ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ)

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ)

အင်အားနည်းပေမယ့် အားကြီးသူတွေနဲ့ မိတ်ဖွဲ့ထားလို့ အားမငယ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးကြိုင် ကို ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ?
ဦးအေးကြိုင်- ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ?
ဦးအေးကြိုင်- အကယ်၍ ကျန်တော်တို့ လွှတ်တော်မှာပါဝင်ခွင့်ရှိရင် ရခိုင်ပြည်နယ်အနေနဲ့ တောင်သူလယ်သမားအခန်းကဏ္ဍနဲ့ပတ်သက် လို့လုပ်ကိုင်‌ဆောင်ရွက်မှုတွေ အားနည်းချက်ရှိတယ်။တစ်ခြားနိုင်ငံက တောင်သူလယ်သမားတွေနဲ့အချိတ်အဆက်လုပ်ပြီးလို့ရှိရင်,နောင်လာမဲ့အနာဂတ်မှာ လက်ရှိအချိန်ထက် တောင်သူလယ်သမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာအောင်၊ နောက်တစ်ခုက အခုလက်ရှိအခြေအနေမှာက တောင်သူလယ်သမားတွေရဲ့လုပ်ကိုင်မှု၊ ကုန်ကျမှုနဲ့ ဝင်ငွေရရှိမှုက ဆက်စက်တာမတွေ့ရဘူး။ တောင်သူလယ်သမားတွေရဲ့ ရရှိလာမဲ့ ဝင်ငွေနဲ့ ကုန်ကျစရိတ်အပေါ်မှာ တွက်ချက်ပြီး မိသားစု စားဝတ်နေရေး အခြေခိုင်နိုင်အောင် ရောက်ရှိမယ့်အနေထားမျိုး ဖန်တီးသွားဖို့ စဉ်းစားချက်တွေရှိတယ်။

VOM- အာဏာရပါတီနဲ့ တခြားပါတီတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ?
ဦးအေးကြိုင်- အစိုးရပါတီနဲ့မပြိုင်နိုင်ဘူး၊ ဒါပေမယ့် အခုလက်ရှိ ၂ပါတီနဲ့ အလုပ်တွေကိုပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့လုပ်တာ။ ဒီအပေါ်မှာ နောက်၂၀၂၁ ခုမှာလည်း အလုပ်ပူးပေါင်းဆောင်ရွက်ပြီး တက်နိုင်သလောက် လုပ်သွားမှာပါ။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိလဲ
ဦးအေးကြိုင်- ၁ သိန်း ၉ သောင်းလောက်ရှိခဲ့တယ်။ လက်ရှိအခြေအနေမှာကတော့ ရခိုင်ပြည်နယ်အခြေအနေကို အားလုံးသိကျသလို ဒီအပေါ်မှာ ကျွန်တော်တို့က ပါတီရဲ့လက်ရှိက ဘယ်လောက်ရှိနိုင်လဲ ကွင်းဆင်းစစ်ဆေးမှု ကျွန်တော်မလုပ်နိုင်ဘူးဖြစ်နေတယ်။

VOM- ရခိုင်ပြည်နယ်ရဲ့ တိုက်ပွဲအခြေအနေနဲ့ COVID-19 ဖြစ်နေလို့ မဲပေးရခက်တဲ့ မဲဆန္ဒရှင်တွေကို ဘာပြောချင်လဲ
ဦးအေးကြိုင်- အခု ရခိုင်ပြည်နယ်အခြေအနေကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်ပြီး တရားမျှတအောင် လုပ်ကိုင်ဆောင်ရွက်ပြီးမှ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ အားနည်းချက်ရှိနိုင်တယ်။

VOM – ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ
ဦးအေးကြိုင်- ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ သဇင်နှစ်ခက်ပါတီကိုမဲပေးစို့။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ
ဦးအေးကြိုင်- ၂၀၁၅ မှာ ၁၈ ယောက်ပြိုင်တယ် မနိုင်ခဲ့ပါဘူး။

#Voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ (ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ)

အင္အားနည္းေပမယ့္ အားႀကီးသူေတြနဲ႔ မိတ္ဖြဲ႕ထားလို႔ အားမငယ္တဲ့ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ

