မော်လမြိုင်မှာ ညီဖြစ်သူရဲ့မှတ်ပုံတင်နဲ့ ကြိုတင်မဲလာထည့်သူကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်

နိုဝင်ဘာ ၇-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်မှာ နိုဝင်ဘာ ၄ ရက်နေ့က ညီဖြစ်သူရဲ့မှတ်ပုံတင်မှာ မိမိဓာတ်ပုံကတ်ပြီး ကြိုတင်မဲလာထည့်‌သူ အမျိုးသားကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ-၅၉(ဇ)နဲ့ အမှုဖွင့်ထားတယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွကော်မရှင်ကနေ သိရပါတယ်။

” ဥပဒေကို နားမလည်လို့ဖြစ်သွားတယ်ဆို‌ပေမယ့် မနေ့က‌တော့ အမှုဖွင့်လိုက်ရတယ်။ မှတ်ပုံတင်မှာ ဓာတ်ပုံပြောင်းကတ်တာကိုတော့ ရဲဘက်က ဆက်လုပ်၊မလုပ် မသိရဘူး။သူ့ ညီမှတ်ပုံတင်မှာ သူ့ပုံကပ်ပြီး ကြိုတင်မဲလာပေးသွားတာ”လို့ မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်ဥက‌္ကဋ္ဌ ဦးဌေးလွင်ကပြောပါတယ်။

ကျောက်တန်းရပ်ကွက်မှာနေတဲ့ ဦးရွှေထွန်းဆိုသူသာ ရပ်ကွက်ကြိုတင်မဲရုံကို ကြိုတင်မဲပေးဖို့လာရောက်ချိန် ညီဖြစ်သူမှတ်ပုံတင်မှာ သူရဲ့ဓာတ်ပုံကို ပြောင်းလဲကပ်ထားတာကို သိရှိသွားတဲ့အတွက် စောင့်ကြည့်သူ မဲရုံကိုယ်စားလှယ်တွေက မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက်‌ကော်မရှင်ရုံးမှာ အဖွဲ့စုံပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီတို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဥပဒချိုးဖောက်မှုဖြစ်‌နေတာ‌ကြောင့် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဇ)နဲ့ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။

ဥပဒေပါပြဌာန်းချက်များအရ မြန်မာနိုင်ငံ ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဇ)ဟာ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲ(သို့မဟုတ်)ကြိုတင်ဆန္ဒမဲလာရောက်တောင်းဆိုခြင်း(သို့မဟုတ်)၊ ဆန္ဒမဲပေးခြင်းမပြုရ၊ ကျူးလွန်ပါက ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ တစ်ခုချင်းသော်လည်းကောင်း
၊နှစ်ရပ်လုံးသော်လည်းကောင်းကျခံရမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW