ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO)

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO)

မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်တောင်းကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ
PNO – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၈ ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ
PNO – နယ်မြေဒေသဖွံ့ဖြိုးရေး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ကို ကျန်တော်တို့က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမယ်။ ၂၀၁၀၊၂၀၁၅ အခုလည်း ဆက်လက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒါကိုပဲဆောင်ရွက်မှာပါ။

VOM- အာဏာရပါတီနဲ့ ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ
PNO – သူတို့က ကျွန်တော်တို့ကိုယှဉ်ပြိုင် ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒေသရအောင်ကြိုးစားနေတယ်။ ပထမအကြိမ်တုန်းကလည်း ဝင်တဲ့နေရာအားလုံးရတယ်၊ ဒုတိယအကြိမ်လည်းရခဲ့တယ်။ တတိယအကြိမ်ရဖို့ ကျွန်တော်တို့လည်း ကြိုးစားမှာ။ ကျွန်တော်တို့က နယ်မြေကိစ္စနဲ့ပတ်သက်ပြီး နယ်မြေတွေခိုင်မာဖို့အတွက်နဲ့ လူမှုစီးပွားတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်နဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို အခိုင်အမာတည်ဆောက်နိုင်ဖို့ အမြဲတမ်းဆောင်ရွက်နေတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ရာခိုင်နှုန်းများမှာ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ
PNO – ၃မြို့နယ်(ပင်လောင်း၊ ပြည်ခိုင်၊ဟိုပုံး) ကိုယ်စားလှယ်ပေါင်း၁၀ယောက်(အမျိုးသားလွတ်တော်၁ ယောက်၊ ပြည်သူလွှတ်တော်က ၃ယောက်၊တိုင်းနဲ့ပြည်နယ် ၆ယောက်)။ ၂၀၁၀၊၂၀၁၅ ကိုယ်ပိုင်ဒေသမှာ အကုန်နိုင်ပါတယ်။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ
PNO – ပါတီဝင်အင်အား ၈၆၇၀၀လောက်ရှိပါတယ်။

VOM – ပါတီရဲ့ဆောင်ပုဒ်တွေက ဘာတွေလဲ
PNO – လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ နဂါးမဲကိုပေးကြစို့။

#voiceofmyanmar #VOM #ပါတီမိတ်ဆက် #ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO

Zawgyi

ပါတီမိတ္ဆက္ (ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္-PNO)

မႏၲေလး၊ စက္တင္ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာလ ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ ကယန္းအမ်ိဳးသားပါတီ ေျပာေရးဆိုခြင့္ရွိသူ ဒု-ဥကၠ႒ ဦးခြန္ေမာင္ေတာင္းကို VOMသတင္းေထာက္ မလဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ
PNO – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ ၂၈ ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ
PNO – နယ္ေျမေဒသဖြံ႕ၿဖိဳးေရး လူမႈစီးပြားဖြံ႕ၿဖိဳးေရးအတြက္ကို က်န္ေတာ္တို႔က စဥ္ဆက္မျပတ္ေဆာင္႐ြက္ေပးမယ္။ ၂၀၁၀၊၂၀၁၅ အခုလည္း ဆက္လက္ၿပီးေတာ့မွ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဒါကိုပဲေဆာင္႐ြက္မွာပါ။

VOM- အာဏာရပါတီနဲ႔ ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ
PNO – သူတို႔က ကၽြန္ေတာ္တို႕ကိုယွဥ္ၿပိဳင္ ။ ကၽြန္ေတာ္တို႔က ကၽြန္ေတာ္တို႔ရဲ႕ေဒသရေအာင္ႀကိဳးစားေနတယ္။ ပထမအႀကိမ္တုန္းကလည္း ဝင္တဲ့ေနရာအားလုံးရတယ္၊ ဒုတိယအႀကိမ္လည္းရခဲ့တယ္။ တတိယအႀကိမ္ရဖို႔ ကၽြန္ေတာ္တို႔လည္း ႀကိဳးစားမွာ။ ကၽြန္ေတာ္တို႕က နယ္ေျမကိစၥနဲ႔ပတ္သက္ၿပီး နယ္ေျမေတြခိုင္မာဖို႔အတြက္နဲ႔ လူမႈစီးပြားေတြဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္နဲ႔ ပအိုဝ္းတိုင္းရင္းသားေတြရဲ႕ယဥ္ေက်းမႈ ဓေလ့ထုံးတမ္းေတြကို အခိုင္အမာတည္ေဆာက္ႏိုင္ဖို႔ အၿမဲတမ္းေဆာင္႐ြက္ေနတဲ့ ပါတီျဖစ္တဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္တို႔က ရာခိုင္ႏႈန္းမ်ားမွာ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ
PNO – ၃ၿမိဳ႕နယ္(ပင္ေလာင္း၊ ျပည္ခိုင္၊ဟိုပုံး) ကိုယ္စားလွယ္ေပါင္း၁၀ေယာက္(အမ်ိဳးသားလြတ္ေတာ္၁ ေယာက္၊ ျပည္သူလႊတ္ေတာ္က ၃ေယာက္၊တိုင္းနဲ႔ျပည္နယ္ ၆ေယာက္)။ ၂၀၁၀၊၂၀၁၅ ကိုယ္ပိုင္ေဒသမွာ အကုန္ႏိုင္ပါတယ္။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ
PNO – ပါတီဝင္အင္အား ၈၆၇၀၀ေလာက္ရွိပါတယ္။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ေတြက ဘာေတြလဲ
PNO – လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္ဖို႔ နဂါးမဲကိုေပးၾကစို႔။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္ #ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္-PNO

Related posts

Leave a Comment

VOM News

FREE
VIEW