ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု မှာ ရွေးကောက်ပွဲမလုပ်နိုင်

ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု မှာ ရွေးကောက်ပွဲမလုပ်နိုင်

အောက်တိုဘာ ၁၇-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ကျေးရွာအုပ်စုပေါင်း (၁၉၂)ရွာရှိတယ်လို့ အောက်တိုဘာလာ ၁၆ ရက် ညပိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရပါတယ်။

မြို့နယ်အလိုက် ကြေငြာထားချက်မှာတော့ အင်ဂျန်းယန်မြို့နယ်မှာ ၆၁ စု ၊ ဆွမ်ပရာဘွမ် မြို့နယ်မှာ ၃၁ စု၊ မံစီမြို့နယ်မှာ ၂၂ စု ၊ မိုးမောက်မြို့နယ်မှာ ၂၁ စု ၊မချမ်းဘောမြို့နယ်မှာ ၁၅ စု၊ ဝိုင်းမော်မြို့နယ်မှာ ၁၃ စု၊ ရွှေကူမြို့နယ်မှာ ၉ စု ၊ ချီဖွေမြို့နယ်မှာ ၉ အုပ်စု၊ ဆော့လော်မြို့နယ်မှာ ၈ စု၊ တနိုင်းမြို့နယ်မှာ ၂ စု၊ ခေါင်လန်းဖူးမြို့နယ်မှာ ၁ စုပါဝင်နေပါတယ်။

အဲ့ဒီရွာတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ပြောထားတာကတော့ ၂၀၁၅ ခုနှစ်ကတည်းက ပြည်ထဲရေးကဖျက်သိမ်းထားတဲ့ ရွာတွေပါဝင်သလို ၊ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဆန္ဒမဲစာရင်း မကောက်ယူနိုင်ခဲ့တဲ့ ရွာတွေပါဝင်တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်တုန်းကလည်း ကျေးရွာအုပ်စုပေါင်း ၂၁၂ ရွာမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကချင် #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW