တရုတ်နဲ့တင်းမာနေချိန်မှာ ထိုင်ဝမ်ကို လက်နက်တွေရောင်းဖို့ အမေရိကန်အစိုးရအတည်ပြု

တရုတ်နဲ့တင်းမာနေချိန်မှာ ထိုင်ဝမ်ကို လက်နက်တွေရောင်းဖို့ အမေရိကန်အစိုးရအတည်ပြု

ဝါရှင်တန်၊ အောက်တိုဘာ-၂၂-၂၀၂၀
မျိုးဆက် (VOM)

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချဖို့ ဒေါ်နယ်ထရန့်ရဲ့အမေရိကန်အစိုးရက အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

ရောင်းချမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အောက်တိုဘာ ၂၁ ရက်မှာ ကွန်ဂရက်ကို အကြောင်းကြားခဲ့ပါတယ်။

ကွန်ဂရက်ကို အကြောင်းကြားစာမှာတော့ တိုက်လေယာဉ်တွေက သယ်ဆောင်ပစ်ခတ်နိုင်တဲ့ ဒုံးပျံတွေ ၊မြေပြင်အခြေစိုက် ဒုံးပစ်လောင်ချာတွေနဲ့ တိုက်လေယာဉ်တွေအတွက် ပြင်ပအာရုံခံကိရိယာတွေ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ အခုနှစ်အစောပိုင်းကစလို့ ထိုင်ဝမ်ကျွန်းအနီးဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေတိုးမြှင့်ခဲ့ပါတယ်။ အမေရိကန်ကလည်း တရုတ်နိုင်ငံက ရေကြောင်းပိုင်ဆိုင်မှုတောင်းဆိုထားတဲ့ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ပြင်ကို စစ်သင်္ဘောတွေစေလွှတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှုနဲ့အတူ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံအပေါ် တိုးမြှင့် ဖိအားပေးနေပါတယ်။

အခုကဲ့လို လက်နက်ရောင်းချမှုဟာ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းအတွင်း ထိုင်ဝမ်ကို လက်နက်ရောင်းချမှုမှာ ရှစ်ကြိမ်မြောက်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

တရုတ္နဲ႔တင္းမာေနခ်ိန္မွာ ထိုင္၀မ္ကို လက္နက္ေတြေရာင္းဖို႔ အေမရိကန္အစိုးရအတည္ျပဳ

၀ါရွင္တန္၊ ေအာက္တိုဘာ-၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္၀မ္ကို ေဒၚလာ ၁ ဒႆမ ၈ ဘီလီယံတန္ဖိုးရိွ စစ္လက္နက္ပစၥည္းမ်ားေရာင္းခ်ဖို႔ ေဒၚနယ္ထရန္႔ရဲ႕အေမရိကန္အစိုးရက အတည္ျပဳဆံုးျဖတ္လိုက္ပါတယ္။

ေရာင္းခ်မယ္႔ အစီအစဥ္နဲ႔ ပတ္သက္ျပီး အေမရိကန္အစိုးရက ေအာက္တိုဘာ ၂၁ ရက္မွာ ကြန္ဂရက္ကို အေၾကာင္းၾကားခဲ႔ပါတယ္။

ကြန္ဂရက္ကို အေၾကာင္းၾကားစာမွာေတာ႔ တိုက္ေလယာဥ္ေတြက သယ္ေဆာင္ပစ္ခတ္နိုင္တဲ႔ ဒံုးပ်ံေတြ ၊ေျမျပင္အေျခစိုက္ ဒံုးပစ္ေလာင္ခ်ာေတြနဲ႔ တိုက္ေလယာဥ္ေတြအတြက္ ျပင္ပအာရံုခံကိရိယာေတြ ေရာင္းခ်သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

တရုတ္နုိင္ငံဟာ အခုနွစ္အေစာပိုင္းကစလို႔ ထိုင္၀မ္ကြ်န္းအနီး၀န္းက်င္မွာ စစ္ေရးလႈပ္ရွားမႈေတြတိုးျမွင္႔ခဲ႔ပါတယ္။ အေမရိကန္ကလည္း တရုတ္နုိင္ငံက ေရေၾကာင္းပိုင္ဆိုင္မႈေတာင္းဆိုထားတဲ႔ ထုိင္၀မ္ေရလက္ၾကားနဲ႔ ေတာင္တရုတ္ပင္လယ္ျပင္ကို စစ္သေဘၤာေတြေစလႊတ္ျပီး တံု႔ျပန္ခဲ႔ပါတယ္။

ထိုင္၀မ္ကို အေမရိကန္က လက္နက္ေရာင္းခ်မႈနဲ႔အတူ ေဒၚနယ္ထရန္႔ရဲ႕ အေမရိကန္အစိုးရဟာ တရုတ္နုိင္ငံအေပၚ တိုးျမွင္႔ ဖိအားေပးေနပါတယ္။

အခုကဲ႔လို လက္နက္ေရာင္းခ်မႈဟာ ေဒၚနယ္ထရန္႔ရဲ႕ သမၼတသက္တမ္းအတြင္း ထိုင္၀မ္ကို လက္နက္ေရာင္းခ်မႈမွာ ရွစ္ၾကိမ္ေျမာက္ျဖစ္ေၾကာင္း ထိုင္၀မ္နိုင္ငံျခားေရး၀န္ၾကီးဌာနက ထုတ္ျပန္ထားပါတယ္။

Ref : NHK
Photo: Getty Images
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW