UECတံဆိပ်တုံးအတု အသုံးပြုခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်ဟာ ရိုးသားစွာမှားယွင်းခြင်းသာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌပြော

နိုဝင်ဘာ ၁-၂၀၂၀ သူရိန်(VOM) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကြိုတင်မဲကောက်ယူရာမှာ တံဆိပ်တုံးအတု အသုံးပြုခဲ့တဲ့ဖြစ်စဉ်ကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံတင်ပြထားပြီး ကော်မရှင်အဖွဲ့ဝင်က ရိုးသားစွာမှားယွင်းတာဖြစ်တယ်လို့ လှည်းကူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်ကပြောပါတယ်။ ” မြို့မရပ်ကွက်မှာ ကြိုတင်မဲထုတ်ယူတဲ့အခါမှာ တံဆိပ်တုံးအတုနဲ့ထုပြီး ကောက်ယူတယ်ဆိုပြီး တက်လာတယ်။ အဖြစ်အပျက်ကို မေးကြည့်လိုက်တဲ့အခါမှာ တာဝန်ကျ ကော်မရှင် ဦးကျော်စိုးနဲ့ မဲရုံကိုကြိုတင်မဲလိုက်ယူခိုင်းတဲ့အခါမှာ ကိုယ်တို့က နိုင်ငံရေးပါတီများကလည်း ပွင့်လင်းမြင်သာမှုရှိမရှိဆိုပြီး ကိုယ်စားလှယ်လည်းထည့်တယ်။ အဲ့ဒီမှာ ပြည်ခိုင်ဖြိုးက မဲရုံတာဝန်ကျတဲ့ကိုယ်စားလှယ်က တံဆိပ်တုံးကိုပေးတော့ ဟိုလူကလည်းအမှတ်မထင်ယူလိုက်တယ်။ ပြည်ခိုင်ဖြိုးကပေးတာ ပြည်ထောင်စုကပေးတဲ့ အမှန်ခြစ်တံဆိပ်တုံးမဟုတ်ဘူး။ အဲ့ဒီတံဆိပ်တုံးကို သူယူလိုက်တယ်။ ယူလိုက်ပြီးတော့ အဲ့ဒါကိုထည့်ဝင်မိတယ်လို့သိရတယ်။ အခုအရေးယူဆောင်ရွက်မှုအပိုင်းကတော့ ခရိုင်ကော်မရှင်ကို တင်ပြထားတယ်၊ ခရိုင်ကော်မရှင်ကနေပြီးတော့ ဘာလုပ်ဘာလုပ် လုပ်တဲ့အချိန် ကိုယ်တို့လုပ်ခဲ့တယ်။ ကိုယ်တို့ဆီမှာဖြစ်နေတာက အမှန်ခြစ်ရမလား တံဆိပ်ရိုက်ရမလား ပြဿနာတွေရှိတယ်။ တကယ်တမ်းပြောရရင် ရပ်ကျေးကော်မရှင်တွေကို သင်တန်းလည်းမပေးနိုင်ဘူး၊ ကိုဗစ်ကြောင့် သင်တန်းချက်ချင်းမပေးနိုင် တစ်ရက်ပဲပေးနိုင်တယ်။ ခုချိန်ထိ သုံးသပ်တာကတော့…

Read More

ပါတီကြီးတွေရဲ့ ဦးဆောင်မှုအောက်မှာ နေရတာကြာနေပြီမို့ ကိုယ်တိုင်းရင်းသားတွေရဲ့ ဦးဆောင်မှုအောက်မှာ နေကြည့်စေချင်တယ်

ဘားအံ၊ နိုဝင်ဘာ- ၁ – ၂၀၂၀ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ အရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ၊ အင်အားကြီးတဲ့ ပါတီတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ပါတီရဲ့ မူဝါဒက ဘယ်လိုတွေချမှတ်ထားတာလဲ စတဲ့မေးခွန်းတွေအပါအဝင် ကရင်လူထုအတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ ဆိုတဲ့မေးခွန်းတွေနဲ့ ပါတီရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ နော်သဇင်တုပ်ကို VOM ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီမိတ်ဆက်ကဏ္ဍကနေ သတင်းထောက် ခွန်ခမ့်သူက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။ #VOM #VoiceofMyanmar #KNDP #ပါတီမိတ်ဆက် #ရွေးကောက်ပွဲ #Election Zawgy ပါတီကြီးတွေရဲ့ ဦးဆောင်မှုအောက်မှာ နေရတာကြာနေပြီမို့ ကိုယ်တိုင်းရင်းသားတွေရဲ့ ဦးဆောင်မှုအောက်မှာ နေကြည့်စေချင်တယ် ဘားအံ၊ နိုဝင်ဘာ- ၁ – ၂၀၂၀ ခွန်ခမ့်သူ(VOM) ကရင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်တဲ့ အရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ၊ အင်အားကြီးတဲ့ ပါတီတွေနဲ့…

Read More

ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံတိုင်း လူများနေပါက ကိုဗစ်ရောဂါပြန့်ပွားသွားမှာကို အကြောက်ဆုံးဖြစ်နေ

နိုဝင်ဘာ ၁-၂၀၂၀ ယဉ်ပပထွန်း(VOM) နိုဝင်ဘာ ၈ ရက်နေ့မှာပြုလုပ်မယ့် ရွေးကောက်ပွဲ မဲပေးချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ဘဲ မဲရုံတိုင်းမှာ လူများနေပါက ကိုဗစ်ရောဂါပြန့်ပွားသွားမှာကို စိုးရိမ်မူတွေနဲ့အတူ အကြောက်ဆုံးဖြစ်နေပါတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ပါမေက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ်။ ” အကြောက်ဆုံးကတော့ ရွေးကောက်ပွဲနေ့မှာ လူအုပ်နဲ့ထွက်ပြီး ရွေးကောက်ပွဲမဲရုံတွေကို သွားပေးကျမယ့်ကိစ္စ၊ အဲ့ဒီနောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုတာ ကျန်းမာရေးဝန်ထမ်းတွေကတော့ မမှန်းနိုင်သေးဘူး ။ တန်းစီတာကလည်း စနစ်တကျနဲ့ရွေးကောက်ပွဲမဲရုံတွေကိုလည်း သေသေချာချာလုပ်နိုင်ဖို့လိုပါတယ် ။ သတ်မှတ်ထားချက်အတိုင်းပြဌာန်းထားတယ်ဆိုပေမယ့် မဲရုံဆိုတာက တစ်နေရာနဲ့တစ်နေရာ တူတာမဟုတ်ဘူးလေ ။ သူတို့ပြထားတဲ့ နမူနာမဲရုံကတော့ ကောင်းတာပါ့ ။ မဲရုံတိုင်း အဲ့ဒီအတိုင်းမှမဟုတ်တာ ။ အဲ့ဒီအတွက်ကြောင့် စိုးရိမ်မှုရှိနေတယ်”လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ် ။ ဒါ့အပြင် ရန်ကုန်မှာနေထိုင်တဲ့ လူတချို့က သက်ဆိုင်ရာနယ်ဘက်တွေမှာ မဲပေးဖို့ပြန်နေပြီဆိုရင်လည်း ပိုကြောက်နေရတဲ့အတွက် ဆေးရုံတွေကိုတော့ အမြဲပြင်ဆင်နေပါတယ်လို့…

Read More

မဲရုံထဲကို မသက်ဆိုင်ဘဲဝင်လို့ ကျောက်ဆည်က ရပ်ကွက်အုပ်ချုပ်ရေးမှူး အမှုဖွင့်အရေးယူခံရ

ကျောက်ဆည်၊ နိုဝင်ဘာ- ၁- ၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရဲစုရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးအောင်တိုးဟာ အသက် ၆၀ နဲ့အထက်ကြိုတင်မဲပေးတဲ့ မဲရုံထဲကို မသက်ဆိုင်ဘဲ ဝင်ရောက်ခဲ့တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးတင်မင်းမြတ်ဦးက တရားလိုပြုလုပ်ပြီး ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉/ဈ၊ ၆၁ ဃ နဲ့ ကျောက်ဆည်မြို့မစခန်းမှာ အမှုဖွင့် အရေးယူခံထားရတယ်လို့ ကျောက်ဆည်မြို့နယ်အုပ်ချုပ်မေးမှူး ဦးကျော်လွင်က VOM ကိုပြောပါတယ်။ ကြိုတင်မဲရုံဆိုတာက အုပ်ချုပ်ရေးမှူးရုံးမှာဘဲ မဲရုံလုပ်တော့ တချို့မဲ‌ေပးတဲ့သူတွေက ၆၀ အထက်တွေဆိုတော့ မစွမ်းမသန်တွေတချို့ပါတော့ တွဲခေါ်ပွေ့ခေါ်ပြီးတော့ပေါ့ မဲရုံဆိုပေမယ့်လို့ သူတို့ရုံးလိုထင်ပြီးတော့ မဲရုံထဲကိုဝင်တယ်၊ မဲပေးတဲ့ဟာတွေမှာ ကူးလုပ်တယ်ဆိုပြီးတော့ တစ်ဖက်ပါတီကနေပြီးတော့ အမှုဖွင့်တာ သူတို့ကတော့ ဖမ်းတာမဖမ်းတာတော့ မသိသေးဘူး မဲရုံအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပြီးတော့ မဲဆွယ်စည်းရုံးတယ်ဆိုပြီးတော့ အဲ့ဒါနဲ့ ဖွင့်တာပါ လို့ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်လွင် ကပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး…

Read More

ပြင်မလားဖျက်မလား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထား

မန္တလေး-အောက်တိုဘာ ၃၁-၂၀၂၀ ဆွေလင်းထွန်း + နေလင်း (VOM)   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရ ၂ဆက်သက်တမ်း ကုန်ကာနီးပေမယ့် ပြည်သူတွေစိတ်တိုင်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် အသိမှတ်ပြုမခံရသေးဘဲ ဝေဖန်ခံရဆဲဖြစ်ပါတယ်။ အစိုးရတွေကလည်း သူတို့လုပ်ဆောင်မရတဲ့ ကိစ္စတွေဆိုရင်ဖွဲ့စည်းပုံပါ ပေးထားချက်တွေရဲ့ အဟန့်အတားတွေကြောင့်လို့ လက်ညိုးထိုးထောက်ပြနေတာကြောင့် လည်းဖြစ်ပါတယ်။  ဒီရက်ပိုင်း နိုင်ငံရေးအစဉ်အလာကောင်းရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးဖို့လိုတယ်ဆိုတဲ့ လှုပ်ရှားမှုတွေရှိလာနေပါတယ်။   ဖျက်သိမ်းရမယ်လို့ ယူဆကြသူတွေထဲမှာ ဗကသများအဖွဲ့ချုပ်ကလည်း အပါအဝင်ဖြစ်ပါတယ်။ လက်ရှိ ဗကသများအဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူထားတဲ့ ကို‌ဝေယံဖြိုးမိုးကတော့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ရဲ့ အလိုကျ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဖျက်သိမ်းပစ်ရမယ်လို့ ပြောပါတယ်။   ကိုဝေယံဖြိုးမိုးက “ဗမာပြည်မှာ စစ်အာဏာကို ဖျက်သိမ်းဖို့အတွက်ဆိုရင် အရင်ဦးဆုံး စစ်အာဏာရှင်စနစ်ကို ထောက်တိုင်ပြုထားတဲ့…

Read More

ဧရာဝတီမြစ်ထဲက ကမ္ဘာ့ရှားပါး လင်းပိုင် ၁ ကောင် ဘက္ထရီရှော့တိုက် ငါးရှာသူတွေကြောင့် သေဆုံး

နိုဝင်ဘာ ၁-၂၀၂၀ ကိုတိုးကြီး(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာ မြောက်ဘက် ကိုင်းတောအတွင်း ဧရာဝတီ လင်းပိုင်တစ်ကောင် သေဆုံးနေတဲ့အတွက် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ဒု-ဦးစီးမှူးနဲ့အဖွဲ့က အောက်တိုဘာ ၃၀ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ သူဌေးကုန်းရွာက ရေလုပ်သားကြီးတစ်ဦးက အဲ့ဒီ လင်းပိုင်သေဆုံးနေတာကို စတင်တွေ့ရှိလို့ ဆယ်ယူပြီး အောက်တိုဘာ ၂၉ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အကြောင်းကြားချက်အရ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ရေကြောင်းရဲတပ်ဖွဲ့တို့ဟာ လင်းပိုင်သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းကို ရှာဖွေစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။ ” သေဆုံးသွားတဲ့ လင်းပိုင်က (အမ)ဖြစ်တယ်၊ အရွယ်အစားက အလျား ၄ ပေ ၅ လက်မ ၊ လုံးပတ်၂ ပေ ၁၀ လက်မ ၊ အမြီးရွက် ၂ ခု အစွန်းကြား ၁…

Read More

ရေနံမတိုက်နယ်မှာ မဲစာရင်းစာအုပ် မှားယွင်းပေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့

နိုဝင်ဘာ ၁-၂၀၂၀ ဂျန်ကိုးလ်-(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်မှာ ဆန္ဒမဲစာအုပ်မှားယွင်းပေးမှုကြောင့် ကြိုတင်မဲပေးသူ ၁၅၃ဦး စလုံး ဆန္ဒမဲပြန်ပေးရမယ်လို့ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ရဲထွန်းဇော်ကပြောပါတယ်။ ဒီဖြစ်စဉ်ဟာ အောက်တိုဘာ၃၀ရက်နေ့မှာဖြစ်ခဲ့ပြီး မဲရုံ ၃ရုံ ရှိတဲ့အနက် အမှတ်-၂ မဲရုံမှာ ပြည်သူ့လွှတ်တော်မဲစာအုပ်ကို အမျိုးသားလွှတ်တော်နေရာမှာ ချထားပေးမိတဲ့အတွက် အခုလိုဖြစ်သွားတယ်လို့ သိရပါတယ်။ ”မဲပေးတဲ့နေရာက သွပ်တော့မိုးထားတယ် အကာအရံမရှိဘူးပေါ့၊ အဲ့ဒီအချိန်မိုးရွာတော့လူ ၄၀လောက်မဲပေးပြီးပြီ၊ မိုးစိုမှာစိုးလို့ခဏပိတ်လိုက်တယ်၊ ပြန်ဖွင့်တော့မှ အမျိုးသားလွှတ်တော်နေရာမှာ ပြည်သူ့လွှတ်တော်မဲစာရွက် ၅၀ပါတစ်အုပ်မှားချမိတာ၊ အဲ့ဒါကို တာဝန်ခံက တစ်အုပ်ကုန်မှသိတာ ပြည်သူကလည်းအမည်မကြည့်ဘူး၊ ပါတီအမှတ်တံဆိပ်ကိုကြည့်တဲ့သဘောရှိတယ်၊ နောက်တအုပ်ထုတ်မယ့်အချိန်ကြမှသိတော့ မဲအားလုံးပုံးထဲထည့်ပြီးပြီ၊ ၈ရက်နေ့ပေးသလို မဲပုံးခွဲထားတာမဟုတ်ဘူး၊ ကြိုတင်မဲက တပုံးထဲကိုအကုန်ထည့်ရတာ၊ မြို့နယ်ရွေးကော်ကို အချိန်မှီသတင်းပို့တယ်၊ မဲပေးရပ်ဖို့ညွှန်ကြားချက်မရှိသလိုဖြစ်နေတယ်၊ ဆက်ပေးတော့ ၁၅၃ ယောက်ပေးပြီးဖြစ်သွားတယ်”လို့ NLDပါတီမှ တိုင်းဒေသကြီး-၂နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာရဲထွန်းဇော်က…

Read More

မုံရွာမြို့ပေါ်မှာ သီတင်းကျွတ်လပြည့် ၁ ရက်ထဲ ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ယောက်နဲ့ သေဆုံးသူ ၁ ယောက်အထိရှိ

နိုဝင်ဘာ ၁ -၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မနေ့ အောက်တိုဘာ ၃၁ရက် ၊ သီတင်းကျွတ်လပြည့် ၁ ရက်ထဲမှာ ထိခိုက်ဒဏ်ရာရ လူနာ ၃၂ ယောက်ရှိခဲ့ပြီး အမျိုးသား ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” မှုခင်းဆေးစာ လူနာတွေက ဖြစ်ပွားပုံ အမျိုးမျိုးဖြစ်တယ် ၊ ယာဉ်တိုက်မှု ၊ ဓားခုတ်မှု ရိုက်မှု နဲ့ အခြား နာကျဉ်မှုတွေက လူနာတွေဖြစ်တယ် ” လို့ မှုခင်းဆေးစာဌာနက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ ဆေးရုံကို ရောက်မလာဘဲ အခြားနည်းလမ်းနဲ့ ပြင်ပမှာဆေးကုသတဲ့ လူနာတွေလည်းရှိနေပြီး အဲ့ဒီ လူနာအရေအတွက်ပါ ပါဝင်မယ်ဆိုရင် သီတင်းကျွတ် လပြည့် ၁ ရက်ထဲ မုံရွာမြို့ပေါ်မှာ ထိခိုက်ဒဏ်ရာရ လူနာ ၅၀ ကျော်အထိ ရှိနိုင်တယ်လို့ မုံရွာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ခန့်မှန်းထားတာဖြစ်ပါတယ်။…

Read More
VOM News

FREE
VIEW