ကျွန်းသစ်လုံး ၁၀၀ ကျော်နဲ့အတူ သစ်ဆွဲဆင် ၁ ကောင်နဲ့ သစ်စက် ၁ လုံးကို တရားမဝင် သစ်ထုတ်နေသူတွေဆီက သိမ်းဆည်းရမိ

ကျွန်းသစ်လုံး ၁၀၀ ကျော်နဲ့အတူ သစ်ဆွဲဆင် ၁ ကောင်နဲ့ သစ်စက် ၁ လုံးကို တရားမဝင် သစ်ထုတ်နေသူတွေဆီက သိမ်းဆည်းရမိ

အောက်တိုဘာ ၂၂ -၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ကသာခရိုင် သစ်တောနယ်မြေတွေအတွင်း မနေ့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက သစ်တောဝန်ထမ်းတွေက နယ်မြေရှင်းလင်းရေးလုပ်ချိန် တရားမဝင် သစ်ထုတ်နေတဲ့သူတွေဆီက သစ်ထုတ်ဆင် တစ်ကောင်အပါအဝင် ကျွန်းသစ်လုံးတွေကို သိမ်းဆီးရရှိခဲ့တယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာနကပြောပါတယ်။

” အင်းတော်မြို့နယ်ထဲက သီလရွာဘက်က တောင်ခြေမှာ သစ်ခွဲရာမှာအသုံးပြုတဲ့ အင်ဂျင်စက် ၁ လုံးနဲ့ ကျွန်းသစ်လုံး ၁၇ လုံး ၊ ၂ ဒသမ ၆၄၄ တန် စတွေ့တယ် ၊ နောက်ပြီး ဗန်းမောက်မြို့နယ် ၊ တပ်လွင်ကြိုးဝိုင်း၊ အကွက်အမှတ် ၃၁ နဲ့ ၃၂ ဘက်ကို ဆက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တယ်”လို့ ကသာခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုးရုံးက ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

ဗန်းမောက်မြို့နယ် တပ်လွင်ကြိုးဝိုင်းဘက်မှာ ကျွန်းသစ်လုံး ၁၂ လုံး၊ ၂ ဒဿမ ၃၆၂ တန် တနေရာနဲ့ ကျွန်းသစ်လုံး ၈၀ ၊ ၁၃ ဒဿမ ၉၈၄ တန်နဲ့ အတူ လက်ကိုင် သစ်ဖြတ်စက် တစ်လုံးကိုပါ သစ်တောဌာနက သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သက်တမ်း ၆၀ ကျော်ရှိနေပြီဖြစ်တဲ့ ပုဂ္ဂလိကပိုင် သစ်ထုတ်လုပ်ရေး ဆင်အမတစ်ကောင်ကိုလည်း ဆင်ဦးစီး ဆင်ပိုင်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကသာခရိုင် သစ်တောဦးစီးဌာနက သစ်တောသယံဇတပစ္စည်းတွေ လေလွှင့်မှုမရှိအောင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ကျွန်းသစ်လုံး ၁၀၉ လုံး၊ သစ်တန်ချိန် ၁၈ ဒဿမ ၉၉၀၀ တန်ကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း သစ်တောရေးရာဌာနကနေ သိရပါတယ်။

Photo-ကသာခရိုင် သစ်တောဦးစီးဌာန
#voiceofmyanmar #VOM #ကသာ #တရားမဝင်သစ် #ဖမ်းဆီးရမိ

Zawgyi

ကြၽန္းသစ္လုံး ၁၀၀ ေက်ာ္နဲ႔အတူ သစ္ဆြဲဆင္ ၁ ေကာင္နဲ႔ သစ္စက္ ၁ လုံးကို တရားမဝင္ သစ္ထုတ္ေနသူေတြဆီက သိမ္းဆည္းရမိ

ေအာက္တိုဘာ ၂၂ -၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ ကသာခ႐ိုင္ သစ္ေတာနယ္ေျမေတြအတြင္း မေန႔ ေအာက္တိုဘာ ၂၁ ရက္ ညေနပိုင္းက သစ္ေတာဝန္ထမ္းေတြက နယ္ေျမရွင္းလင္းေရးလုပ္ခ်ိန္ တရားမဝင္ သစ္ထုတ္ေနတဲ့သူေတြဆီက သစ္ထုတ္ဆင္ တစ္ေကာင္အပါအဝင္ ကြၽန္းသစ္လုံးေတြကို သိမ္းဆီးရရွိခဲ့တယ္လို႔ ကသာခ႐ိုင္သစ္ေတာဦးစီးဌာနကေျပာပါတယ္။

” အင္းေတာ္ၿမိဳ႕နယ္ထဲက သီလ႐ြာဘက္က ေတာင္ေျခမွာ သစ္ခြဲရာမွာအသုံးျပဳတဲ့ အင္ဂ်င္စက္ ၁ လုံးနဲ႔ ကြၽန္းသစ္လုံး ၁၇ လုံး ၊ ၂ ဒသမ ၆၄၄ တန္ စေတြ႕တယ္ ၊ ေနာက္ၿပီး ဗန္းေမာက္ၿမိဳ႕နယ္ ၊ တပ္လြင္ႀကိဳးဝိုင္း၊ အကြက္အမွတ္ ၃၁ နဲ႔ ၃၂ ဘက္ကို ဆက္ၿပီး နယ္ေျမရွင္းလင္းေရး လုပ္ခဲ့တယ္”လို႔ ကသာခ႐ိုင္ သစ္ေတာဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႈး႐ုံးက ဝန္ထမ္း တစ္ေယာက္က ေျပာပါတယ္။

ဗန္းေမာက္ၿမိဳ႕နယ္ တပ္လြင္ႀကိဳးဝိုင္းဘက္မွာ ကြၽန္းသစ္လုံး ၁၂ လုံး၊ ၂ ဒႆမ ၃၆၂ တန္ တေနရာနဲ႔ ကြၽန္းသစ္လုံး ၈၀ ၊ ၁၃ ဒႆမ ၉၈၄ တန္နဲ႔ အတူ လက္ကိုင္ သစ္ျဖတ္စက္ တစ္လုံးကိုပါ သစ္ေတာဌာနက သိမ္းဆည္းရရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ သက္တမ္း ၆၀ ေက်ာ္ရွိေနၿပီျဖစ္တဲ့ ပုဂၢလိကပိုင္ သစ္ထုတ္လုပ္ေရး ဆင္အမတစ္ေကာင္ကိုလည္း ဆင္ဦးစီး ဆင္ပိုင္နဲ႔အတူ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

ကသာခ႐ိုင္ သစ္ေတာဦးစီးဌာနက သစ္ေတာသယံဇတပစၥည္းေတြ ေလလႊင့္မႈမရွိေအာင္ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ရာမွာ ကြၽန္းသစ္လုံး ၁၀၉ လုံး၊ သစ္တန္ခ်ိန္ ၁၈ ဒႆမ ၉၉၀၀ တန္ကို ဖမ္းဆီးႏိုင္ခဲ့တာျဖစ္တယ္လို႔ စစ္ကိုင္းတိုင္း သစ္ေတာေရးရာဌာနကေန သိရပါတယ္။

Photo-ကသာခ႐ိုင္ သစ္ေတာဦးစီးဌာန
#voiceofmyanmar #VOM #ကသာ #တရားမဝင္သစ္ #ဖမ္းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW