ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဝန်ကြီး ၄ ဦး ကွာရန်တင်း ဝင်နေရ

ဖနွမ်းပင်၊ နိုဝင်ဘာ ၅-၂၀၂၀
မျိုးဆက်(VOM)

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူနဲ့တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦးဟာ ကွာရန်တင်းဝင်နေရပါတယ်။

ဝန်ကြီးချုဟွန်ဆန်က သူ့ကိုစစ်ဆေးရာမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိပေမယ့် နိုင်ငံရဲ့ ဗိုင်းရပ်စ်ဆိုင်ရာလမ်းညွှန်ချက်တွေကို လိုက်နာပြီး နေအိမ်မှာ ၁၄ ရက်ကြာနေထိုင်မှာဖြစ်ကာ မိသားစုဝင်တွေနဲ့ တွေ့ဆုံမှမဟုတ်သလို အခမ်းအနားတွေကိုလည်း တက်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သူ့ဇနီးနဲ့ ကိုယ်ရံတော်၊ ဒရိုင်ဘာအပါအဝင် ဝန်ထမ်း ၁၆ ဦးမှားလည်း ရောဂါကူးစက်ထားတာမရှိဘူးလို့ ဟွန်ဆန်က ပြောပါတယ်။

ဟန်ဂေရီကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း ထိတွေ့ခဲ့သူ ၆၂၈ ဦးစလုံးဟာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ထားခြင်းမရှိဘူးလို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် သူတို့ကို နှစ်ပတ်ကြာ ကွာရန်တင်းဝင်ဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ဟာ ဟန်ဂေရီက မလာခင်နဲ့ ကမ္ဘောဒီးယားကို ရောက်ရှိနေချိန်မှာလည်း ဗိုင်းရပ်စ်ကူးစက်မှု ကို စစ်ဆေးရာ မတွေ့ရှိခဲ့ဘူးလို့ ကမ္ဘောဒီးယားကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သူဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဝန်ကြီးတွေ၊ အခြားဧည့်သည်တွေနဲ့တွေ့ဆုံရာမှာ နှာခေါင်းစည်း၊ ပါးစပ်စည်း တပ်ဆင်ထားခြင်းမရှိဘူးဆိုတာကို ဓါတ်ပုံတွေမှာ ဖော်ပြထားပြီး အားလုံးကိုလည်း လက်စွဲနှုတ်ဆက်ခဲ့ပါသေးတယ်။

အဲဒီနေ့နှောင်းပိုင်းမှာတော့ သူဟာထိုင်းနိုင်ငံကိုထွက်ခွာခဲ့ပြီး အဲဒီမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Ref : CNA
Photo:AP
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW