ပါတီမိတ်ဆက် (ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-ZCD) မန္တလေး၊စက်တင်ဘာ၂၂-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးပူဂင့်ကမ်းလျန်ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးပူဂင့်ကမ်းလျန်- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးပူဂင့်ကမ်းလျန်- ပါတီရဲ့ကတိကဝတ်ကတော့မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့၃၀ခုနှစ် မူဝါဒ(Policy)၄ချက်ရှိပါတယ်။ (၁) ဘိုးဘွားစဉ်၊ဌာနေများက ဇိုမီးတိုင်းရင်းသားများဖြစ်ကြောင်းမူရင်းလူမျိုးအမည် ဇိုမီးခေါ်ဆိုရေး။ (၂) စစ်မှန်သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာဖို့။ (၃) လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်။ (၄)ပင်လုံစိတ်ဓာတ်မြှင့်တင်လာဖို့။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးပူဂင့်ကမ်းလျန်- ကျနော်တို့ကဒီလိုဘဲပြိုင်နေကြပါ။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးပူဂင့်ကမ်းလျန်- ၂၀၁၅မှာ၆နေရာနိုင်တယ်။ တွန်ဇံ၃နေရာ၊ တီးတိန်မှာ ၃ နေရာ။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးပူဂင့်ကမ်းလျန်- အောက်ခြေနဲ့ ပါတီခေါင်းဆောင်နဲ့မဲထည့်ပြီးရွေးပါတယ်။ အခြေခံကနေမဲထည့်ပြီးရွေးပါတယ်။ အဲ့ဒီကနေတက်လာတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်စားလှယ်လောင်းလျာထားပါတယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးပူဂင့်ကမ်းလျန်-အခုနောက်ပိုင်းတော့စာရင်းသိပ်မကောက်တော့ဘူး။နောက်ဆုံးကောက်တာကတော့၂သောင်းကျော်တယ်။ VOM –…
Read MoreMonth: September 2020
ကျိုက်ထီးရိုးဂေါပကရုံးက စာရေးကြီးတစ်ဦးကို ကျပ်သိန်း ၈၆၀ ကျော် အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထား
ကျိုက်ထီးရိုးဂေါပကရုံးက စာရေးကြီးတစ်ဦးကို ကျပ်သိန်း ၈၆၀ ကျော် အလွဲသုံးစားပြုလုပ်တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးထား နေပြည်တော်၊ စက်တင်ဘာ၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာမှာရှိတဲ့ ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့မှ ရုံးစာရေးကြီးတစ်ဦးကို ဘုရားဘဏ္ဍာငွေ ကျပ်သိန်း ၈၆၀ ကျော် ကိုယ်ကျိုးရယူသုံးစွဲထားတယ်ဆိုပြီး စက်တင်ဘာလ ၂၁ ရက်နေ့ညနေက ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ကပြောပါတယ်။ ” စစ်ဆေးပေါ်ပေါက်ချက်အရ ကျပ်သိန်း ၈၆၀ ကျော် ကိုယ်ကျိုးသုံးတာသိခဲ့ရတာပါ။ မနေ့ညနေပိုင်းလောက်မှာ ရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆက်လက်တရားစွဲဆိုသွားပါမယ်”လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ ဦးစိုးလှိုင်ကပြောပါတယ်။ အမှုဖွင့်ခံရသူဟာ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာမှာနေထိုင်ပြီး ကျိုက်ထီးရိုးစေတီဂေါပကအဖွဲ့မှာ ရုံးခွဲစာရေးကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ အသက် ၅၆ နှစ်အရွယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွေမှာ စေတီရင်ပြင်တော် ရွှေဆိုင်းအရောင်းဌာနနဲ့ ဘက်စုံအလှူခံဌာနကရရှိတဲ့ငွေတွေကို ဂေါပကအဖွဲ့ရုံးကို ပေးသွင်းရာမှာ ငွေကျပ် ၈၆၆၄၈၅၃၀ (ရှစ်ရာ့ခြောက်ဆယ် ခြောက်သိန်းလေးသောင်း…
Read Moreရန်ကုန်မှာ Stay Home သတ်မှတ်ပြီးတဲ့နောက် သတင်းစာနဲ့ဂျာနယ်များ ယာယီရပ်နား
ရန်ကုန်မှာ Stay Home သတ်မှတ်ပြီးတဲ့နောက် သတင်းစာနဲ့ဂျာနယ်များ ယာယီရပ်နား ရန်ကုန် ၊ စက်တင်ဘာ ၂၂-၂၀၂၀ ယဉ်ပပထွန်း ( VOM ) ရန်ကုန်တိုင်းမှာ Covid-19 ရောဂါကူးစက်မူများပြားနေတဲ့အတွက် ရန်ကုန်မြို့ကို ပိုမိုတင်းကြပ်တဲ့ Stay Home ကြေငြာပြီးတဲ့နောက်ပိုင်းမှာတော့ ရန်ကုန်ကနေအခြေစိုက် ထုတ်ဝေနေတဲ့ သတင်းစာနဲ့ဂျာနယ်တွေကို ယာယီရပ်နားထားတယ်လို့သိရပါတယ်။ ယာယီရပ်နားတာတွေကတော့ စံတော်ချိန်သတင်းစာ ၊ မြန်မာတိုင်းမ် သတင်းစာ ( မြန်မာ) နဲ့မြန်မာတိုင်းမ်(အင်္ဂလိပ်)သတင်းစာ၊ 7 Day သတင်းစာနဲ့ဂျာနယ် ၊ The Voice သတင်းစာတွေကို ဒီကနေ့ကစပြီး ယာယီရပ်နားထားတာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်တို့က လူလျော့တာမဟုတ်ဘူး။ ကျွန်တော်တို့က ပရင့်မထုတ်နိုင်လို့အွန်လိုင်းပဲသွားနေတာ။ အွန်လိုင်း PDFမှာ Facebookလည်း တင်ပေးထားတယ် ။ ကျွန်တော်တို့စာဖတ်ပရိတ်သတ်တွေ Free ဖတ်လို့ရအောင် Free တင်ပေးထားပါတယ်။ ပရင့်နားတယ်ဆိုတော့ အင်္ဂလိပ်သတင်းစာရော မြန်မာသတင်းစာရော…
Read Moreမြန်မာပါဝင်တဲ့ Caucasus 2020 စစ်ရေးလေ့ကျင့်မှု ရုရှားမှာ စတင်
မြန်မာပါဝင်တဲ့ Caucasus 2020 စစ်ရေးလေ့ကျင့်မှု ရုရှားမှာ စတင် မော်စကို၊ စက်တင်ဘာ-၂၂-၂၀၂၀ မျိုးဆက် (VOM) တရုတ်နဲ့ ရုရှားတို့ရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်နေချိန်မှာပဲ ရုရှားတောင်ပိုင်းမှာပြုလုပ်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တရုတ်နိုင်ငံကပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရုရှားဟာ Caucasus 2020 လို့အမည်ရတဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၁ ရက်မှာ စတင်လိုက်တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၈ သောင်းနဲ့ တင့်ကား စစ်ဘက်ဆိုင်ရာယာဉ် ၂၅၀စီးတို့ ပါဝင်ခဲ့ပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်မှုကို ရုရှားတောင်ပိုင်းမှာ လေးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာတော့ တရုတ်၊ ဘီလာရုစ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့ဝင် ၁၀၀၀ ပါဝင်ခဲ့ပါတယ်။ ရန်သူနိုင်ငံကနေ ကျောထောက်နောက်ခံပြုထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ ခြိမ်းခြောက်မှုရင်ဆိုင်ရတဲ့ ပုံစံမျိုးနဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး လေ့ကျင့်မှု ပထမရက်မှာတော့ တပ်ဖွဲ့ဝင်တွေနေရာချထားတာတွေနဲ့ ရေဒီယိုဆက်သွယ်မှု လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ ဆိုက်ဘေးရီးယားနဲ့ ရုရှားရှေ့ပိုင်းမှာပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွမှာ…
Read Moreကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးမှုပြုလုပ်
ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးမှုပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၂၂-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်အထိရှိလာပြီဖြစ်တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ ပြီး စစ်ဆေးမှုပြုလုပ်ထားတယ်လို့ စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။ အဲ့ဒီစုံစမ်းစစ်ဆေးမှုကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့က အဲ့ဒီ ဆေးရုံကိုသွားရောက်ပြီး ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဆေးရုံဘက်ကနေ တင်ပြချက်ကို စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ် ။ “နှစ်ရက်လောက်အချိန်ကြာအုံးမယ်၊ သူတို့တင်ပြတာနဲ့ ကျွန်တော်တို့တွေ့ရှိတာကို ပေါင်းပြီး ရေးရမှာဖြစ်တယ်။ စစ်ဆေးရေးလုပ်တာကတော့ မနေ့ကပြီးသွားပြီ၊ စစ်ဆေးတယ် သွားကြည့်တယ်၊ သူတို့ကတင်ပြတာနဲ့ပေါင်းပြီး အကြံပြုချက် (Recommendations)တွေ လုပ်ရမှာပေါ့။ အဲ့ဒီတော့ မနက်ဖြန်လောက်မှ သိရမယ်။ အရေးယူမှုအပိုင်းကတော့ ကျွန်တော်တို့က တွေ့ရှိချက်ကို တင်ပေးလိုက်ရုံပါပဲ။ အထက်ဌာနတွေက လုပ်ပါလိမ့်မယ်၊ အဲ့ဒါကျတော့ပြောလို့မရဘူး”လို့…
Read Moreပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီအကြောင်း ပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးကိုVOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဦးကျော်စွာစိုး- ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်၃၆ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကလယ်သမားပါတီဆိုတော့ လယ်သမားတို့စောင့်ရှောက်တည့်မတ်ရမယ်။ တိုင်းပြည်ရဲ့စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးသည်သုံးခုကိုသေသေချာချာလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပါ။ VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။ ဦးကျော်စွာစိုး-ကျနော်တို့ကအစိုးရဖွဲနိုင်တဲ့အနေထားမှမရှိတာ။ သူတို့ကအစိုးရဖွဲ့နိုင်တယ်ဆိုရင် နိုင်တဲ့ပါတီနဲ့ကျနော်တို့ကပူးပေါင်းရမှာပေါ့။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။ ဦးကျော်စွာစိုး-မနိုင်သေးဘူး။ ၂၀၁၅မှာ၂၈၆ယောက်ပြိုင်တာမနိုင်ဖူးသေးဘူး။ VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။ ဦးကျော်စွာစိုး-ပညာတက်တစ်ယောက်ဖြစ်ရမယ်၊ မျိုးချစ်စိတ်ရှိရမယ်၊ သတ္တိရှိရမယ်၊ ပြောရဲဆိုရဲတွေလုပ်ရဲတဲ့လူတွေဖြစ်ရမယ်။ VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။ ဦးကျော်စွာစိုး-အရင်တုန်းကတော့၃သန်းကျော်ရှိတယ်။ အခုတော့နည်းနည်းလျော့လာပါတယ်။ VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။ ဦးကျော်စွာစိုး-အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင်ရှောက်မယ့် လယ်သမားပါတီလာပါပြီ။ #voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) zawgyi ပါတီမိတ်ဆက် (မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊စက်တင်ဘာ၂၁-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀…
Read Moreအိန္ဒိယမှာ သုံးထပ်တိုက်ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒါဇင်များစွာ ပိတ်မိနေ
အိန္ဒိယမှာ သုံးထပ်တိုက်ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံး၊ ဒါဇင်များစွာ ပိတ်မိနေ ဒေလီ၊ စက်တင်ဘာ-၂၁-၂၀၂၀ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ သုံးထပ်တိုက်တစ်လုံးပြိုကျမှု စက်တင်ဘာ ၂၁ ရက်မှာ ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်းမြို့အနီးမှာရှိတဲ့ ဘဟီဝန်ဒီမြို့မှာ ဒေသစံတော်ချိန် မနက် ၃ နာရီ မိနစ် ၄၀ မှာဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေကပြောပါတယ်။ ဖြစ်စဉ်ကြောင့် လူ ၁၀ ဦးသေဆုံးသွားပြီး ၁၁ ဦးကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်မှာ အက်ကွဲကြောင်းပေါ်ပြီးနောက် ပြိုကျသွားချိန်မှာ နေထိုင်သူအချို့ဟာ အပြင်ထွက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ အဆောက်အဦရဲ့ တစ်ဝက်က ပြိုကျသွားပြီး မိသားစု ၂၅ ၊ ၂၆ စုလောက် အထဲမှာ ပိတ်မိနေတယ်လို့…
Read Moreပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးလင်းထင်စိုး (တသီပုဂ္ဂလ ၊ ပြင်ဉီးလွင်မြို့နယ်၊ မဲဆန္ဒနယ် ၂ )
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးလင်းထင်စိုး (တသီပုဂ္ဂလ ၊ ပြင်ဉီးလွင်မြို့နယ်၊ မဲဆန္ဒနယ် ၂ ) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၆ထောင်နီးပါး ကူးစက်ခံရပြီး ၉၇ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ ဒီနေ့ VOM ကိုချိတ်ဆက်လာတဲ့ ကိုယ်စားလှယ်လောင်းထဲက ပြင်ဦးလွင်မြို့နယ်အနောက်ခြမ်းရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက်ကြီး ၃၊၄၊၅၊ ၁၅၊၁၆,၁၇ နဲ့ အနီးစခန်း၊အောင်ချမ်းသာ၊ သုံးတောင်၊ပြင်စာစတဲ့ ဧရိယာတွေပါတဲ့ မဲဆန္ဒနယ်အမှတ် ၁ ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့် ကိုလင်းထင်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။…
Read Moreတပ်မတော် ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်ဖို့ရှိနေသေး
တပ်မတော် ကွာရန်တင်းစင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်ဖို့ရှိနေသေး နေပြည်တော်၊ စက်တင်ဘာ ၂၁-၂၀၂၀ ကိုလတ် (VOM) တပ်မတော်ရဲ့ Quarantine စင်တာတွေမှာ လူဦးရေ ၈ ထောင်လောက် လက်ခံနိုင်သေးတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေကနေပြီးရင် ကျန်းမာရေးဝန်ကြီးဌာနက လွှတ်ပေးတဲ့သူတွေပဲ ကျွန်တော်တို့ လက်ခံလို့ရတာပေါ့၊ သူတု့ိလွှတ်ပေးတဲ့သူတွေလောက်ပဲပေါ့။ ရန်ကုန်၊ နေပြည်တော်တို့မှာ သူတို့လွှတ်ပေးတဲ့သူတွေ အကုန်လုံးကတော့ ထိုင်း/တရုတ် နိုင်ငံတွေက ပြန်လာတဲ့သူတွေ တခြားနယ်စပ်နိုင်ငံက ပြန်လာတဲ့သူတွေပဲ လွှတ်ပေးတာများပါတယ်။ နောက်ထပ် လူဦးရေ ၈ ထောင်လောက် လက်ခံလို့ရပါသေးတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ တပ်မတော်အနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ ကျိုင်းတုံ၊ မော်လမြိုင်၊ လာရှိုး၊ ကော့သောင်း၊ ညောင်ရွှေ ဒေသတွေအပါအဝင် တစ်နိုင်ငံလုံးမှာ Quarantine စင်တာ ၁၆ ခုဖွင့်လှစ်ထားရှိပြီး…
Read Moreမန္တလေး လူငယ်သင်တန်းကျောင်းမှာသေဆုံးခဲ့တဲ့ကလေးနှစ်ယောက်အမှုအတွက် ဝန်ထမ်းအပါအဝင်ကျောင်းသား၁၆ယောက်ကိုအမှုဖွင့်တာမှာ မသက်ဆိုင်သူတွေပါနေလို့ မိဘတွေမကျေနပ်
မန္တလေး လူငယ်သင်တန်းကျောင်းမှာသေဆုံးခဲ့တဲ့ကလေးနှစ်ယောက်အမှုအတွက် ဝန်ထမ်းအပါအဝင်ကျောင်းသား၁၆ယောက်ကိုအမှုဖွင့်တာမှာ မသက်ဆိုင်သူတွေပါနေလို့ မိဘတွေမကျေနပ် မန္တလေး၊စက်တင်ဘာ၂၁- ၂၀၂၀ ရှိုင်းအောင်(VOM) ဇူလိုင်လကုန်ပိုင်းက မန္တလေးလူငယ်သင်တန်းကျောင်းကနေထွက်ပြေးလို့ ရိုက်နှက်ခံရပြီး သေဆုံးသွားတဲ့ လူငယ် ၂ယောက်အမှုအတွက် အမှုဖွင့်ခံထားရတဲ့ကလေးတွေထဲမှာမဆိုင်တဲ့သူတွေပါနေပြီးလူသတ်မှုကျူးလွန်တယ်လို့အထက်လူကြီးတွေကဖိအားပေးစေခိုင်းနေတာကို တရားစွဲဆိုခံထားရတဲ့ကလေးတွေရဲ့မိသားစုတွေကမကျေမနပ်ဖြစ်နေကြပါတယ်။ “ အခုလောလောဆယ်ကျမသားရော တခြားကလေးတွေရော