ရန်ကုန်တိုင်းက အလုပ်သမားတွေ ကြိုတင်မဲပေးခွင့်ဆုံးရှုံး

နိုဝင်ဘာ ၇-၂၀၂၀ သိင်္ဂီထွန်း ( VOM ) ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း‌ကို နယ်ကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဝင်ငွေနည်း အသက် (၃၀)နှစ်အောက် ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းကဏ္ဍက အလုပ်သမားတွေဟာ ဆန္ဒမဲပေးပိုင်ခွင့်၊ အခွင့်အရေး ဆုံးရှုံးလိုက်ရပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် CTUM က ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အခုလို ရွှေ့ပြောင်းလုပ်သားတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့အတွက် မဲစာရင်းတွေစတင်ကြေငြာချိန်ကတည်းက လက်ရှိအချိန်ထိ ရက် ၉၀ နေထိုင်တာမှန်ကန်တဲ့အပြင် စက်ရုံမှာအလုပ်လုပ်နေတာမှန်ကန်ကြောင်း အထောက်အထားတစ်ခုခုပြနိုင်သူတွေကို ဌာနဆိုင်ရာတွေပေါင်းစပ်ညှိနိူင်းပြီး မဲစာရင်းမှာပါဝင်ခွင့်ရရှိကာ လက်ရှိနေရပ်မှာ မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးဖို့ သမဂ္ဂအဖွဲ့ချုပ်တွေကနေ UECကို စာတင်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လှိုင်သာယာအနောက်ပိုင်းမြို့နယ်ကနေ တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲထွန်းဝင်းကတော့“ကပ်ရောဂါကာလ ကန့်သတ်ချက်တွေရှိတယ်။ အလုပ်ပိတ်ရက်ဆိုင်ရာ အကန့်အသတ်တွေရှိတယ်။ အဲ့ဒီတော့ လုပ်ငန်းခွင်တွေကိုရောက်နေတဲ့ အဲ့ဒီအလုပ်သမားတွေသည် သူတို့နေရပ်ကိုလည်း မဲပြန်ပေးနိုင်တဲ့အခြေနေမရှိဘူး။…

Read More

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း တူမီးသေနတ်နဲ့ဝင်လာတဲ့ အမျိုးသား ၃ ဦးကို ဖမ်းမိ

နိုဝင်ဘာ ၇-၂၀၂၀ ခင်မေစန်း(VOM) ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း ဇီးဖြူတောင် ဘုတ်တိုင်အနီး နိုဝင်ဘာ ၅ရက်နေ့ ညပိုင်းက တူမီးသေနတ်ကိုင်ဆောင်ကာ ဝင်ရောက်လာတဲ့ အမျိုးသားသုံးဦးကို အမျိုးသားဥယျာဉ်လုံခြုံရေးကင်းအဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။ ” လှည့်ကင်းဆောင်ရွက်နေတဲ့ တောအုပ်အဖွဲ့ကဝိုင်းဝန်းဖမ်းဆီးပါတယ် ၊ တူမီးသေနတ်ပါတဲ့ လူသုံးယောက်ဖမ်းမိပြီး နောက်ထပ် နွားအကောင် ၂၀လည်း ဖမ်းမိတယ်၊ လူတွေကိုဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်”လို့ အလောင်းတော်ကဿပအမျိုးသားဥယျာဉ် ရုံးဦးစီးအရာရှိ ဦးအောင်မောင်းကပြောကြားသည်။ အမျိုးသားဥယျာဉ်အတွင်းဖမ်းမိခဲ့သူတွေကို ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ-၃၉(က)/၄၄၊ ပြစ်မှုအမှတ်-၂၃၈/၂၀နဲ့ ကနီစခန်းရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ထပ်မံ ဖမ်းဆီးရမိခဲ့တဲ့ နွားအကောင်နှစ်ဆယ်မှာ နွားခြောက်အောင်ကို နွားပိုင်ရှင်ဖြစ်သူ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာမှာနေတဲ့ အမျိုးသားသုံးဦးကို ကနီမြို့မရဲစခန်းကို ပို့ဆောင်ကာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ-၄၀(ခ)၊ ပြစ်မှုအမှတ်-၂၃၉/၂၀ နဲ့ အမှုဖွင့်ထားပြီး ကျန်တဲ့ နွား ၁၄ ကောင်ကို အလောင်းတော်ကဿပ…

Read More

အနာကြီးရောဂါသည်များမဲထည့်ခွင့်ရ

နိုဝင်ဘာ ၇-၂၀၂၀ နေလင်းဖြူ(VOM) မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ၇အိမ်တန်းရပ်မှာ ၂၀၂၀ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲ အနာကြီးရောဂါသည်တွေနဲ့ မိသားစုဝင်တွေ မဲပေးပိုင်ခွင့်ရရှိတယ်လို့ ၇အိမ်တန်းရပ်ကွက်တာဝန်ခံ ဦးကျော်အောင်ကပြောပါတယ်။ ၇အိမ်တန်းရပ်မှာ အိမ်ထောင်စု(၂၉)စုရှိပြီး လူဦးရေ(၁၁၄)ဦးနေထိုင်ကာ အသက်၁၈နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ(၆၆)ဦးရှိတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ပခုက္ကူ #အနာကြီးရောဂါသည် #မဲပေးခွင့်ရ

Read More

မဲလာပေးသူတွေကို မဲရုံရောက်ရင် N95 mask တွေ လဲတပ်ဖို့ ပေးမယ်

နိုဝင်ဘာ ၇-၂၀၂၀ နေနန်းနွယ်(VOM) တောင်ကြီးက မဲရုံတွေမှာ နိုဝင်ဘာ ၈ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲလာပေးသူတွေကို N95 Maskတွေကို လဲလှယ်တပ်ဆင်ဖို့ ပေးဝေသွားမှာဖြစ်ပြီး မဲရုံတွေကို ဘယ်လိုပြင်ဆင်ထားသလဲဆိုတာကို တောင်ကြီးမြို့နယ်၊ ကံကြီးရပ်ကွက်၊ မဲရုံအမှတ်-(၂)ရှိ မဲရုံမှူး ဦးဆန်းထွန်းကို VOMသတင်းထောက် နေနန်းနွယ်က မေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #တောင်ကြီး

Read More

တရုတ်နဲ့ နယ်စပ်ပြဿနာ ပဋိပက္ခကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ အိန္ဒိယပြော

ဒေလီ၊ နိုဝင်ဘာ-၇-၂၀၂၀ မျိုးဆက် (VOM) အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းတပ်မှူးတွေဟာ နှစ်နိုင်ငံ နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး ရှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့်လည်း ဟိမဝန္တာအနောက်ပိုင်းမှာ တရုတ်တပ်ဖွဲ့ဝင်တွေနဲ့ နယ်နိမိတ်ပြဿနာ တင်းမာမှုတွေက ပဋိပက္ခကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ အိန္ဒိယစစ်ဘက်ရဲ့ ထိပ်တန်း တပ်မှူးတစ်ဦးက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ထောင်ပေါင်းများစွာသော အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေဟာ လအတန်ကြာ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားနေတဲ့ လာဒက်ဒေသအရှေ့ပိုင်းရှိ အမှန်တကယ်ထိန်းချုပ်ရေးလိုင်းမှာ အခြေအနေတင်းမာနေပြီး မိမိတို့အနေနဲ့ အမှန်တကယ်ထိန်းချုပ်ရေးလိုင်းကို ဘယ်လိုပြောင်းလဲမှုများကိုမှ လက်ခံမှာမဟုတ်ဘူးလို့ အိန္ဒိယစစ်ဦးစီးချုပ် ဘီပင်ရာဝပ်ကပြောပါတယ်။ လုံခြုံရေးဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွေအရ နယ်စပ်ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ကျူးကျော်တာတွေ၊ မဆင်မခြင်ပြုတဲ့ နည်းဗျူဟာစစ်ဆင်ရေးတွေ တိုးပွားလာနေတာကြောင့် ပဋိပက္ခကြီးတစ်ခု ဖြစ်မလာရေးကို လျှော့ချလို့မရဘူးလို့ သူကပြောပါတယ်။ အဲ့ဒီနယ်စပ်မှာ ဇွန်လအတွင်းက လက်နက်မဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး တရုတ်တပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ကာ အရေအတွက်ကိုတော့ တရုတ်ဘက်က ထုတ်ဖော်ပြောကြားတာမရှိပါဘူး။…

Read More

မော်လမြိုင်မှာ ညီဖြစ်သူရဲ့မှတ်ပုံတင်နဲ့ ကြိုတင်မဲလာထည့်သူကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်

