ဖမ်းဆီးခံ ဗကသကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဦး ဆန္ဒထုတ်ဖော်

ဖမ်းဆီးခံ ဗကသကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဦး ဆန္ဒထုတ်ဖော်

ပြည် ၊ အောက်တိုဘာ ၄-၂၀၂၀
လပြည့် (VOM)

ရခိုင်ပြည်နယ်က စစ်ပွဲတွေရပ်ပေးဖို့အတွက် စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တာကြောင့် မတရားဖမ်းစီးခံခဲ့ရတဲ့ ဗကသကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးဟာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့၊ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ကနေစတင်ကာ ဆန္ဒပြရခြင်းအကြောင်းအရင်းများဟောပြောပြီး ဗိုလ်ချုပ်လမ်းအတိုင်း ကြွေးကြော်သံများကြွေးကြော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အရေး ပြည်မြို့မှာ ပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဌ(၂)ကိုထက်အောင် နဲ့ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ကို စက်တင်ဘာ ၂၈ရက်နေ့က ပေါင်းတည်မြို့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးသွားခဲ့ပြီး ပေါင်းတည်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြည်မြို့က ပြည်သူ့လွှတ်တော်နေရာမှာ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဝင်းလှိုင်နဲ့ ပြည်သူ့လွှတ်တော်နေရာမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)က လွှတ်တော်ကိုယ်စားလှယ်လောင်းကိုကျော်ဆွေတို့ ၂ ဦးက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည် #ဖမ်းဆီးခံကျောင်းသား #ပြန်လွှတ်ပေစဖို့ #ကိုယ်စားလှယ်လောင်းဆန္ဒပြ

Zawgyi

ဖမ္းဆီးခံ ဗကသေက်ာင္းသားေတြကို ျပန္လႊတ္ေပးဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ဦး ဆႏၵထုတ္ေဖာ္

ျပည္ ၊ ေအာက္တိုဘာ ၄-၂၀၂၀
လျပည့္ (VOM)

ရခိုင္ျပည္နယ္က စစ္ပြဲေတြရပ္ေပးဖို႔အတြက္ စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့တာေၾကာင့္ မတရားဖမ္းစီးခံခဲ့ရတဲ့ ဗကသေက်ာင္းသားေတြကို ျပန္လႊတ္ေပးဖို႔ ျပည္ၿမိဳ႕က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ ဦးဟာ ဒီကေန႔မနက္ပိုင္းက ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ဆႏၵထုတ္ေဖာ္ပြဲကို ျပည္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္ျမင္းစီးေက်ာက္႐ုပ္ကေနစတင္ကာ ဆႏၵျပရျခင္းအေၾကာင္းအရင္းမ်ားေဟာေျပာၿပီး ဗိုလ္ခ်ဳပ္လမ္းအတိုင္း ေႂကြးေၾကာ္သံမ်ားေႂကြးေၾကာ္ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အေရး ျပည္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ၾကတဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာေက်ာင္းသားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ ဒု-ဥကၠဌ(၂)ကိုထက္ေအာင္ နဲ႔ ကိုေက်ာ္ရဲသူ (ျပည္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ)တို႔ကို စက္တင္ဘာ ၂၈ရက္ေန႔က ေပါင္းတည္ၿမိဳ႕မွာ ရဲတပ္ဖြဲ႕ကေန ဖမ္းဆီးသြား​ခဲ့ၿပီး ေပါင္းတည္အက်ဥ္းေထာင္ကို ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။

ျပည္ၿမိဳ႕က ျပည္သူ႔လႊတ္ေတာ္ေနရာမွာ တစ္သီးပုဂၢလဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ကိုဝင္းလႈိင္နဲ႔ ျပည္သူ႔လႊတ္ေတာ္ေနရာမွာဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ (UNDP)က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကိုေက်ာ္ေဆြတို႔ ၂ ဦးက ဦးေဆာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ျပည္ #ဖမ္းဆီးခံေက်ာင္းသား #ျပန္လႊတ္ေပစဖို႔ #ကိုယ္စားလွယ္ေလာင္းဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW