စစ်တွေမြို့နယ် တောကန်ရွာအုပ်ချုပ်ရေးမှူးကို တပ်ကဖမ်းဆီးထားမှု မြို့နယ်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်း

စစ်တွေမြို့နယ် တောကန်ရွာအုပ်ချုပ်ရေးမှူးကို တပ်ကဖမ်းဆီးထားမှု မြို့နယ်အုပ်ချုပ်ရေးမှူးကို အကူအညီတောင်း စစ်တွေ၊ အောက်တိုဘာ ၄- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူးကို မနေ့ အောက်တိုဘာလ ၃ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ဇနီးဖြစ်သူ ဒေါ်သူဇာကပြောပါတယ်။ အဲ့ဒီလိုဖမ်းဆီးသွားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ တပ်မတော်ကဖမ်းဆီးသွားတဲ့ တောကန်ရွာအုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူတို့ဟာ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦး နဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ တွေ့ဆုံမှုကို စစ်တွေမြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၅၇) ဦးရှိတဲ့အနက် (၄၈) ဦးတက်ရောက်ခဲ့တာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်စုံတစ်ရာ အတည်ပြုပြောဆိုတာမရှိကြောင်းနဲ့ ဥပဒေအတိုင်းဖြစ်အောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုတယ်လို့ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ စိုးရိမ်မှုရှိနေတဲ့အပြင် တစ်ခြားကျေးရွာအုပ်ချုပ်ရေးမှူးတွေပါ စိုးရိမ်နေတာကြောင့် အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။…

Read More

နေပြည်တော်မှာ NLDပါတီနဲ့ USDPပါတီတို့ရဲ့ အင်အားပြလှည့်လည်တာတွေ ထပ်မံပြုလုပ်

နေပြည်တော်မှာ NLDပါတီနဲ့ USDPပါတီတို့ရဲ့ အင်အားပြလှည့်လည်တာတွေ ထပ်မံပြုလုပ် နေပြည်တော်၊ အောက်တိုဘာ ၄ -၂၀၂၀ စွမ်းရဲထွဋ် (VOM) သက်ဆိုင်ရာ ပါတီအသီးသီးက ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လူစု၊ လူဝေးနဲ့ အင်အားပြထောက်ခံမှုတွေ မလုပ်ဖို့ တားမြစ်ထားပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ဒီကနေ့ နေပြည်တော်မှာ အင်အားပြလှည့်လည်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ NLDပါတီက ပျဉ်းမနားမြို့နယ်အတွင်း လှည့်လည်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ပုပ္ဗသီရိမြို့နယ်မှာ လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ပါတီနှစ်ခုလုံးမှာ လူ ၁၀ ဦးထက်မနည်း တင်ဆောင်ထားတဲ့ ကားအစီးရေ ၂၀ကျော်ပါဝင်ကြပြီး နှစ်ဦးတွဲ၊ သုံးဦးတွဲ အလံလွင့်ထူမောင်းနှင်လာကြတဲ့ မော်တော်ဆိုင်ကယ်တွေလည်း ပါဝင်ကြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့က ထောက်ခံအားပေးတဲ့အနေနဲ့ ယာဉ်အမျိုးမျိုးကို အသုံးပြုပြီး အင်းအားပြသမှုတွေဟာ လူစုလူဝေးအသွင်ပေါ်ပေါက်သွားနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊…

Read More

ဖမ်းဆီးခံ ဗကသကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဦး ဆန္ဒထုတ်ဖော်

ဖမ်းဆီးခံ ဗကသကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဦး ဆန္ဒထုတ်ဖော် ပြည် ၊ အောက်တိုဘာ ၄-၂၀၂၀ လပြည့် (VOM) ရခိုင်ပြည်နယ်က စစ်ပွဲတွေရပ်ပေးဖို့အတွက် စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တာကြောင့် မတရားဖမ်းစီးခံခဲ့ရတဲ့ ဗကသကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးဟာ ဒီကနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ပြည်မြို့၊ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ကနေစတင်ကာ ဆန္ဒပြရခြင်းအကြောင်းအရင်းများဟောပြောပြီး ဗိုလ်ချုပ်လမ်းအတိုင်း ကြွေးကြော်သံများကြွေးကြော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေး ပြည်မြို့မှာ ပြုလုပ်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဌ(၂)ကိုထက်အောင် နဲ့ ကိုကျော်ရဲသူ (ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ)တို့ကို စက်တင်ဘာ ၂၈ရက်နေ့က ပေါင်းတည်မြို့မှာ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးသွားခဲ့ပြီး ပေါင်းတည်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြည်မြို့က ပြည်သူ့လွှတ်တော်နေရာမှာ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုဝင်းလှိုင်နဲ့ ပြည်သူ့လွှတ်တော်နေရာမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)က လွှတ်တော်ကိုယ်စားလှယ်လောင်းကိုကျော်ဆွေတို့ ၂ ဦးက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။…

Read More

COVID-19 ပိုးမရှိကြောင်းထောက်ခံစာပါတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုသာ စစ်ကိုင်းတိုင်းအတွင်း ဝင်ခွင့်ပြု

COVID-19 ပိုးမရှိကြောင်းထောက်ခံစာပါတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုသာ စစ်ကိုင်းတိုင်းအတွင်း ဝင်ခွင့်ပြု စစ်ကိုင်း၊ အောက်တိုဘာ ၄- ၂၀၂၀ ရှိုင်းအောင်(VOM) စစ်ကိုင်းတိုင်းအတွင်းကိုဖြတ်သန်းဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေအနေနဲ့ အောက်တိုဘာလ ၄ ရက်နေ့ကစတင်ပြီး COVID-19 ပိုးမတွေ့ရှိကြောင်း ကျန်းမာရေးထောက်ခံစာပါတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေသာ ဝင်ရောက်ခွင့်ပြုနေတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက VOM ကိုပြောပါတယ်။ “မြို့အဝင် စစ်ကိုင်းတံတားထိပ်မှာ စစ်ဆေးဆောင်ရွက်နေပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ညွန်ကြားချက်အတိုင်း ကျန်းမာရေးထောက်ခံစာပါမှ ဝင်ခွင့်ပြုမှာပါ၊ ဒီမနက်ပဲ ပြန်လွှတ်လိုက်ရတဲ့ ကုန်တင်ကားတွေလည်းရှိပါတယ်၊ စစ်ကိုင်းကိုပြန်လာတဲ့သူတွေကိုတော့ မဖြစ်မနေဆိုရင် သူတို့သက်ဆိုင်ရာမြို့နယ်တွေမှာ Qurantine ဝင်ရဖို့စီစဉ်ထားပါတယ်”လို့ ဦးကျော်ခိုင်ထွန်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်းကို ဝင်ရောက်ဖြတ်သန်းမယ့် ကုန်တင်ယာဉ်တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေကို ကုန်ပစ္စည်းလာရောက်ပို့ဆောင်ကြမယ့် ကုန်တင်ယာဉ်မောင်း ၊ယာဉ်နောက်လိုက်တွေဟာ Standard Operating Procedurs(SOP)တွင် ပါဝင်တဲ့အတိုင်း COVID-19 ရောဂါပိုးမတွေ့ရှိ(Negative) ကြောင်း၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်အတိုင်း (၂)ပတ်အတွင်းထုတ်ပေးထားတဲ့…

Read More

မောင်တောခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ထပ်တိုးတွေ့နေတဲ့အတွက် ယာယီဆေးရုံတိုးချဲ့

မောင်တောခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ထပ်တိုးတွေ့နေတဲ့အတွက် ယာယီဆေးရုံတိုးချဲ့ နေပြည်တော်၊အောက်တိုဘာ ၄-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်‌ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ Covid-19 ရောဂါပိုးတွေ့လူနာ အနည်းငယ်မြင့်တက်လာဖွယ်ရှ‌ိနေတာကြောင့် မောင်တောမြို့နယ်ခန်းမဆောင်ကို တိုးချဲ့ယာယီဆေးရုံအဖြစ် သက်မှတ်လိုက်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။ “လက်တလောမှာ ဘူးသီးတောင်မှာက ဆေးရုံသစ်ဆိုတော့ လူနာခုတင်ကဆန့်တယ်။ မောင်တောမှာက ထားရင်ဖြစ်ပေမယ့် သိပ်ကြပ်သွားမှာမို့ ကြိုတင်တိုးချဲ့ထားလိုက်တာ။ ပြင်ဆင်မှုတွေပြီးပါပြီ”လို့ ဦးစိုးအောင်ကပြောပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မောင်တောခရိုင်မှာ Covid-19‌အတည်ပြုလူနာ ၂၉ ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး မောင်တောမြို့က၂၈ ဦးနဲ့ ဘူးသီးတောင်မြို့က ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလ ဩဂုတ်လကနေ ဒီကနေ့အချိန်ထိ မောင်တောခရိုင်အတွင်း ဘူး သီးတောင်နဲ့ ‌မောင်‌တောမြို့နယ်တွေမှာ ‌ကိုဗစ်ရောဂါပိုးတွေ့လူနာ (၁၂၀)ကျော် ရှိနေတာဖြစ်ပြီး မောင်တောဆေးရုံကြီးမှာ ပိုးတွေ့လူနာ (၃၀) ဦးခန့်ကို…

Read More

Music Zone KTV ပိုင်ရှင် ဦးဇော်မင်းကိုယ်တိုင် ရဲစခန်းကိုလာရောက်အဖမ်းခံမယ်

Music Zone KTV ပိုင်ရှင် ဦးဇော်မင်းကိုယ်တိုင် ရဲစခန်းကိုလာရောက်အဖမ်းခံမယ် ရန်ကုန် ၊ အောက်တိုဘာ ၄-၂၀၂၀ အေးချမ်းသူ(VOM) ကိုဗစ်အတည်ပြုလူနာအများဆုံးတွေ့ရှိခဲ့တဲ့ Music Zone ကေတီဗီနဲ့စားသောက်ဆိုင်ပိုင်ရှင်ဦးဇော်မင်းကိုယ်တိုင် အောက်တိုဘာ ၅ရက်နေ့မှာ သင်္ဃန်းကျွန်းရဲစခန်းကို သွားရောက်အဖမ်းခံမှာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းကပြောပါတယ်။ “ကျွန်တော့ကိုပြောတာမဟုတ်ဘူး၊ သူ့ရှေ့နေက ရဲမှူးကိုပြောတာပါ။ တနင်္လာနေ့ ဦးဇော်မင်းကိုယ်တိုင်အပ်ပါ့မယ် ပြောရရင်အဖမ်းခံမယ်ပေါ့”လို့ ဦးရွှေလှဝင်းကပြောပါတယ်။ Music Zone KTVကို စက်တင်ဘာ ၃၀ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဆိုင်တည်ရှိရာ ဇဝနရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသန်းက ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လူများစွာ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့အတွက် Music Zone KTV နဲ့ စားသောက်ဆိုင်ကို သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ် ကော်မတီအစည်းအဝေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို တရားစွဲဆိုဖို့ညွန်ကြားခဲ့ပေမယ့် စက်တင်ဘာလ ၃၀ရက်နေ့မှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ Music Zone…

Read More
VOM News

FREE
VIEW