စစ်တွေက ဆန္ဒပြကျောင်းသား(၃) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်

စစ်တွေက ဆန္ဒပြကျောင်းသား(၃) ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ (၂၅) နဲ့ အမှုဖွင့်

စစ်တွေ၊ စက်တင်ဘာ ၁၀-၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနေ့ စက်တင်ဘာလ ၉ ရက်နေ့က ပြည်နယ်အစိုးရရုံးရှေ့မှာ ရခိုင်ပြည်ကျောင်းသားများသမဂ္ဂ(စစ်တွေ)က ကျောင်းသားခေါင်းဆောင် (၃) ဦးဟာ ပိုစတာတွေကိုင်ပြီး အချက် (၅) ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီကျောင်းသား ၃ ဦးကို ဒီကနေ့မှာပဲ ရဲတပ်ဖွဲ့ကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ (၂၅) နဲ့အမှုဖွင့်ထားတာဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့ထိ ချုပ်ရမန်ယူထားတယ်လို့လည်း သိရပါတယ်။

မနေ့က သူတို့သုံးဦးကို ရဲတပ်ဖွဲ့က ဆန္ဒပြနေချိန်မှာပဲ ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေ) ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနဲ့ ကိုဦးသန်းနိုင်တို့ (၃) ဦးကို စစ်တွေမြို့နယ်တရားရုံးမှာ ချုပ်ရမန် စက်တင်ဘာလ ၂၄ ရက်နေ့ထိယူထားတာဖြစ်ပါတယ်။

လက်ရှိသူတို့ကို အမှုဖွင့်ထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေ ပုဒ်မ (၂၅) မှာ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပုဒ်မ (၂၅)မှာဖော်ပြထားတာက “မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်ကျရောက်မည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ” အထက်ဖော်ပြပါ ပြစ်ဒဏ်တွေကို ချမှတ်နိုင်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသားတွေဟာ 4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government ၊ No Murder Army၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြဆိုတဲ့ ဆောင်ဘုတ်တွေနဲ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

စစ္ေတြက ဆႏၵျပေက်ာင္းသား(၃) ဦးကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ပုဒ္မ (၂၅) နဲ႔ အမႈဖြင့္

စစ္ေတြ၊ စက္တင္ဘာ ၁၀-၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွာ မေန႔ စက္တင္ဘာလ ၉ ရက္ေန႔က ျပည္နယ္အစိုးရ႐ုံးေရွ႕မွာ ရခိုင္ျပည္ေက်ာင္းသားမ်ားသမဂၢ(စစ္ေတြ)က ေက်ာင္းသားေခါင္းေဆာင္ (၃) ဦးဟာ ပိုစတာေတြကိုင္ၿပီး အခ်က္ (၅) ခ်က္ကို ဆႏၵျပေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

အဲ့ဒီေက်ာင္းသား ၃ ဦးကို ဒီကေန႔မွာပဲ ရဲတပ္ဖြဲ႕ကေန သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒပုဒ္မ (၂၅) နဲ႔အမႈဖြင့္ထားတာျဖစ္ၿပီး စက္တင္ဘာလ ၂၄ ရက္ေန႔ထိ ခ်ဳပ္ရမန္ယူထားတယ္လို႔လည္း သိရပါတယ္။

မေန႔က သူတို႔သုံးဦးကို ရဲတပ္ဖြဲ႕က ဆႏၵျပေနခ်ိန္မွာပဲ ဖမ္းဆီးသြားတာျဖစ္ၿပီး ဖမ္းဆီးခံရတဲ့ ေက်ာင္းသားေတြကေတာ့ ရခိုင္ျပည္ေက်ာင္းသားသမဂၢ(စစ္ေတြ) ဥကၠ႒ ကိုတိုးတိုးေအာင္၊ ျပန္ၾကားေရးတာဝန္ခံ ကိုေက်ာ္ႏိုင္ေဌးနဲ႔ ကိုဦးသန္းႏိုင္တို႔ (၃) ဦးကို စစ္ေတြၿမိဳ႕နယ္တရား႐ုံးမွာ ခ်ဳပ္ရမန္ စက္တင္ဘာလ ၂၄ ရက္ေန႔ထိယူထားတာျဖစ္ပါတယ္။

လက္ရွိသူတို႔ကို အမႈဖြင့္ထားတဲ့ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒ ပုဒ္မ (၂၅) မွာ သုံးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဒီပုဒ္မ (၂၅)မွာေဖာ္ျပထားတာက “မည္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ၊ ေဘးအႏၲရာယ္က်ေရာက္မည္ကို သိလ်က္ႏွင့္ တမင္ျပဳလုပ္မႈေၾကာင့္ျဖစ္ေစ သဘာဝေဘးအႏၲရာယ္ျဖစ္ေပၚလွ်င္ (သို႔မဟုတ္) ျဖစ္ေပၚေစရန္ အေၾကာင္းရွိလွ်င္ ” အထက္ေဖာ္ျပပါ ျပစ္ဒဏ္ေတြကို ခ်မွတ္ႏိုင္တယ္လို႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ဖမ္းဆီးခံရတဲ့ေက်ာင္းသားေတြဟာ 4G အင္တာနက္ျပန္ဖြင့္ေပးေရး၊ No Bloody Government ၊ No Murder Army၊ ျပည္နယ္အစိုးရအား အယုံအၾကည္မရွိ၊ ဖက္ဆစ္လူသတ္ဝါဒ ဆန႔္က်င္ၾကဆိုတဲ့ ေဆာင္ဘုတ္ေတြနဲ႔ ျပည္နယ္အစိုးရ႐ုံးေရွ႕မွာ ဆႏၵေဖာ္ထုတ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW