ရန်ကုန်ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း နော်အုန်းလှ
ကိုယ်စားလှယ်လောင်းမိတ်ဆက် ရန်ကုန်ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း နော်အုန်းလှ အောက်တိုဘာ ၂၂-၂၀၂၀ ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ပြိုင်တဲ့အထဲမှာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လယ်သမား၊ အလုပ်သမားအရေးတွေ ဦးဆောင်ပါဝင်ခဲ့တဲ့ နော်အုန်းလှဟာ လည်း ပါဝင်နေပါတယ်။ နော်အုန်းလှဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီကနေ ရန်ကုန်တိုင်းအတွက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ဖို့ ဝင်ပြိုင်မှာမို့ ဗီအိုအမ် အယ်ဒီတာချုပ် ဦးနေလင်းက နော်အုန်းလှရဲ့ နိုင်ငံရေးခံယူချက်၊ ကရင်ပြည်သူတွေအတွက် သူဘာလုပ်ပေးနိုင်မလဲ ဆိုတာတွေကို အင်တာနက်က တဆင့် မေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ #voiceofmyanmar #VOM #ကိုယ်စားလှယ်လောင်းမိတ်ဆက် #နော်အုံးလှ Zawgy ကိုယ်စားလှယ်လောင်းမိတ်ဆက် ရန်ကုန်ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း နော်အုန်းလှ အောက်တိုဘာ ၂၂-၂၀၂၀ ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ပြိုင်တဲ့အထဲမှာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လယ်သမား၊ အလုပ်သမားအရေးတွေ ဦးဆောင်ပါဝင်ခဲ့တဲ့ နော်အုန်းလှဟာ လည်း ပါဝင်နေပါတယ်။…
Read More
အလုပ်ရှင်ဘက်က ကျန်းမာရေးပိုင်းဆိုင်ရာစီစဉ်မှု အားနည်းတယ်ဆိုပြီး အလုပ်သမားထောင်နဲ့ချီဆန္ဒပြ
အလုပ်ရှင်ဘက်က ကျန်းမာရေးပိုင်းဆိုင်ရာစီစဉ်မှု အားနည်းတယ်ဆိုပြီး အလုပ်သမားထောင်နဲ့ချီဆန္ဒပြ အောက်တိုဘာ ၂၂ သိင်္ဂီထွန်း (VOM ) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က MILA GARDEN CO.LTDဖိနပ်စက်ရုံဟာ အလုပ်သမားတွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာ စီစဉ်ပေးမှုအားနည်းတယ်ဆိုပြီး အလုပ်သမား ထောင်နဲ့ချီ စက်ရုံအတွင်းမှာ ဆန္ဒပြမှုပြုလုပ်ခဲ့တယ်လို့ စက်ရုံအလုပ်သမားဆီကနေ သိရပါတယ်။ အလုပ်သမားတွေတောင်းဆိုနေတာကတော့ အဓိက ကျန်းမာရေးပိုင်းဆိုင်ရာကို သေသေချာချာလုပ်ဆောင်ပေးဖို့နဲ့ လူမှုဖူလုံရေးကြေး၊ လူမှုဖူလုံရေးကဒ်တွေရရှိဖို့ အပါအဝင်စတဲ့ တောင်းဆိုချက်တချို့ကို ဒီကနေ့ အောက်တိုဘာလ ၂၂ ရက် နေ့လယ်ကတည်းက တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။ “အခု ဆန္ဒပြနေပါတယ်။ တောင်းဆိုချက်တွေ ၅ချက်၊ ၆ ချက်ရှိတယ်။ စက်ရုံပြန်ဆင်းတယ် ရွာတွေကနေ ပေးမထွက်လို့ အလုပ်လာမဆင်းရတဲ့သူတွေရှိတယ်။ ရပ်ရွာလူကြီးတွေက ကိုဗစ်ကြောက်လို့ပေးမလွှတ်ဘူး။ အဲ့ဒီလူတွေကို အလုပ်ဖြုတ်မယ် လစာလျှော့မယ်ပြောလို့ ဒီနေ့အလုပ်ပြန်ဆင်းကြတယ်။ တောင်းဆိုတာက ကျန်းမာရေးနဲ့ပတ်သက်ပြီးလုပ်ပေးတာအရမ်းအားနည်းတယ်။ အိမ်သာကအစ အကုန်ပြုတ်ကျပြီးစုတ်ပြတ်နေတယ်။ အဲ့ဒါကို ဘယ်သူကိုပြောရမှန်းလဲမသိဘူး။…
Read More
စစ်ရှောင်စခန်းတွေမှာ ပါတီတွေမဲဆွယ်ရ အခက်အခဲဖြစ်နေ
စစ်ရှောင်စခန်းတွေမှာ ပါတီတွေမဲဆွယ်ရ အခက်အခဲဖြစ်နေ မြစ်ကြီးနား-အောက်တိုဘာ ၂၂-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ Covid-19 ရောဂါကာကွယ်နိုင်ရေးအတွက် အပြင်လူ အ၀င်မခံလို့ နိုင်ငံရေးပါတီတွေ မဲဆွယ်ရ အခက်အခဲ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲ၀င်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူ ပြောပြတာကတော့ ရွေးကောက်ပွဲနီးလာလို့ စစ်ရှောင်စခန်းတွေက မဲဆန္ဒရှင်ပြည်သူတွေဆီ မဲဆွယ်ဖို့ ကြိုးစားတဲ့အခါ Covid-19 ရောဂါ အခြေအနေကြောင့် စစ်ရှောင်စခန်း တာ၀န်ခံတွေက အ၀င်မခံလို့ အခက်အခဲကြုံရတယ်လို့ ပြောပါတယ်။ ပါတီတွေဘက်က စစ်ရှောင်စခန်းတွေဆီ မဲဆွယ်ဖို့ ကိစ္စပြောလာတဲ့အခါ ဆောင်ရွက်ပေါ်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မိုင်းနား (KBC) စစ်ရှောင်စခန်းတာ၀န်ခံ ဦးဘရန်ဆိုင်းကို မေးကြည့်တော့ လူဦးရေ ၅၀ အောက်နဲ့ မဲဆွယ်ပွဲလုပ်နိုင်ဖို့ စီစဉ်ပေးရတယ်လို့ ပြောပါတယ်။ ပါတီတွေစစ်ရှောင်စခန်းတွေမှာ ၀င်ရောက်မဲဆွယ်မှု မပြုတော့ပေမယ့် အရင်က ဆွေးနွေးထားတာတွေ၊…
Read More
တောင်ကြီး သီတင်းကျွတ်ညအတွက် ဘာတွေစီစဉ်ထားသလဲ
Read More
ဘန်ကောက်မှာ အရေးပေါ်အမိန့်ကို ထိုင်းအစိုးရရုပ်သိမ်းပေး၊ ဝန်ကြီးချုပ် သုံးရက်အတွင်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို
ဘန်ကောက်မှာ အရေးပေါ်အမိန့်ကို ထိုင်းအစိုးရရုပ်သိမ်းပေး၊ ဝန်ကြီးချုပ် သုံးရက်အတွင်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို ဘန်ကောက်၊ အောက်တိုဘာ ၂၂-၂၀၂၀ မျိုးဆက်(VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အရေးပေါ်အမိန့်တစ်ရပ်ပြဌာန်းပြီး အစိုးရဆန့်ကျင်ရေး အကြီးအကျယ် ဆန္ဒပြမှုတွေကို ရပ်တန့်ဖို့ကြိုးစားပေမယ့် မအောင်မြင်ပြီးနောက် အများပြည်သူစုဝေးခွင့်ကို ပိတ်ပင်ထားချက်ကို ထိုင်းအစိုးရက ရုပ်သိမ်းလိုက်ပါတယ်။ ထိုင်းအစိုးရဟာ လူ ၄ ဦးထက်ကျော်ပြီး စုဝေးခွင့်ကို ပိတ်ပင်ပြီး ညမထွက်ရအမိန့်ပါဝင်တဲ့ အရေးပေါ်အမိန့်တစ်ရပ်ကို ကြေညာခဲ့ပေမယ့်လည်း မကြာသေးမီရက်တွေအတွင်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဆိုးဆိုးရွားရွားအခြေအနေတွေ လျော့ပါးသွားတာကြောင့် အရေးပေါ်အမိန့်အစီအမံတွေကို ရုပ်သိမ်းလိုက်တာလို့ ထိုင်းအစိုးရကတော့ ပြောပါတယ်။ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ မကြာသေးမီနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ အကြီးမားဆုံးဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေကတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို သုံးရက်အတွင်း ရာထူးကနေနှုတ်ထွက်ပေးဖို့ ရာဇသံပေးထားပြီး ဒီလိုမှမဟုတ်ရင် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။ နှစ်ဘက်လုံးအနေနဲ့ မတူကွဲပြားမှုတွေကို ပါလီမန်လုပ်ငန်းစဉ်မှတစ်ဆင့်…
Read More
ကျွန်းသစ်လုံး ၁၀၀ ကျော်နဲ့အတူ သစ်ဆွဲဆင် ၁ ကောင်နဲ့ သစ်စက် ၁ လုံးကို တရားမဝင် သစ်ထုတ်နေသူတွေဆီက သိမ်းဆည်းရမိ
ကျွန်းသစ်လုံး ၁၀၀ ကျော်နဲ့အတူ သစ်ဆွဲဆင် ၁ ကောင်နဲ့ သစ်စက် ၁ လုံးကို တရားမဝင် သစ်ထုတ်နေသူတွေဆီက သိမ်းဆည်းရမိ အောက်တိုဘာ ၂၂ -၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ကသာခရိုင် သစ်တောနယ်မြေတွေအတွင်း မနေ့ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက သစ်တောဝန်ထမ်းတွေက နယ်မြေရှင်းလင်းရေးလုပ်ချိန် တရားမဝင် သစ်ထုတ်နေတဲ့သူတွေဆီက သစ်ထုတ်ဆင် တစ်ကောင်အပါအဝင် ကျွန်းသစ်လုံးတွေကို သိမ်းဆီးရရှိခဲ့တယ်လို့ ကသာခရိုင်သစ်တောဦးစီးဌာနကပြောပါတယ်။ ” အင်းတော်မြို့နယ်ထဲက သီလရွာဘက်က တောင်ခြေမှာ သစ်ခွဲရာမှာအသုံးပြုတဲ့ အင်ဂျင်စက် ၁ လုံးနဲ့ ကျွန်းသစ်လုံး ၁၇ လုံး ၊ ၂ ဒသမ ၆၄၄ တန် စတွေ့တယ် ၊ နောက်ပြီး ဗန်းမောက်မြို့နယ် ၊ တပ်လွင်ကြိုးဝိုင်း၊ အကွက်အမှတ် ၃၁ နဲ့ ၃၂…
Read More
တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်
တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်   အောက်တိုဘာ ၂၂-၂၀၂၀ ဆွေလင်းထွန်း(VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်ကုတ်ကလွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကိုအောက်တိုဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ AA လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ NLD ပါတီက ကြေညာချက်တစောင်ကို အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်ဘဲ AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အချက်တွေဟာ အခြေအမြစ်မရှိဘဲ တဖက်သတ် ကောက်ချက်ချမှုသာ ဖြစ်ကြောင်းနဲ့  AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေ‌ဟာ နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ အဟတ့်အထားတခု ဖြစ်လာနိုင်တယ်လို့ ပါရှိပြီး…
Read More
တရုတ်နဲ့တင်းမာနေချိန်မှာ ထိုင်ဝမ်ကို လက်နက်တွေရောင်းဖို့ အမေရိကန်အစိုးရအတည်ပြု
တရုတ်နဲ့တင်းမာနေချိန်မှာ ထိုင်ဝမ်ကို လက်နက်တွေရောင်းဖို့ အမေရိကန်အစိုးရအတည်ပြု ဝါရှင်တန်၊ အောက်တိုဘာ-၂၂-၂၀၂၀ မျိုးဆက် (VOM) ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချဖို့ ဒေါ်နယ်ထရန့်ရဲ့အမေရိကန်အစိုးရက အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ ရောင်းချမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အောက်တိုဘာ ၂၁ ရက်မှာ ကွန်ဂရက်ကို အကြောင်းကြားခဲ့ပါတယ်။ ကွန်ဂရက်ကို အကြောင်းကြားစာမှာတော့ တိုက်လေယာဉ်တွေက သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေ ၊မြေပြင်အခြေစိုက် ဒုံးပစ်လောင်ချာတွေနဲ့ တိုက်လေယာဉ်တွေအတွက် ပြင်ပအာရုံခံကိရိယာတွေ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ အခုနှစ်အစောပိုင်းကစလို့ ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေတိုးမြှင့်ခဲ့ပါတယ်။ အမေရိကန်ကလည်း တရုတ်နိုင်ငံက ရေကြောင်းပိုင်ဆိုင်မှုတောင်းဆိုထားတဲ့ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ပြင်ကို စစ်သင်္ဘောတွေစေလွှတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှုနဲ့အတူ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံအပေါ် တိုးမြှင့် ဖိအားပေးနေပါတယ်။ အခုကဲ့လို လက်နက်ရောင်းချမှုဟာ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းအတွင်း…
Read More
ပလက်ဝမြို့နယ်ပြင်ပကိုရောက်နေသူတွေ အောက်တိုဘာ ၂၅ရက်နောက်ဆုံးထားပြီး ကြိုတင်မဲလျှောက်ထားရမယ်
ပလက်ဝမြို့နယ်ပြင်ပကိုရောက်နေသူတွေ အောက်တိုဘာ ၂၅ရက်နောက်ဆုံးထားပြီး ကြိုတင်မဲလျှောက်ထားရမယ် အောက်တိုဘာ ၂၂-၂၀၂၀ အေးချမ်းသူ(VOM) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ပြင်ပကို ရောက်ရှိနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲထည့်နိုင်ဖို့ ချင်းပြည်နယ်အစိုးရက စီစဉ်ထားတယ်လို့ ချင်းပြည်နယ်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က VOMကို ပြောပါတယ်။ “ပလက်ဝမြို့နယ်အတွင်းမှာ မဲစာရင်းနာမည်ပါပြီး၊ ပလက်ဝမြို့နယ်ပြင်ပကို ရောက်ရှိနေတဲ့သူတွေအတွက် ကြိုတင်မဲထည့်နိုင်ရန်အတွက်စီစဉ်ထားတယ်။ ကိုယ်ရောက်ရှိနေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကိုသွားပြီး ပုံစံ ၁၅ ဖြင့်လျှောက်ထားတောင်းခံပြီး ပလက်ဝမြို့နယ်ကော်မရှင်ရုံးကို ပေးပို့ရမှာ၊ ကြိုတင်မဲလက်မှတ်များကို ပလက်ဝမှာ မဲစာရင်းပါဝင်သူများသာမဲထည့်နိုင်မှာဖြစ်တယ်၊ အခြားမြို့တွေမှာ ပုံစံ ၃(က)ဝင်ပြီးသူတွေက ပုံစံ ၁၅ လျှောက်ထားခွင့်မရှိဘူး ၊ကြိုတင်မဲလက်မှတ်ပုံစံ -၁၅ လျှောက်ထားရမယ့် နောက်ဆုံးရက်ဟာ အောက်တိုဘာလ ၂၅ ရက် ဖြစ်ပြီး ပလက်ဝမြို့နယ်ကော်မရှင်မှ မဲလက်မှတ်နောက်ဆုံးပို့ရမှာသည် နိုဝင်ဘာလ ၁ရက်နေ့ဖြစ်တယ်”လို့ ချင်းပြည်နယ်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစိုးထက်ကပြောပါတယ်။ ပလက်ဝမြို့နယ်ပြင်ပကိုရောက်ရှိနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကြိုတင်မဲတွေကို…
Read More
စစ်ကိုင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူအင်အား ၅ထောင်ကျော်နဲ့ အင်းအားပြ လှည့်လည်
စစ်ကိုင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူအင်အား ၅ထောင်ကျော်နဲ့ အင်းအားပြ လှည့်လည် အောက်တိုဘာ ၂၂ -၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ကို ဝန်းရံသူတွေက စစ်ကိုင်းမြို့အတွင်း စီတန်းလှည့်လည် အင်အားပြမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲလို စီတန်းလှည့်လည် အင်အားပြရာမှာ ကားအစီးရေ ၂၀၀ ကျော် ၊ဆိုင်ကယ်အစီးရေ ၅၀၀ ခန့် လူဦးရေ ၅၀၀၀ ကျော် နဲ့ စစ်ကိုင်းမြို့၊ဆွမ်းချက်ရပ်မှာ စုရပ်ပြုလုပ်ပြီး မြို့အတွင်း လှည့်လည်အင်းအားပြခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းခေါင်က ပြောပါတယ်။ ”အခြားပါတီတွေက လှည့်တာကို နေ့တိုင်းမြင်တော့ ပါတီဝန်းရံသူတွေက လှည့်ချင်ကြတယ်။ ကျွန်တော်တို့က အလှည့်မခံပါဘူး၊ ကိုယ်စားလှယ်လောင်းတွေကရော လှည့်တာကို လက်သင့်မခံဘူး၊ သူတို့ဟာ သူတို့လှည့်မယ်။ မလှည့်ခိုင်းရင် မဲမထည့်တော့ဘူးဆိုပြီး စကားတွေ ပြောလာကြတော့ အခုက ကျွန်တော်တို့ပါတီက…
Read More
VOM News
FREE
VIEW