မုံရွာမြို့ပေါ်မှာ သီတင်းကျွတ်လပြည့် ၁ ရက်ထဲ ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ယောက်နဲ့ သေဆုံးသူ ၁ ယောက်အထိရှိ

နိုဝင်ဘာ ၁ -၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မနေ့ အောက်တိုဘာ ၃၁ရက် ၊ သီတင်းကျွတ်လပြည့် ၁ ရက်ထဲမှာ ထိခိုက်ဒဏ်ရာရ လူနာ ၃၂ ယောက်ရှိခဲ့ပြီး အမျိုးသား ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

” မှုခင်းဆေးစာ လူနာတွေက ဖြစ်ပွားပုံ အမျိုးမျိုးဖြစ်တယ် ၊ ယာဉ်တိုက်မှု ၊ ဓားခုတ်မှု ရိုက်မှု နဲ့ အခြား နာကျဉ်မှုတွေက လူနာတွေဖြစ်တယ် ” လို့ မှုခင်းဆေးစာဌာနက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ဆေးရုံကို ရောက်မလာဘဲ အခြားနည်းလမ်းနဲ့ ပြင်ပမှာဆေးကုသတဲ့ လူနာတွေလည်းရှိနေပြီး အဲ့ဒီ လူနာအရေအတွက်ပါ ပါဝင်မယ်ဆိုရင် သီတင်းကျွတ် လပြည့် ၁ ရက်ထဲ မုံရွာမြို့ပေါ်မှာ ထိခိုက်ဒဏ်ရာရ လူနာ ၅၀ ကျော်အထိ ရှိနိုင်တယ်လို့ မုံရွာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းထားတာဖြစ်ပါတယ်။

ကုတင်-၅၀၀ မုံရွာပြည်သူ့ဆေးရုံကြီး မှုခင်းဆေးစာ မှတ်တမ်းတွေအရ အောက်တိုဘာ ၃၁ ရက် မနက် ၁ နာရီကနေ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းအချိန်ထိ မှုခင်းပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိသူ လူနာ ၃၂ ယောက်က ဆေးကုသမှုခံယူဖို့ ဆေးရုံကြီးကို ရောက်ရှိလာတဲ့ လူနာအရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သီတင်းကျွတ် လပြည့်နေ့ ၁ ရက်ထဲမှာ စစ်ကိုင်းတိုင်းအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု အများအပြားဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ လူနာအရေအတွက်ဟာလည်း ရာဂဏန်းနီးပါးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #သီတင်းကျွတ်လပြည့်ည #ထိခိုက်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW