မောင်တောခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ထပ်တိုးတွေ့နေတဲ့အတွက် ယာယီဆေးရုံတိုးချဲ့

မောင်တောခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ထပ်တိုးတွေ့နေတဲ့အတွက် ယာယီဆေးရုံတိုးချဲ့

နေပြည်တော်၊အောက်တိုဘာ ၄-၂၀၂၀
ကောင်းလက်ျာ(VOM)

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်‌ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ Covid-19 ရောဂါပိုးတွေ့လူနာ အနည်းငယ်မြင့်တက်လာဖွယ်ရှ‌ိနေတာကြောင့် မောင်တောမြို့နယ်ခန်းမဆောင်ကို တိုးချဲ့ယာယီဆေးရုံအဖြစ် သက်မှတ်လိုက်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကပြောပါတယ်။

“လက်တလောမှာ ဘူးသီးတောင်မှာက ဆေးရုံသစ်ဆိုတော့ လူနာခုတင်ကဆန့်တယ်။ မောင်တောမှာက ထားရင်ဖြစ်ပေမယ့် သိပ်ကြပ်သွားမှာမို့ ကြိုတင်တိုးချဲ့ထားလိုက်တာ။ ပြင်ဆင်မှုတွေပြီးပါပြီ”လို့ ဦးစိုးအောင်ကပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ မောင်တောခရိုင်မှာ Covid-19‌အတည်ပြုလူနာ ၂၉ ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပြီး မောင်တောမြို့က၂၈ ဦးနဲ့ ဘူးသီးတောင်မြို့က ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလ ဩဂုတ်လကနေ ဒီကနေ့အချိန်ထိ မောင်တောခရိုင်အတွင်း ဘူး
သီးတောင်နဲ့ ‌မောင်‌တောမြို့နယ်တွေမှာ ‌ကိုဗစ်ရောဂါပိုးတွေ့လူနာ (၁၂၀)ကျော် ရှိနေတာဖြစ်ပြီး မောင်တောဆေးရုံကြီးမှာ ပိုးတွေ့လူနာ (၃၀) ဦးခန့်ကို စစ်ဆေးကုသပေးနေရတာကြောင့် ယာယီတိုးချဲ့လူနာတွေထဲက ပိုးတွေ့ပြီးရောဂါလက္ခဏာမပြသူတွေကို စောင့်ကြပ်ပြီးကုသပေးမယ်လို့ သိရပါတယ်။

မောင်တောခရိုင်အတွင်းရှိ ကိုဗစ်ပိုးတွေ့လူနာ (၁၂၀) ကျော်ထဲက မောင်တောဆေးရုံနဲ့မောင်တောမြို့နယ်ခန်းမဆောင်မှာ ပိုးတွေ့သူ ၅၀ ကျော်၊ ဘူးသီးတောင်မြို့နယ်မှာလူနာ (၇၀) ကို စစ်ဆေးကုသပေးနေရပြီး ရောဂါရှိသူနဲ့ ထိတွေ့သူ (၆၀) ကျော်ကို မြို့နယ်အလိုက် စောင့်ကြည့်စခန်းတွေမှာ ထားရှိထားတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

Photo – ဦးစိုးအောင်
#voiceofmyanmar #VOM #မောင်တော #ကိုဗစ် #ယာယီဆေးရုံတိုးချဲ့

Zawgyi

ေမာင္ေတာခ႐ိုင္မွာ ကိုဗစ္အတည္ျပဳလူနာ ထပ္တိုးေတြ႕ေနတဲ႔အတြက္ ယာယီေဆး႐ုံတိုးခ်ဲ႔

ေနျပည္ေတာ္၊ေအာက္တိုဘာ ၄-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရခိုင္ျပည္နယ္၊ ေမာင္ေတာခ႐ိုင္‌ ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ေမာင္ေတာၿမိဳ႕နယ္တို႔မွာ Covid-19 ေရာဂါပိုးေတြ႕လူနာ အနည္းငယ္ျမင့္တက္လာဖြယ္ရွ‌ိေနတာေၾကာင့္ ေမာင္ေတာၿမိဳ႕နယ္ခန္းမေဆာင္ကို တိုးခ်ဲ႕ယာယီေဆး႐ုံအျဖစ္ သက္မွတ္လိုက္တယ္လို႔ ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ကေျပာပါတယ္။

“လက္တေလာမွာ ဘူးသီးေတာင္မွာက ေဆး႐ုံသစ္ဆိုေတာ့ လူနာခုတင္ကဆန႔္တယ္။ ေမာင္ေတာမွာက ထားရင္ျဖစ္ေပမယ့္ သိပ္ၾကပ္သြားမွာမို႔ ႀကိဳတင္တိုးခ်ဲ႕ထားလိုက္တာ။ ျပင္ဆင္မႈေတြၿပီးပါၿပီ”လို႔ ဦးစိုးေအာင္ကေျပာပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ေအာက္တိုဘာ ၃ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ေမာင္ေတာခ႐ိုင္မွာ Covid-19‌အတည္ျပဳလူနာ ၂၉ ဦး ထပ္မံေတြ႕ရွိခဲ့တာျဖစ္ၿပီး ေမာင္ေတာၿမိဳ႔က၂၈ ဦးနဲ႔ ဘူးသီးေတာင္ၿမိဳ႔က ၁ ဦးျဖစ္တယ္လို႔ သိရပါတယ္။

ကိုဗစ္ဒုတိယလႈိင္းကာလ ဩဂုတ္လကေန ဒီကေန႔အခ်ိန္ထိ ေမာင္ေတာခ႐ိုင္အတြင္း ဘူး
သီးေတာင္နဲ႔ ‌ေမာင္‌ေတာၿမိဳ႕နယ္ေတြမွာ ‌ကိုဗစ္ေရာဂါပိုးေတြ႔လူနာ (၁၂၀)ေက်ာ္ ရွိေနတာျဖစ္ၿပီး ေမာင္ေတာေဆး႐ုံႀကီးမွာ ပိုးေတြ႕လူနာ (၃၀) ဦးခန႔္ကို စစ္ေဆးကုသေပးေနရတာေၾကာင့္ ယာယီတိုးခ်ဲ႕လူနာေတြထဲက ပိုးေတြ႕ၿပီးေရာဂါလကၡဏာမျပသူေတြကို ေစာင့္ၾကပ္ၿပီးကုသေပးမယ္လို႔ သိရပါတယ္။

ေမာင္ေတာခ႐ိုင္အတြင္းရွိ ကိုဗစ္ပိုးေတြ႕လူနာ (၁၂၀) ေက်ာ္ထဲက ေမာင္ေတာေဆး႐ုံနဲ႔ေမာင္ေတာၿမိဳ႕နယ္ခန္းမေဆာင္မွာ ပိုးေတြ႕သူ ၅၀ ေက်ာ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္မွာလူနာ (၇၀) ကို စစ္ေဆးကုသေပးေနရၿပီး ေရာဂါရွိသူနဲ႔ ထိေတြ႕သူ (၆၀) ေက်ာ္ကို ၿမိဳ႕နယ္အလိုက္ ေစာင့္ၾကည့္စခန္းေတြမွာ ထားရွိထားတယ္လို႔ ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

Photo – ဦးစိုးေအာင္
#voiceofmyanmar #VOM #ေမာင္ေတာ #ကိုဗစ္ #ယာယီေဆးရံုတိုးခ်ဲ႔

Related posts

Leave a Comment

VOM News

FREE
VIEW