UECတံဆိပ်တုံးအတု အသုံးပြုခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်ဟာ ရိုးသားစွာမှားယွင်းခြင်းသာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌပြော

နိုဝင်ဘာ ၁-၂၀၂၀
သူရိန်(VOM)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကြိုတင်မဲကောက်ယူရာမှာ တံဆိပ်တုံးအတု အသုံးပြုခဲ့တဲ့ဖြစ်စဉ်ကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံတင်ပြထားပြီး ကော်မရှင်အဖွဲ့ဝင်က ရိုးသားစွာမှားယွင်းတာဖြစ်တယ်လို့ လှည်းကူးမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်ကပြောပါတယ်။

” မြို့မရပ်ကွက်မှာ ကြိုတင်မဲထုတ်ယူတဲ့အခါမှာ တံဆိပ်တုံးအတုနဲ့ထုပြီး ကောက်ယူတယ်ဆိုပြီး တက်လာတယ်။ အဖြစ်အပျက်ကို မေးကြည့်လိုက်တဲ့အခါမှာ တာဝန်ကျ ကော်မရှင် ဦးကျော်စိုးနဲ့ မဲရုံကိုကြိုတင်မဲလိုက်ယူခိုင်းတဲ့အခါမှာ ကိုယ်တို့က နိုင်ငံရေးပါတီများကလည်း ပွင့်လင်းမြင်သာမှုရှိမရှိဆိုပြီး ကိုယ်စားလှယ်လည်းထည့်တယ်။ အဲ့ဒီမှာ ပြည်ခိုင်ဖြိုးက မဲရုံတာဝန်ကျတဲ့ကိုယ်စားလှယ်က တံဆိပ်တုံးကိုပေးတော့ ဟိုလူကလည်းအမှတ်မထင်ယူလိုက်တယ်။ ပြည်ခိုင်ဖြိုးကပေးတာ ပြည်ထောင်စုကပေးတဲ့ အမှန်ခြစ်တံဆိပ်တုံးမဟုတ်ဘူး။ အဲ့ဒီတံဆိပ်တုံးကို သူယူလိုက်တယ်။ ယူလိုက်ပြီးတော့ အဲ့ဒါကိုထည့်ဝင်မိတယ်လို့သိရတယ်။ အခုအရေးယူဆောင်ရွက်မှုအပိုင်းကတော့ ခရိုင်ကော်မရှင်ကို တင်ပြထားတယ်၊ ခရိုင်ကော်မရှင်ကနေပြီးတော့ ဘာလုပ်ဘာလုပ် လုပ်တဲ့အချိန် ကိုယ်တို့လုပ်ခဲ့တယ်။ ကိုယ်တို့ဆီမှာဖြစ်နေတာက အမှန်ခြစ်ရမလား တံဆိပ်ရိုက်ရမလား ပြဿနာတွေရှိတယ်။ တကယ်တမ်းပြောရရင် ရပ်ကျေးကော်မရှင်တွေကို သင်တန်းလည်းမပေးနိုင်ဘူး၊ ကိုဗစ်ကြောင့် သင်တန်းချက်ချင်းမပေးနိုင် တစ်ရက်ပဲပေးနိုင်တယ်။ ခုချိန်ထိ သုံးသပ်တာကတော့ ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ရိုးသားစွာမှားယွင်းတယ်လို့ ခုချိန်ထိယူဆတယ်”လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်ကပြောပါတယ်။

လှည်ကူးမြို့နယ်၊ မြို့မရပ်ကွက်မှာ ကြိုတင်မဲကို အောက်တိုဘာလ ၃၀ ရက်က အိမ်တိုင်ရာရောက် လိုက်လံကောက်ခံခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့အတူ လိုက်ပါခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်တစ်ဦးက UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုသုံးပြီး ဆန္ဒမဲပေးလို့ရအောင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အသက် ၆၀နဲ့အထက် အဘိုးအဘွားတွေကိုကြိုတင်မဲလိုက်ပေးခိုင်းတဲ့အချိန်မှာ ဆရာမကြီးနဲ့တကွ ကော်မရှင်က ဦးကျော်စိုးက အဲ့ဒီကော်မရှင်က ဘာပြောသလဲဆိုတော့ သူတို့ ဒီတံဆိပ်တုံးတစ်ခုက ကြန့်ကြာတယ်။ ဦးကျော်စိုးကိုပြောတယ် ကျွန်မပြောတာမဟုတ်ဘူး၊ အဲ့ဒီတံဆိပ်တုံးထုတာ ကြန့်ကြာတယ်။ အလုပ်တစ်ခုလုပ်တာ ရှေ့ကိုမရောက်ဘူးပေါ့ ။ကြန့်ကြာနေတဲ့အတွက် သူတို့ဒုက္ခအရမ်းရောက်တယ်ပေါ့ ။အဲ့ဒီလို ညည်းတွားတော့ ကျွန်မကလည်း ကောက်ရတဲ့တံဆိပ်တုံးတစ်ခုရှိတယ်လို့ပြောမိလိုက်တယ်။ ဒါပေမယ့်ထုတဲ့ဟာလေးနဲ့တော့တူတယ်။ အဲ့ဒီတော့ တူလား၊မတူလားတော့မသိဘူး ကိုကျော်စိုးလို့ အဲ့ဒီလိုပြောလိုက်တယ်။ ပြန်ထွက်လာတဲ့အချိန်မှာ မအေးမာရေ မနေ့ကကောက်ရတဲ့တံဆိပ်တုံး ယူလာခဲ့ပေးပါဆိုလို့ ကျွန်မကယူပေးခဲ့တယ်။ ကျွန်မကတော့ ရိုးရိုးနဲ့တံဆိပ်
တုံး သူတောင်းတဲ့အတွက်ပေးလိုက်တာပါ”လို့ ကာယကံရှင်ဖြစ်သူ မြို့မရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်းကပြောပါတယ်။

အခုလို တံဆိပ်တုံးအတုသုံးပြီး ဆန္ဒမဲပေးဖို့ဆောင်ရွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်ထားတဲ့အပြင် မကျေနပ်ကြောင်းကိုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို တိုင်ကြားစာပေးပို့ထားသလို အမှုဖွင့်အရေးယူဖို့စီစဉ်နေတယ်လို့ NLDပါတီက ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းတန်က ပြောပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #တံဆိပ်တုံးအတု

Related posts

Leave a Comment

VOM News

FREE
VIEW