ကျိုက်ထိုမြို့နယ်မှာ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့်တစ်သီးပုဂ္ဂလ ဦးခွန်လှဦး

နို၀င်ဘာ ၆-၂၀၂၀ ကျိုက်ထိုမြို့နယ်မှာ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့်တစ်သီးပုဂ္ဂလ ဦးခွန်လှဦးကို Voice Of Myanmar ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ကဏ္ဍကနေ VOMသတင်းထောက် သူရိန်က ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ ၁။ တိုင်းရင်းသားနေရာ ဝင်ပြိုင်ရတဲ့ အဓိကရည်ရွယ်ချက်။ ၂ ။ လက်ရှိ ပအိုစ့် တိုင်းရင်းသားတွေ အခြေအနေ။ ၃။ အနိုင်ရရှိဖို့အတွက် ဘယ်လောက်မျှော်မှန်းထားလဲ။ ၄။ အနိုင်ရရှိခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေလိုအပ်ချက်ကို ဘယ်လောက်ထိ ဖြည်းစည်းနိုင်ဖို့မျှော်မှန်းထားလဲ။ ၅။ ဒီကာလမှာ တသီးပုဂ္ဂလိက တစ်ဦးအနေနဲ့ မဲဆွယ်တဲ့ နေရာမှာ ဘာတွေအခက်အခဲရှိနေလဲ။ ၆။ လက်ရှိ ကျန်တဲ့ရက်မှာ ဘယ်လိုနည်းလမ်းနဲ့ မဲဆွယ်ဖို့ ပြင်ဆင်ထားလဲ။ ၇။ လက်ရှိမှာ‌ တိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ဆောင်ပေးနေလဲ။ စတာတွေကို မေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲ #ကိုယ်စားလှယ်လောင်းမိတ်ဆက်

Read More

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဝန်ကြီး ၄ ဦး ကွာရန်တင်း ဝင်နေရ

ဖနွမ်းပင်၊ နိုဝင်ဘာ ၅-၂၀၂၀ မျိုးဆက်(VOM) ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူနဲ့တွေ့ဆုံခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးလေးဦးဟာ ကွာရန်တင်းဝင်နေရပါတယ်။ ဝန်ကြီးချုဟွန်ဆန်က သူ့ကိုစစ်ဆေးရာမှာ ဗိုင်းရပ်စ်ကူးစက်မှုမရှိပေမယ့် နိုင်ငံရဲ့ ဗိုင်းရပ်စ်ဆိုင်ရာလမ်းညွှန်ချက်တွေကို လိုက်နာပြီး နေအိမ်မှာ ၁၄ ရက်ကြာနေထိုင်မှာဖြစ်ကာ မိသားစုဝင်တွေနဲ့ တွေ့ဆုံမှမဟုတ်သလို အခမ်းအနားတွေကိုလည်း တက်ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သူ့ဇနီးနဲ့ ကိုယ်ရံတော်၊ ဒရိုင်ဘာအပါအဝင် ဝန်ထမ်း ၁၆ ဦးမှားလည်း ရောဂါကူးစက်ထားတာမရှိဘူးလို့ ဟွန်ဆန်က ပြောပါတယ်။ ဟန်ဂေရီကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း ထိတွေ့ခဲ့သူ ၆၂၈ ဦးစလုံးဟာ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ထားခြင်းမရှိဘူးလို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် သူတို့ကို နှစ်ပတ်ကြာ ကွာရန်တင်းဝင်ဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ဟာ ဟန်ဂေရီက မလာခင်နဲ့ ကမ္ဘောဒီးယားကို…

Read More

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့က ရခိုင်လူမျိုးတွေ ကြိုတင်ဆန္ဒမဲပေးခွင့်မရ

နိုဝင်ဘာ ၅-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ ရခိုင်လူမျိုးတွေအနေနဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေ းရာကိုယ်စားလှယ်လောင်းကို ကြိုတင်မဲပေးခွင့်မရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့မှာပဲ စာတင်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက VOMကိုပြောပါတယ်။ “၂၀၁၅တုန်းကလည်း မဲပေးရတယ်။ အခုမှ မပေးရဘူး ဒါက မဲပေးမယ့်ပြည်သူတွေနဲ့မဆိုင်ဘူး ကော်မရှင်နဲ့ပဲဆိုင်တာ သူတို့ဘယ်လိုဖြေရှင်းပေးမလဲကြည့်ရမယ်”လို့ ဒေါ်ထုမေကပြောပါတယ်။ အသက်၆၀နဲ့အထက် ကြိုတင်ဆန္ဒမဲပေးရာမှာ ရန်ကုန်တိုင်းရှိ လှိုင်သာယာနဲ့ သန်လျှင်မြို့နယ်တို့မှာ ကြိုတင်မဲပေးရာတွင် ရခိုင်လူမျိုးအတွက် မဲမပါလာတဲ့အတွက် ရခိုင်တိုင်းရင်းသားများ မဲပေးခွင့်ဆုံးရှုံးတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင် ပြထားတဲ့စာမှာ ဖော်ပြထားပါတယ်။ လှိုင်သာယာ၊၇ရပ်ကွက်ရှိ ကြိုတင်မဲပေးခွင့်မရခဲ့တဲ့ ရခိုင်တိုင်းရင်းသူ ဒေါ်အေးခိုင်ဖြူကတော့ “အဖေလည်းရခိုင် အမေလည်းရခိုင် မှတ်ပုံတင်ထဲမှာလည်း ရခိုင်လို့လည်းရေးထားတယ်၊ ဒီနေ့မဲပေးတော့ ရခိုင်တိုင်းရင်းသားရေးရာမှာ မဲမပေးရဘူး၊ မပါလို့ စောင့်ကြည့်ရမယ်၊ မဲပေးရမှာလား မပေးရဘူးလား”လို့ VOMကို ပြောပါတယ်။ ရခိုင်တိုင်ရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ ကြိုတင်မဲမပေးရတဲ့ကိစ္စနဲ့ပတ်သက်ပြီး…

Read More

အောင်လံမြို့နယ်ထဲက ကြိုတင်မဲပုံးတစ်ပုံး မိုးရေဝင်တဲ့ဖြစ်စဉ် ဖြစ်ပွား

နိုဝင်ဘာ ၅-၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက်က ကြိုတင်မဲရုံအမှတ်-၃က မဲပုံးထဲကို မိုးရေဝင်သွားတဲ့ဖြစ်စဉ် မနေ့ နိုဝင်ဘာ ၄ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ “ ဒီဖြစ်စဉ်ကို ညနေ၆နာရီကျော်လောက်က စသိရတာပါ၊ မဲပုံးတွေစောင့်ကြည့်တဲ့ ကျွန်မတို့ပါတီက ကလေးတွေကို လှမ်းခေါ်လို့သွားတယ်၊ ကလေးတွေ မေးကြည့်တော့ ရွာထောင်ရပ်ကွက်ကနေ ညနေ ၄နာရီကျော်လောက်မှာ မဲပုံး(၅)ပုံးကို မီးသတ်ကားလေးပေါ်တင်ပြီး မြို့မရဲစခန်းက ဘဏ်ငွေတိုက်မှာ သိမ်းဖို့စောင့်နေတုန်း မိုးရွာလာတယ်၊ မိုးရွာလာတော့ မဲပုံးတွေရေမစိုအောင် မိုးကာအုပ်တယ်၊ အဲ့ဒီမဲပုံးတွေထဲက အမှတ်(၃)မဲပုံးအပေါ် မိုးကာပေါ်ကနေတဆင့် မိုးရေဝင်တယ်လို့ ယူဆရပါတယ်၊ အံခွက်လိုဖြစ်နေတဲ့တိပ်ကပ်ပိတ်တဲ့ အဲ့ဒီနေရာကနေ မိုးရေဝင်ပြီး ရေစိုတာဖြစ်နိုင်တယ်”လို့ အောင်လံမြို့နယ်ရွေးကောက်ပွဲစေ့စပ်ညှိ့နှိုင်းရေးကော်မတီ စေ့စပ်ညှိ့နှိုင်းရေးမှူး၊ မြို့နယ်NLDပါတီအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဥမ္မာဌေးကပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်လံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်စိုးကို နိုဝင်ဘာ၄ရက်ညပိုင်းက ဆက်သွယ်ရာမှာတော့ “ဆောင်ရွက်ဆဲဖြစ်လို့ မပြီးသေးပါဘူးခင်ဗျ၊ အဆင့်ဆင့်တင်ပြနေဆဲဖြစ်လို့…

Read More

ရခိုင်ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ အခက်အခဲနဲ့ အားနည်းချက်တွေရှိနေ

နိုဝင်ဘာ ၅-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း လက်ရှိကြုံတွေ့နေရတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ကိုဗစ်ကပ်ရောဂါအကန့်အသက်တွေကြောင့် ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ လမ်းခရီးအခက်အခဲတွေအပြင် အခြားစောင့်ကြည့်ရေးအဖွဲ့ဆိုင်ရာ အားနည်းချက်တွေကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး ရွေးကောက်ပွဲကာလမှာလည်း အနှောင့်အယှက်အခက်အခဲတွေ ကြုံတွေ့လာရမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျရောက်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သုတေသနအစီရင်ခံစာမိတ်ဆက်နဲ့ တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုကို မနေ့ နိုဝင်ဘာ ၄ရက်နေ့က စစ်တွေမြို့မှာပြုလုပ်ချိန် အခုလို ပြောခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့အနေနဲ့ မူလက မဲရုံပေါင်း (၅၀၀) လောက်အတွက် စောင့်ကြည့်ရေးအဖွဲ့ဝင် (၅၀၀) လောက်ကို သင်တန်းပေးဖို့ပြင်ဆင်ထားပေမယ့် အခုအခါ အဖွဲ့ဝင်(၂၀၀)ကိုသာ အခက်အခဲအကန့်အသတ်ကြားက သင်တန်းပေးနေရတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #စစ်တွေ

Read More

ကြိုတင်မဲလိုက်ကောက်တဲ့သူ ၇ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့

နိုဝင်ဘာ ၅-၂၀၂၀ သိင်္ဂီထွန်း (VOM) ပုသိမ်မြို့၊ အမှတ်-၁ ရပ်ကွက်မှာ ကြိုတင်မဲလိုက်လံကောက်ခဲ့တဲ့ မဲရုံမှူးအပါအဝင် ၇ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရတယ်လို့ ပုသိမ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်လွင်ကပြောပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့က အမှတ်-၁ ရပ်ကွက်မှာ အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲလိုက်ကောက်ခဲ့တဲ့အထဲက မဲဆန္ဒရှင် အဘိုးအိုတစ်ဦးမှာ ဓာတ်ခွဲစစ်ဆေးမှုအရ ကိုဗစ်ပိုးရှိကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အောက်တိုဘာလ ၃၁ ရက်နေ့မှာပဲ ကြိုတင်မဲကောက်ခဲ့တဲ့သူတွေကို ဟုမ်းစတေးနေထိုင်ဖို့ ညွှန်ကြားခဲ့ပြီး ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းကို နိုဝင်ဘာလ ၄ ရက်နေ့မှာ သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “အဲ့ဒီသတင်းက ညထဲက ကျနော်တို့ပုသိမ်ကျန်းမာရေးဌာနက သတင်းရပါတယ်။ မြို့နယ်ဥက္ကဋ္ဌနဲ့ညှိနှိုင်းပြီးတော့ အဲ့ဒီဆရာ၊ ဆရာမတွေနေရာကို အစားထိုးပြီးပါပြီ။ နဂိုထဲက ကျနော်တို့က သင်တန်းတစ်ခုမှာ ဒီလိုဖြစ်တယ်ဆိုရင် လုပ်ဖို့ ရံထားတာရှိပါတယ်။ လက်ရှိဖြစ်သွားတဲ့ ဆရာမတွေနေရာမှာ အစားထိုးပြီးပြီ။…

Read More

ရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို

ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀ နေလင်းဖြူ(VOM) တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ မကွေးတိုင်း ရေစကြိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာကဝင်ရောက်ယှဉ်ပြိုင်မယ့်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်ကို VOM သတင်းထောက် ကိုနေလင်းဖြူက တွေ့ဆုံမေးမြန်းထားတာပါ။ ပထမဆုံးအနေနဲ့ ဘာသာသနာအကြောင်းပြုမဲဆွယ်တဲ့ ကိစ္စတွေကို အရေးယူမယ်လို့ သက်ဆိုင်ရာက ပြောထားတဲ့အပေါ် ဦးစိုးမောင်ရဲ့ သဘောထားမေးကြည့်တော့ #voiceofmyanmar #VOM #ဦးစိုးမောင် #အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ zawgy ရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀ နေလင်းဖြူ(VOM) တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ…

Read More

တစ်ကြိမ်တစ်ခါထက် ကျော်လွန်ပြီး ကြိုတင်ဆန္ဒမဲပေးသူကို အမှုဖွင့် အရေးယူ

နိုဝင်ဘာ ၅-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူတစ်ယောက်က တစ်ကြိမ်တစ်ခါထက်ကျော်လွန်ပြီး ကြိုတင်ဆန္ဒမဲပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် နိုဝင်ဘာ ၄ ရက်နေ့က အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ ဖောင်းပြင်မြို့မ ရဲစခန်းက အမှုစစ်ရဲအရာရှိ တစ်ယောက်ပြောပြတာက ” ကြိုတင်မဲရုံ ၂ နေရာမှာ ၂ ခါမဲပေးတယ်ဆိုပြီး ဦးထွန်းဝေးက တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာပါ၊ ရဲစခန်းက (ပ)၇၈/၂၀၂၀၊ ပြည်သူလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဆ)အရ အမှုဖွင့်ထားတာ” လို့ ပြောပါတယ်။ ဖောင်းပြင်မြို့က မြိုမိမြို့ဖ တစ်ဦးကလည်း ” ဖောင်းပြင်မှာ မဲရုံမှာပေးခဲ့တဲ့ ကြိုတင်မဲဆန္ဒရှင်ရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဖခင်အမည်တွေက ဟဲလှော်မဲရုံမှာ ပေးတဲ့ မဲဆန္ဒရှင်ရဲ့ အချက်အလက်က အားလုံးတူနေတယ်၊ အဲ့ဒါကြောင့် တကြိမ်တခါထက်ကျော်လွန်ပြီး မဲပေးတာဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တာဖြစ်တယ် ” လို့ ပြောပါတယ်။ ဖောင်းပြင်မြို့၊…

Read More

ကိုယ့်ကံကြမ္မာကို ဖန်တီနိုင်ချင်တဲ့ တိုင်းရင်းသားဒေသပါတီတွေ

နိုဝင်ဘာ ၅-၂၀၂၀ ဆွေလင်းထွန်း(VOM) ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ လက်ရှိ အာဏာရ NLD ပါတီရဲ့ ပြောကြားမှုတွေနဲ့အတူသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ကိုယ့်ဒေသကိုကိုယ်တိုင်အုပ်ချုပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးအတွက် ကြိုးပမ်းလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အကျဆုံးဖြစ်တဲ့  မွန်၊ ကရင်နဲ့ တနင်္သာရီတို့မှာလည်း သက်ဆိုင်ရာလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်မှုတွေလုပ်ထားကြပြီး အနိုင်ရဖို့လည်း မျှော်လင့်နေကြပါတယ်။ မွန်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၇ ရွေးကောက်ပွဲကလိုမျိုး မဲထပ်မကွဲစေဖို့အတွက် ပါတီနှစ်ခုကို ပေါင်းစည်းခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တနိုင်ငံလုံးအနေနဲ့ စုစုပေါင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်…

Read More

ကျောက်ဖြူမြို့နယ်က ဒေသခံရာနဲ့ချီ တိုက်ပွဲမရှိဘဲ နေရပ်စွန့်ခွာပြီး ဇိုင်ချောင်းကျေးရွာက ဒေသခံ (၁၀၀)ခန့် ပိတ်လှောင်ခံထားရ

နိုဝင်ဘာ ၅-၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း အခုရက်ပိုင်း စစ်ရေးပဋိပက္ခဖြစ်ပွားမှုမရှိတဲ့ ကျောက်ဖြူမြို့နယ်က ဒေသခံရာနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့အပြင် ဇိုင်ချောင်းကျေးရွာက ဒေသခံ ၁၀၀ခန့် ပိတ်လှောင်ခံထားရတယ်လို့ သိရပါတယ်။ ဇိုင်ချောင်းကျေးရွာက ထွက်ပြေးလာတဲ့ ဒေါ်သာနုကြည်ပြောတာကတော့” ရွာမှာ ဘာဖြစ်လို့ထွက်ပြေးလာလည်းဆိုတော့ စစ်သားတွေက တက်လာကြတယ်။ ဟိုဖက်ပိုင်းတွေမှာ ဖြစ်တာတွေကို ကိုယ်တွေ့မကြုံဖူးပေမယ့် နားတွေ၊ မျက်လုံးတွေက အားလုံးဝနေကြပြီ။ သူတို့တွေ သွားရင် ကိုယ့်ဟာနဲ့ကို သွားတာမဟုတ်ဘူး။ သူတို့က ရွာကိုဝင်ရင် အမျိုးသမီးဆိုရင်အမျိုးသမီး၊ ကိုယ်ဝန်သည်တွေ၊ ကလေးတွေကို ခေါ်တယ်။ ခေါ်ပြီးတော့ မေးမြန်းတယ်၊ ရိုက်နှက်တယ်။ အခုလည်း ရွာကစာသင်ကျောင်းထဲမှာ လှောင်ထားတာ လူပေါင်း (၁၀၀) လောက်ရှိမယ်ထင်တယ်။ အဲ့ဒီထဲမှာ ကျမရဲ့ ဆွေမျိုးတွေလည်း ပါပါတယ်။ ကျမရဲ့ အဘိုးလည်း ကျန်ခဲ့ပါတယ်။ သူတို့အတွက် အစစအရာရာစိုးရိမ်မှု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။…

Read More
VOM News

FREE
VIEW