မလုပ်ပဲနဲ့ခံရတဲ့အတွက်မကျေနပ်ဘူးပေါ့ဆရာမတွေကမင်းတို့ကိုငါတို့ကလွတ်အောင်လုပ်ပေးမယ်လို့ပြောတဲ့စကားကိုနားယောင်နေတဲ့အတွက်သူတို့လည်းစဉ်းစားနေတာပေါ့၊ဒီကိစ္စနဲ့ပါတ်သက်ပြီးရှေ့နေငှားမယ်ဆိုရင်လည်းကျောင်းကငှားပေးတဲ့ရှေ့နေကိုပဲငှားရမယ်လို့ပြောတယ်အဲ့ဒါတော့မတရားဘူလို့ကျမထင်တယ်သူတို့လူငယ်သင်တန်းကျောင်းကကလေးတွေနဲ့လည်းတွေ့ခွင့်မပေးဘူးအပြစ်ရှိတဲ့သူတွေကအပြင်ရောက်နေပြီးတော့မလုပ်တဲ့သူတွေကအစားထိုးခံနေရတာမကျေနပ်ဘူး အမှန်တရားအတိုင်းဖြစ်စေချင်ပါတယ်” လို့ အမှုဖွင့်ခံရတဲ့ လူငယ်တယောက်ရဲ့ မိခင်က ပြောပါတယ်။ လူသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့ကလေးတွေရဲ့မိသားစုကတော့”ရဲစခန်းကိုမေးကြည့်တော့လည်း ကျမတို့ကလေးကိုထိုးတဲ့၊ကြိတ်တဲ့ရိုက်တဲ့၊နှက်တဲ့အထဲမှာပါပါတယ်လို့ပြောတယ်၊ကျမသားနဲ့တွေ့တုန်းကမေးကြည့်တော့သူကအဲ့ဒီအထဲမှာမပါဘူးအဆောင်ထဲကအဆောင်အပြင်ကိုထွက်လို့မရဘူး၊ထွက်ပြေးတဲ့ကလေးတွေကိုပြန်မိတော့ရုံးခန်းထဲမှာရိုက်နှက်နေကြတာ ၁နာရီခွဲ၂နာရီလောက်ကြာတယ်၊ပြီးတော့ကျမှကလေး၅ယောက်စလုံးကိုအဆောင်တွေကိုခွဲပို့တယ်၊သေတဲ့ကလေးကကျမသားနေတဲ့အဆောင်ထဲကိုရောက်လာတော့သူတို့ပို့လာတဲ့အချိန်မှာထိုးပြီးတော့မှောက်ရက်ကြီးထိုးထားခဲ့တယ်၊ဘာလို့အမှုတွဲထဲပါတယ်ဆိုတာကိုကျမတို့ကိုကျောင်းကလည်းမပြောဘူးရဲကလည်းမပြောဘူး၊ကလေးနဲ့တွေ့တော့ကျတော်တို့ကိုကျောင်းကသက်သေထွက်ဖို့လိုက်သွားလို့ပြောပါတယ်၊ဒါပေမယ့်ရဲစခန်းရောက်တော့မင်းသူ့ကိုထိုးတယ်ဆိုမင်းသူ့ကိုရိုက်တယ်ဆို၊လည်ပင်းတွေရောညှစ်တယ်ဆို၊မင်းသေအောင်သူ့ကိုသတ်လိုက်တာမင်းလုပ်တယ်မဟုတ်လားမေးတော့ကလေးက မလုပ်တဲ့အကြောင်းကိုပြောတယ်၊ကျတော်တို့အဆောင်ကိုတက်လာကတည်းကသူကပျော့ခွေပြီးတော့ထတောင်မထနိုင်ဘူးဆိုတဲ့အကြောင်းရဲကိုပြောပြတယ်ပေါ့နော်“ လို့ မိခင်တယောက်က ပြောပါတယ်။ လူသတ်မှုနဲ့အမှုဖွင့်ခံထားရတဲ့ကိစ္စနဲ့ပါတ်သက်ပြီးလူငယ်သင်တန်းကျောင်းကတာဝန်ရှိသူကို ဆက်သွယ်မေမြန်းတဲ့အခါမှာတော့ “ဝန်ထမ်းတွေပါအမှုဖွင့်ခံထားရတာမှန်ပါတယ်၊အသေးစိတ်ကိုတော့ပြောပိုင်ခွင့်မရှိပါဘူး”လို့ဖြေကြားခဲ့ပါတယ်။ ဒီအမှုမှာ လူသတ်မှု၊ အားပေးအားမြှောက်ပြုလုပ်မှုနဲ့ တရားစွဲခံရပြီး အိုးဘိုထောင်ပိုခံထားရတဲ့ မန္တလေး လူငယ်သင်တန်းကျောင်းက ဝန်ထမ်း ၂ယောက်ရဲ့ မိဘတွေကလည်းနေပြည်တော်က သမ္မတရုံးကို စက်တင်ဘာလ၁၇ရက်နေ့က တင်ပြတိုင်ကြားထားကြပါတယ်။ အလုပ်တာဝန်ချိန်အတွင်းလူသတ်မှုကျူးလွန်တယ်လို့ဝန်ခံဖို့အထက်လူကြီးတွေကအတင်းဝန်ခံခိုင်းနေပြီးလူသတ်မှုနဲ့ အောင်မြေသာစံမြို့နယ်၊အမှတ်၂ရဲစခန်းမှာမောင်လောထန်း၊မောင်ဘောင်ယိမ်းနဲ့တခြားရုံးဝန်ထမ်း၃ယောက်ကိုလူသတ်မှုနဲ့အားပေးကူညီမှုပုဒ်မ( ၃၀၂/၁၁၄)နဲ့တရားစွဲဆိုခံထားရတာဟာ တရားမျှတမှုမရှိဘူးဆိုပြီး…
Read More