ဂျပန်ဝန်ကြီးချုပ်ဖြစ်လာဖို့ အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ တစ်ပြေးနေ

ဂျပန်ဝန်ကြီးချုပ်ဖြစ်လာဖို့ အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါ တစ်ပြေးနေ

တိုကျို၊ စက်တင်ဘာ-၁၀-၂၀၂၀
မျိုးဆက် (VOM)

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒီဆူဂါဟာ ကျန်းမာရေးကြောင့် ရာထူးကနေနှုတ်ထွက်မယ့် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့နေရာမှာ ဆက်ခံဖို့ မဲဆန္ဒရှင်တွေအကြား အကြိုက်ဆုံးဖြစ်နေတယ်လို့ မိုင်နီချီရှင်ဘွန်းသတင်းဌာနက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက ရှင်ဇိုအာဘေးရဲ့နေရာမှာဆက်ခံဖို့ ဆူဂါကိုရွေးချယ်ကြပြီး ကျန်တဲ့ ၃၆ ရာခိုင်နှုန်းကတော့ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီယူအိုင်ရှီဘာကို ရွေးချယ်ခဲ့ကြပါတယ်။ ဆူဂါဟာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူတွေအကြား ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်။

မိုင်နီချီရှင်ဘွန်းသတင်းဌာနနဲ့ လူမှုစစ်တမ်းသုတေသနဌာနက ကောက်ယူခဲ့တဲ့ စစ်တမ်းဟာ အစိုးရအဖွ့ဲအတွင်းရေးမှူး ဆူဂါကို သာမန်မဲဆန္ဒရှင်တွေအကြား လူကြိုက်များတဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ပြသခဲ့ပါတယ်။

အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်ရွေးချယ်ပွဲကို ပါတီမှ အမတ်တွေ၊ ဒေသဆိုင်ရာ ပါတီကိုယ်စားလှယ်တွေက စက်တင်ဘာ ၁၄ ရက်မှာ မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ အမတ်နေရာအများစု ရှိနေတာကြောင့် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ သေချာနေပါတယ်။

လက်ရှိမှာတော့ ပါတီအကြီးအကဲအဖြစ် ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ဆူဂါယိုရှီဟီဒီ၊ ပါတီအတွင်း ရေးမှူးဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ရှီဂီယူအိုင်ရှီဘာ နဲ့ ပါတီရဲ့ မူဝါဒဆိုင်ရာအကြီးအကဲ ကီရှီဒါဖူမီအိုတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုကျို

Zawgyi

ဂ်ပန္၀န္ၾကီးခ်ဳပ္ျဖစ္လာဖို႔ အစိုးရအဖြဲ႔အတြင္းေရးမွဴး ယိုရွီဟီဒီဆူဂါ တစ္ေျပးေန

တိုကိ်ဳ၊ စက္တင္ဘာ-၁၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ဂ်ပန္အစိုးရေျပာေရးဆိုခြင္႔ရိွသူ ယိုရွီဟီဒီဆူဂါဟာ က်န္းမာေရးေၾကာင္႔ ရာထူးကေနနႈတ္ထြက္မယ္႔ ၀န္ၾကီးခ်ဳပ္ရွင္ဇိုအာေဘးရဲ႕ေနရာမွာ ဆက္ခံဖို႔ မဲဆႏၵရွင္ေတြအၾကား အၾကိဳက္ဆံုးျဖစ္ေနတယ္လို႔ မိုင္နီခ်ီရွင္ဘြန္းသတင္းဌာနက စက္တင္ဘာ ၁၀ ရက္မွာ ထုတ္ျပန္တဲ႔ စစ္တမ္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

စစ္တမ္းမွာ ပါ၀င္ေျဖဆိုသူ ၄၄ ရာခိုင္နႈန္းက ရွင္ဇိုအာေဘးရဲ႕ေနရာမွာဆက္ခံဖို႔ ဆူဂါကိုေရြးခ်ယ္ၾကျပီး က်န္တဲ့ ၃၆ ရာခိုင္နႈန္းကေတာ႔ ကာကြယ္ေရး၀န္ၾကီးေဟာင္း ရီွီဂီယူအိုင္ရီွဘာကို ေရြးခ်ယ္ခဲ႔ၾကပါတယ္။ ဆူဂါဟာ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီကို ေထာက္ခံသူေတြအၾကား ျပတ္ျပတ္သားသားဦးေဆာင္ေနပါတယ္။

မိုင္နီခ်ီရွင္ဘြန္းသတင္းဌာနနဲ႔ လူမႈစစ္တမ္းသုေတသနဌာနက ေကာက္ယူခဲ႔တဲ႔ စစ္တမ္းဟာ အစိုးရအဖြ႔ဲအတြင္းေရးမွဴး ဆူဂါကို သာမန္မဲဆႏၵရွင္ေတြအၾကား လူၾကိဳက္မ်ားတဲ႔ ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပသခဲ႔ပါတယ္။

အာဏာရလစ္ဘရယ္ဒီမိုကရက္တစ္ပါတီရဲ႕ ေခါင္းေဆာင္ေရြးခ်ယ္ပြဲကို ပါတီမွ အမတ္ေတြ၊ ေဒသဆိုင္ရာ ပါတီကိုယ္စားလွယ္ေတြက စက္တင္ဘာ ၁၄ ရက္မွာ မဲေပးေရြးခ်ယ္ၾကမွာျဖစ္ပါတယ္။

လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီဟာ ပါလီမန္မွာ အမတ္ေနရာအမ်ားစု ရိွေနတာေၾကာင္႔ ပါတီေခါင္းေဆာင္အျဖစ္ ေရြးခ်ယ္ခံရသူဟာ ၀န္ၾကီးခ်ဳပ္ျဖစ္လာဖို႔ ေသခ်ာေနပါတယ္။

လက္ရိွမွာေတာ႔ ပါတီအၾကီးအကဲအျဖစ္ ဂ်ပန္အစိုးရအဖြဲ႔အတြင္းေရးမွဴး ဆူဂါယိုရွီဟီဒီ၊ ပါတီအတြင္း ေရးမွဴးေဟာင္းနဲ႔ ကာကြယ္ေရး၀န္ၾကီးေဟာင္းျဖစ္သူ ရီွီဂီယူအိုင္ရီွဘာ နဲ႔ ပါတီရဲ႕ မူ၀ါဒဆိုင္ရာအၾကီးအကဲ ကီရွီဒါဖူမီအိုတို႔ ၀င္ေရာက္ယွဥ္ျပိဳင္ၾကမွာျဖစ္ပါတယ္။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #တိုက်ိဳ

Related posts

Leave a Comment

VOM News

FREE
VIEW