မႏၲေလး၊ စက္တင္ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာလ ၈ ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီ ေျပာေရးဆိုခြင့္ရွိသူ ဦးေအးႀကိဳင္ ကို ဗီအိုအမ္ရဲ႕ ႏိုင္ငံေရးပါတီမိတ္ဆက္က႑အတြက္ ဗီအိုအမ္သတင္းေထာက္ မလဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ဘယ္ေလာက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ?
ဦးေအးႀကိဳင္- ရခိုင္ျပည္နယ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ?
ဦးေအးႀကိဳင္- အကယ္၍ က်န္ေတာ္တို႔ လႊတ္ေတာ္မွာပါဝင္ခြင့္ရွိရင္ ရခိုင္ျပည္နယ္အေနနဲ႔ ေတာင္သူလယ္သမားအခန္းက႑နဲ႔ပတ္သက္ လို႔လုပ္ကိုင္‌ေဆာင္႐ြက္မႈေတြ အားနည္းခ်က္ရွိတယ္။တစ္ျခားႏိုင္ငံက ေတာင္သူလယ္သမားေတြနဲ႔အခ်ိတ္အဆက္လုပ္ၿပီးလို႔ရွိရင္,ေနာင္လာမဲ့အနာဂတ္မွာ လက္ရွိအခ်ိန္ထက္ ေတာင္သူလယ္သမားေတြရဲ႕ လုပ္ကိုင္ေဆာင္႐ြက္မႈေတြ ပိုမိုျမင့္မားလာေအာင္၊ ေနာက္တစ္ခုက အခုလက္ရွိအေျခအေနမွာက ေတာင္သူလယ္သမားေတြရဲ႕လုပ္ကိုင္မႈ၊ ကုန္က်မႈနဲ႔ ဝင္ေငြရရွိမႈက ဆက္စက္တာမေတြ႕ရဘူး။ ေတာင္သူလယ္သမားေတြရဲ႕ ရရွိလာမဲ့ ဝင္ေငြနဲ႔ ကုန္က်စရိတ္အေပၚမွာ တြက္ခ်က္ၿပီး မိသားစု စားဝတ္ေနေရး အေျခခိုင္ႏိုင္ေအာင္ ေရာက္ရွိမယ့္အေနထားမ်ိဳး ဖန္တီးသြားဖို႔ စဥ္းစားခ်က္ေတြရွိတယ္။

VOM- အာဏာရပါတီနဲ႔ တျခားပါတီေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ?
ဦးေအးႀကိဳင္- အစိုးရပါတီနဲ႔မၿပိဳင္ႏိုင္ဘူး၊ ဒါေပမယ့္ အခုလက္ရွိ ၂ပါတီနဲ႔ အလုပ္ေတြကိုပူးေပါင္းေဆာင္႐ြက္တဲ့အေနနဲ႔လုပ္တာ။ ဒီအေပၚမွာ ေနာက္၂၀၂၁ ခုမွာလည္း အလုပ္ပူးေပါင္းေဆာင္႐ြက္ၿပီး တက္ႏိုင္သေလာက္ လုပ္သြားမွာပါ။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိလဲ
ဦးေအးႀကိဳင္- ၁ သိန္း ၉ ေသာင္းေလာက္ရွိခဲ့တယ္။ လက္ရွိအေျခအေနမွာကေတာ့ ရခိုင္ျပည္နယ္အေျခအေနကို အားလုံးသိက်သလို ဒီအေပၚမွာ ကၽြန္ေတာ္တို႔က ပါတီရဲ႕လက္ရွိက ဘယ္ေလာက္ရွိႏိုင္လဲ ကြင္းဆင္းစစ္ေဆးမႈ ကၽြန္ေတာ္မလုပ္ႏိုင္ဘူးျဖစ္ေနတယ္။

VOM- ရခိုင္ျပည္နယ္ရဲ႕ တိုက္ပြဲအေျခအေနနဲ႔ COVID-19 ျဖစ္ေနလို႔ မဲေပးရခက္တဲ့ မဲဆႏၵရွင္ေတြကို ဘာေျပာခ်င္လဲ
ဦးေအးႀကိဳင္- အခု ရခိုင္ျပည္နယ္အေျခအေနကေတာ့ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး လြတ္လပ္ၿပီး တရားမွ်တေအာင္ လုပ္ကိုင္ေဆာင္႐ြက္ၿပီးမွ တရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔ အားနည္းခ်က္ရွိႏိုင္တယ္။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ
ဦးေအးႀကိဳင္- ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ဖို႔ သဇင္ႏွစ္ခက္ပါတီကိုမဲေပးစို႔။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ
ဦးေအးႀကိဳင္- ၂၀၁၅ မွာ ၁၈ ေယာက္ၿပိဳင္တယ္ မႏိုင္ခဲ့ပါဘူး။

#Voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW