စက်တင်ဘာ ၁၀ ရက်နေ့မှာမှ မဲဆွယ်စည်းရုံးမှုစတင်လာတဲ့ ပြည်သူ့ပါတီရဲ့ လှုပ်ရှားမှု

စက်တင်ဘာ ၁၀ ရက်နေ့မှာမှ မဲဆွယ်စည်းရုံးမှုစတင်လာတဲ့ ပြည်သူ့ပါတီရဲ့ လှုပ်ရှားမှု မန္တလေး၊ စက်တင်ဘာ- ၁၀- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေမြို့မှာတော့ ပြည့်သူ့ပါတီဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ် မြို့နယ်သုံးခုမှာ မဲဆွယ်စည်းရုံးသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာတော့ မန္တလေးမြို့မှာ NLD ပါတီကို ထောက်ခံအားပေးတဲ့ ပြည်သူတွေအနေနဲ့ NLD ပါတီတံဆိပ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရုပ်ပုံပါတဲ့ အင်္ကျီ၊ စတစ်ကာ၊ နှာခေါင်းစည်း၊ နဖူးစည်း ဗီနိုင်းတွေကို တပ်ဆင်ကာ လှည့်လည်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်ကနေ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ပါတီတွေကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ မဲဆွယ်စည်းရုံးခွင့် ပေးလိုက်တာဖြစ်ပါတယ်။ #VoiceofMyanmar #VOM #အထွေထွေရွေးကောက်ပွဲ #Elections #မဲဆွယ်စည်းရုံးရေးကာလ Za wgyi စက္တင္ဘာ…

Read More

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO)

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်တောင်းကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ PNO – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၈ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ PNO – နယ်မြေဒေသဖွံ့ဖြိုးရေး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ကို ကျန်တော်တို့က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမယ်။ ၂၀၁၀၊၂၀၁၅ အခုလည်း ဆက်လက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒါကိုပဲဆောင်ရွက်မှာပါ။ VOM- အာဏာရပါတီနဲ့ ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ PNO – သူတို့က ကျွန်တော်တို့ကိုယှဉ်ပြိုင် ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒေသရအောင်ကြိုးစားနေတယ်။ ပထမအကြိမ်တုန်းကလည်း…

Read More

စစ်တွေက ဆန္ဒပြကျောင်းသား(၃) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်

စစ်တွေက ဆန္ဒပြကျောင်းသား(၃) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ (၂၅) နဲ့ အမှုဖွင့် စစ်တွေ၊ စက်တင်ဘာ ၁၀-၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနေ့ စက်တင်ဘာလ ၉ ရက်နေ့က ပြည်နယ်အစိုးရရုံးရှေ့မှာ ရခိုင်ပြည်ကျောင်းသားများသမဂ္ဂ(စစ်တွေ)က ကျောင်းသားခေါင်းဆောင် (၃) ဦးဟာ ပိုစတာတွေကိုင်ပြီး အချက် (၅) ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီကျောင်းသား ၃ ဦးကို ဒီကနေ့မှာပဲ ရဲတပ်ဖွဲ့ကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ (၂၅) နဲ့အမှုဖွင့်ထားတာဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ထိ ချုပ်ရမန်ယူထားတယ်လို့လည်း သိရပါတယ်။ မနေ့က သူတို့သုံးဦးကို ရဲတပ်ဖွဲ့က ဆန္ဒပြနေချိန်မှာပဲ ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေ) ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ (၃) ဦးကို စစ်တွေမြို့နယ်တရားရုံးမှာ ချုပ်ရမန် စက်တင်ဘာလ…

Read More

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ

Magway canditate

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ   Voice Of Myanmar   မကွေးတိုင်း ၂၅ မြို့နယ်က မဲဆန္ဒနယ်အကုန်လုံးကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၄ခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့ဖြစ်ပါတယ်။ သူတို့ပါတီတွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် စုစုပေါင်း ၈၈ နေရာလုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နေရာ ၅၁ နေရာ  အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ( DNP )က ၁၆ နေရာပြိုင်ပြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီ နဲ့ တသီးပုဂ္ဂလ ၁၆ ယောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   #voiceofmyanmar #VOM #မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ…

Read More

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ)

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ) အင်အားနည်းပေမယ့် အားကြီးသူတွေနဲ့ မိတ်ဖွဲ့ထားလို့ အားမငယ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးကြိုင် ကို ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? ဦးအေးကြိုင်- ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးအေးကြိုင်- အကယ်၍ ကျန်တော်တို့ လွှတ်တော်မှာပါဝင်ခွင့်ရှိရင် ရခိုင်ပြည်နယ်အနေနဲ့ တောင်သူလယ်သမားအခန်းကဏ္ဍနဲ့ပတ်သက် လို့လုပ်ကိုင်‌ဆောင်ရွက်မှုတွေ အားနည်းချက်ရှိတယ်။တစ်ခြားနိုင်ငံက တောင်သူလယ်သမားတွေနဲ့အချိတ်အဆက်လုပ်ပြီးလို့ရှိရင်,နောင်လာမဲ့အနာဂတ်မှာ လက်ရှိအချိန်ထက် တောင်သူလယ်သမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာအောင်၊ နောက်တစ်ခုက အခုလက်ရှိအခြေအနေမှာက တောင်သူလယ်သမားတွေရဲ့လုပ်ကိုင်မှု၊…

Read More

ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ) VOM ရဲ့ နိုင်ငံရေးပါတီ မိတ်ဆက်တဲ့ကဏ္ဍအတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို VOMသတင်းထောက် ကိုညီသစ်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရက်တစ်ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက်ဝင်ပြိုင်ဖို့ရှိပါသလဲ DPM – ကျွန်တော်တို့က ၃၃ ယောက် တင်ထားပါတယ်။ VOM-ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ DPM- ကတိကဝတ်ရယ်လို့တော့ မပာုတ်ပါဘူး၊ ကျွန်တော်တို့ ကြေညာစာတမ်းထုတ်တဲ့အထဲမှာ ကျတော်တို့ပါတီအနေနဲ့ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ချင်တယ် ဆိုတာမျိုးကိုပြောပြထားပါတယ်၊ အန္တိမ ရည်မှန်းချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ လူဖြစ်ရကျိုးနပ်စေဖို့ပါပဲ။ VOM-အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားမျိုးနဲ့ယဉ်ပြိုင်မလဲ ခင်ဗျာ့ DPM- အဲ့ဒါကတော့ ဒီလိုပါ အခုဆို ကျွန်တော်တို့က ၃၃ ယောက်ပဲပြိုင်နိုင်တာလေ၊ သူတို့က ထောင်ကျော်တယ်လေ၊ အင်အားအနေနဲ့ပြိုင်တာတော့မရှိဘူးပေါ့၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပါတီရဲ့ပါတီဝင်တွေဖြစ်လာတဲ့နောက် ပါတီဝင်တစ်ယောက်ပာာ သူရဲ့အရည်အချင်းရှိအောင်ပေါ့ဗျာ၊ နိုင်ငံသားဆိုရင်လည်း အဖိုးတန်တဲ့နိုင်ငံသားတစ်ဦးဖြစ်အောင်…

Read More

နေပြည်တော်က အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးရဲ့ဇနီး နေအိမ်မှာ အသတ်ခံရ

နေပြည်တော်က အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးရဲ့ဇနီး နေအိမ်မှာ အသတ်ခံရ နေပြည်တော်၊ စက်တင်ဘာ ၁၀-၂၀၂၀ တာတီး + ကောင်းလက်ျာ(VOM) နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအနီး ကံလှကွက်သစ်ရှိ အလုပ်သမားရေးရာ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးရုံးက ညွန်ကြားရေးမှူးအဆင့်ရှိသူရဲ့ နေအိမ်အတွင်းမှာ စက်တင်ဘာလ ၉ ရက်‌နေ့ ညပိုင်းက အမျိုးသမီးတစ်ဦး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ပတ္တာနယ်မြေရဲစခန်းကနေ သိရပါတယ်။ သေဆုံးသူအမျိုးသမီးဟာ ညွန်ကြားရေးမှူးရဲ့ ဇနီးဖြစ်ပြီး ငွေကြေးနဲ့ လက်ဝတ်ရ တနာအချို့လည်း ပျောက်ဆုံးခဲ့တာ သိရပါတယ်။ ” ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲပါ။ ကျူးလွန်ခံရသူက အသက် ၅၀ နီးပါးရှိပြီ။ ‌အိမ်မှာ တစ်ယောက်ထဲရှိနေတုန်း အသတ်ခံခဲ့ရတာပါ”လို့ ပတ္တာနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။ နေပြည်တော်‌ကောင်စီနယ်‌မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ကံလှကွက်သစ်ဟာ ဒက္ခိဏခရိုင်တရားရုံးအနီးမှာတည်ရှိပြီး လူနေအိမ်ခြေနည်းပါးတယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူ ဒဏ်ရာဒဏ်ချက်တွေနဲ့ လဲကျနေဝာာကို…

Read More

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်   Voice Of Myanmar   ရှမ်းပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၅၅ ခုရှိတဲ့အနက် မြို့နယ် ၅၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။   ရှမ်းပြည်နယ်ကနေပြီးတော့ လွှတ်တော်အသီးသီးကိုဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီပေါင်း ၃၃ ခုနဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၁၀၁၈ ဦးရှိပါတယ်။ ဒီထဲကနေ ကိုယ်စားလှယ်လောင်း ၁၆၅ယောက်နဲ့ အများဆုံးယှဉ်ပြိုင်တာကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဖြစ်ပါတယ်။ ဒုတိယကိုယ်စားလှယ်အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဖြစ်ပြီး  ၁၅၅ ယောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပြီး ၁၅၁ယောက်ပြိုင်မှာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ၁၁၀ စတုတ္ထနေရာက  ရှိပါတယ်။   ကျန်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…

Read More

အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်အန္တရာယ်ကောင်လို့ တရုတ်ကစွပ်စွဲ

အမေရိကန်ဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့်အန္တရာယ်ကောင်လို့ တရုတ်ကစွပ်စွဲ ပေကျင်း၊ စက်တင်ဘာ-၁၀-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်နိုင်ငံဟာ တောင်တရုတ်ပင်လယ်ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် အန္တရာယ်အရှိဆုံး နိုင်ငံဖြစ်လာတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စွပ်စွဲပြောဆိုလိုက်ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ အွန်လိုင်းကနေပြုလုပ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ထိပ်သီးဆွေးနွေးပွဲတစ်ခုမှာ အမေရိကန်နဲ့ပတ်သက်ပြီး ဝမ်ယီကယင်းက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လေယာဉ်တင်သင်္ဘောနှစ်စင်းအပါအဝင် စစ်ရေးလေ့ကျင့်မှုတွေကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံနဲ့တင်းမာမှုတွေမြင့်တက်နေပါတယ်။ ဒေသတွင်းနိုင်ငံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုကိုဖြစ်ပေါ်စေတာတွေကို တိုင်ပင်ဆွေးနွေးမှုကတစ်ဆင့် အငြင်းပွားမှုကို ဖြေရှင်းဖို့ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောပါတယ်။ ဒေသတွင်းမှာ နယ်မြေပိုင်ဆိုင်ရေးအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ပါဝင်တဲ့နိုင်ငံတွေနဲ့ ဆွေးနွေးဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ဝမ်ယီကပြောပါတယ်။ အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတွေအနေနဲ့ ဒေသတွင်းမှာ တင်းမာမှုတွေဖန်တီးပြီး အမြတ်ထုတ်မယ့်အစား ဒေသတွင်းနိုင်ငံတွေရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေကို အပြည့်အ၀ လေးစားလိုက်နာမယ်လို့ တရုတ်နိုင်ငံကမျှော်လင့်ထားတယ်လို့…

Read More

ထန်တလန်းမြို့ရှိ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခံရ

ထန်တလန်းမြို့ရှိ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခံရ ထန်းတလန် ၊ စက်တင်ဘာ ၁၀-၂၀၂၀ ကိုတိုးကြီး (VOM) ချင်းပြည်နယ်တောင်ပိုင်း၊ ထန်တလန်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားအဆောက်အဦးထဲမှာပြုလုပ်ထားတဲ့ ကွာရန်တင်းစင်တာထဲက အခန်း ၁၅ ခန်း ဖျက်စီးခြင်းခံထားရတယ်လို့ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။ “ စက်တင်ဘာ ၈ ရက်နေ့က ထန်တလန်မြို့ကို ပြန်ရောက်လာတဲ့ တရုတ်ပြည်တော်ပြန် နှစ်ယောက်ကို မိုးလုံလေလုံ အားကစားအဆောက်အဦးထဲမှာ Facility Quarantine ဖို့ သွားရောက်ကြည့်ရှု့တဲ့အခါ အခန်း ၁၅ခန်း ဖျက်စီးခံထားရတာကို တွေ့ရှိရပါတယ် ” လို့ ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆွေမြင့် ကပြောပါတယ်။ ထန်တလန်မြို့ မိုးလုံလေလုံ အားကစားအဆောက်အဦးမှာ Community Base Facility Quarantine ထားဖို့ ပြင်ဆင်ထားတဲ့ အခန်းအမျိုးအစားတွေကတော့…

Read More
VOM News

FREE
VIEW