ကိုဗစ်အသိပေးချက်ထုတ်ပြန်‌နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာသူအား အမှုဖွင့်ဖမ်းဆီးထား

ကိုဗစ်အသိပေးချက်ထုတ်ပြန်‌နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာသူအား အမှုဖွင့်ဖမ်းဆီးထား

အောက်တိုဘာ ၁၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ ရွှေပြည်ကုန်းကျေးရွာမှာ မနေ့အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းက ကိုဗစ် အသိပေးချက်ထုတ်ပြန်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို ဆဲဆိုကြိမ်းမောင်းရန်ရှာခဲ့သူကို ဘေးစီမံအက်ဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ရေတာရှည်မြို့ မရဲစခန်းကနေ သိရပါတယ်။

” သူက မူးနေလား မမူးနေလားတော့ မသိဘူး။ အသံချဲ့စက်နဲ့ ကြေညာချက်ထုတ်ပြန်နေတဲ့အဖွဲ့ကို ဆဲရုံမက ပုဆိုးလှန်ပြတယ်။ ‌နောက် ဂေါ်ပြားနဲ့ရိုက်ဖို့ထိပါ ပြင်လို့ အမှုဖွင့်တာပါ”လို့ ရွှေပြည်ကုန်းကျေးရွာ ရာအိမ်မှူး ဒေါ်တင်တင်ကပြောပါတယ်။

ရေတာရှည်မြို့နယ်၊ ဘိုးတော်ကုန်းကျေးအုပ်ချုပ်ရေးမှူး နဲ့ရွှေပြည်ကုန်းကျေးရွာ ရာအိမ်မှူးတို့ပါတဲ့အဖွဲ့ဟာ မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီကနေ ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာကို ကား‌ပေါ်မှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာနေချိန် ရွှေပြည်ကုန်းကျေးရွာနေ အသက်(၃၅ နှစ်)အရွယ်အမျိုးသားက နေအိမ်ခြံဝင်းအတွင်းကနေ ပုဆိုးလှန်ပြခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ခဲ့တဲ့အပြင် ဂေါ်ပြားနဲ့ရိုက်ဖို့ရန်ရှာခဲ့တာဖြစ်တယ်လို့ ရေတာရှည်မြို့မရဲစခန်းကနေ သိရပါတယ်။

ရေတာရှည်မြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးပြောပြတာကတော့ ” အုပ်ချုပ်ရေးမှူးအဖွဲ့ကရန်ကုန်နဲ့အခြားမြို့ကပြန်လာသူတွေ ကိုဗစ် ကင်းစင်ကြောင်းထောက်ခံစာမပါရင် ကိုယ့်စားရိတ်နဲ့ကိုယ် ကွာရန်တင်းရမယ်ဆိုတာ ကြေညာနေတာပါ။ ဒါကို ကျူးလွန်သူက ဆဲဆိုရန်ရှာတာဖြစ်ပြီး ညတွင်းချင်း ဖမ်းဆီးထားပြီးပါပြီ”လို့ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ အသက် ၃၅နှစ်အရွယ်အမျိုးသားကို ရေတာရှည်မြို့ မရဲစခန်းမှ(ပ) ၃၀၃/၂၀၂၀၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၆ နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေတာရှည်

Zawgyi

ကိုဗစ္အသိေပးခ်က္ထုတ္ျပန္‌ေနတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ကို ဆဲဆိုႀကိမ္းေမာင္းရန္ရွာသူအား အမႈဖြင့္ဖမ္းဆီးထား

ေအာက္တိုဘာ ၁၇-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕၊ ေ႐ႊျပည္ကုန္းေက်း႐ြာမွာ မေန႔ေအာက္တိုဘာ ၁၆ရက္ေန႔ညပိုင္းက ကိုဗစ္ အသိေပးခ်က္ထုတ္ျပန္ေနတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးနဲ႔အဖြဲ႕ကို ဆဲဆိုႀကိမ္းေမာင္းရန္ရွာခဲ့သူကို ေဘးစီမံအက္ဥပေဒနဲ႔ဖမ္းဆီးအမႈဖြင့္ထားတယ္လို႔ ေရတာရွည္ၿမိဳ႕ မရဲစခန္းကေန သိရပါတယ္။

” သူက မူးေနလား မမူးေနလားေတာ့ မသိဘူး။ အသံခ်ဲ႕စက္နဲ႔ ေၾကညာခ်က္ထုတ္ျပန္ေနတဲ့အဖြဲ႕ကို ဆဲ႐ုံမက ပုဆိုးလွန္ျပတယ္။ ‌ေနာက္ ေဂၚျပားနဲ႔႐ိုက္ဖို႔ထိပါ ျပင္လို႔ အမႈဖြင့္တာပါ”လို႔ ေ႐ႊျပည္ကုန္းေက်း႐ြာ ရာအိမ္မႉး ေဒၚတင္တင္ကေျပာပါတယ္။

ေရတာရွည္ၿမိဳ႕နယ္၊ ဘိုးေတာ္ကုန္းေက်းအုပ္ခ်ဳပ္ေရးမႉး နဲ ႔ေ႐ႊျပည္ကုန္းေက်း႐ြာ ရာအိမ္မႉးတို႔ပါတဲ့အဖြဲ႔ဟာ ၿမိဳ႕နယ္ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ကုသေရးေကာ္မတီကေန ထုတ္ျပန္ထားတဲ့ အမိန႔္ေၾကညာစာကို ကား‌ေပၚမွာ အသံခ်ဲ႕စက္နဲ႔ လိုက္လံေၾကညာေနခ်ိန္ ေ႐ႊျပည္ကုန္းေက်း႐ြာေန အသက္(၃၅ ႏွစ္)အရြယ္အမ်ိဳးသားက ေနအိမ္ၿခံဝင္းအတြင္းကေန ပုဆိုးလွန္ျပျခင္း၊ ဆဲဆိုႀကိမ္းေမာင္းျခင္းမ်ားျပဳလုပ္ခဲ့တဲ့အျပင္ ေဂၚျပားနဲ႔႐ိုက္ဖို႔ရန္ရွာခဲ့တာျဖစ္တယ္လို႔ ေရတာရွည္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ေရတာရွည္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္တစ္ဦးေျပာျပတာကေတာ့ ” အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ကရန္ကုန္နဲ႔အျခားၿမိဳ႕ကျပန္လာသူေတြ ကိုဗစ္ ကင္းစင္ေၾကာင္းေထာက္ခံစာမပါရင္ ကိုယ့္စားရိတ္နဲ႔ကိုယ္ ကြာရန္တင္းရမယ္ဆိုတာ ေၾကညာေနတာပါ။ ဒါကို က်ဴးလြန္သူက ဆဲဆိုရန္ရွာတာျဖစ္ၿပီး ညတြင္းခ်င္း ဖမ္းဆီးထားၿပီးပါၿပီ”လို ႔ေျပာပါတယ္။

အမႈနဲ႔ပတ္သက္္လို႔ အသက္ ၃၅ႏွစ္အရြယ္အမ်ိဳးသားကို ေရတာရွည္ၿမိဳ႕ မရဲစခန္းမွ(ပ) ၃၀၃/၂၀၂၀၊ သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ-၂၆ နဲ႔ ဖမ္းဆီးအမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေရတာရွည္

Related posts

Leave a Comment

VOM News

FREE
VIEW