်းစင်တာ #ဖျက်စီးခံရ

Zawgyi


ကိုတိုးကြီး (VOM)









Related posts

Leave a Comment

VOM News

FREE
VIEW