နိုဝင်ဘာ ၇-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်မှာ နိုဝင်ဘာ ၄ ရက်နေ့က ညီဖြစ်သူရဲ့မှတ်ပုံတင်မှာ မိမိဓာတ်ပုံကတ်ပြီး ကြိုတင်မဲလာထည့်‌သူ အမျိုးသားကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ-၅၉(ဇ)နဲ့ အမှုဖွင့်ထားတယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွကော်မရှင်ကနေ သိရပါတယ်။ ” ဥပဒေကို နားမလည်လို့ဖြစ်သွားတယ်ဆို‌ပေမယ့် မနေ့က‌တော့ အမှုဖွင့်လိုက်ရတယ်။ မှတ်ပုံတင်မှာ ဓာတ်ပုံပြောင်းကတ်တာကိုတော့ ရဲဘက်က ဆက်လုပ်၊မလုပ် မသိရဘူး။သူ့ ညီမှတ်ပုံတင်မှာ သူ့ပုံကပ်ပြီး ကြိုတင်မဲလာပေးသွားတာ”လို့ မြို့နယ်ရွေးကောက်ပွဲကော်မ ရှင်ဥက‌္ကဋ္ဌ ဦးဌေးလွင်ကပြောပါတယ်။ ကျောက်တန်းရပ်ကွက်မှာနေတဲ့ ဦးရွှေထွန်းဆိုသူသာ ရပ်ကွက်ကြိုတင်မဲရုံကို ကြိုတင်မဲပေးဖို့လာရောက်ချိန် ညီဖြစ်သူမှတ်ပုံတင်မှာ သူရဲ့ဓာတ်ပုံကို ပြောင်းလဲကပ်ထားတာကို သိရှိသွားတဲ့အတွက် စောင့်ကြည့်သူ မဲရုံကိုယ်စားလှယ်တွေက မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက်‌ကော်မရှင်ရုံးမှာ အဖွဲ့စုံပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီတို့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဥပဒချိုးဖောက်မှုဖြစ်‌နေတာ‌ကြောင့် ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဇ)နဲ့ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။ ဥပဒေပါပြဌာန်းချက်များအရ မြန်မာနိုင်ငံ…

Read More

သာယာဝတီမှာ တံဆိပ်တုံးထုပြီးသား ကြိုတင်မဲတွေပါဝင်ခဲ့

နိုဝင်ဘာ ၇-၂၀၂၀ သိင်္ဂီထွန်း ( VOM ) ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ကြိုတင်မဲကောက်ခံတဲ့အထဲ တံဆိပ်တုံးအတုနဲ့ ကြိုတင်ပြီးထုနှိပ်ထားတဲ့ မဲလက်မှတ်တချို့ပါဝင်ခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်သင်ကပြောပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့မှာ သာယာဝတီမြို့နယ်အတွင်းက ကျေးရွာတွေကို အိမ်တိုင်ရာရောက်ကြိုတင်မဲတွေ လိုက်လံကောက်ခံရာ ငဖြူကလေးကျေးရွာက အိမ်တစ်အိမ်ကိုရောက်ရှိချိန် ဆန္ဒမဲပြုမယ့် လက်မှတ်တစ်စောင်မှာ NLD ပါတီဘေး တံဆိပ်တုံးထုနှိပ်ပြီးသားကို တွေ့ရှိရတာဖြစ်ပါတယ်။ “၂၉ ရက်ထဲက ကြိုတင်မဲတွေကောက်ရတယ်။ ဆရာ၊ဆရာမတွေကလည်း ပင်ပန်းနေပြီ၊ အဲ့ဒီအချိန်မှာ နည်းနည်း အလစ်အငိုက်ဖြစ်သွားချိန် အဖျက်အဆီးလုပ်ချင်တဲ့သူက လုပ်တယ်လို့မြင်တယ်။ ကော်မရှင် ၊ဆရာ ဆရာမတွေ မရိုးမသားဖြစ်ရင် သူတို့လက်ထဲမှာ တံဆိပ်တုံးရှိနေတာပဲ ထုလိုက်မှာပေါ့ ကျနော့်အမြင်ပေါ့။ ဒါကြာင့် ဒီလုပ်ငန်းကိုအနှောက်ယှက်မဖြစ်ဖြစ်အောင် ဆူပူအုံကြွမှုမဖြစ်ဖြစ်အောင် လုပ်တယ်လို့ ယူဆတယ်။ မနေ့ကလည်း ပဲခူးတိုင်းကော်မရှင်ရုံးမှာဗုံးပေါက်တယ်။ ဒါတွေဟာ တမင်ကြိုတင်ကြံစည်ပြီး အုံကြွမှုဖြစ်အောင် ဆူပူဖြစ်အောင်လုပ်တယ်လို့ ယူဆတယ်။…

Read More

ချောက်မြို့နယ်မှာ ရပ်ကျေးရွေး/ကော်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကို မဲရုံကိုယ်စားလှယ်တစ်ဦးက အမှုဖွင့်

ချောက်- နိုဝင်ဘာ ၇ -၂၀၂၀ ဂျန်ကိုးလ်(VOM) မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ ဆားလယ်ကျေးရွာရှိ မဲရုံကိုယ်စားလှယ်တစ်ဦးကနေ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ- ၅၉(က)/၆၀ နဲ့ နိုဝင်ဘာလ ၅ ရက်နေ့က စလေမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ကြိုတင်မဲပေးရတဲ့ တံဆိပ်တုံးဟာ မှင်စွပ်ရန်မလို(လေဆာတံဆိပ်တုံး)ဖြစ်နေတဲ့အတွက် လျှို့ဝှက်ဆန္ဒမဲပေးတဲ့နေရာမှာ မှင်စွပ်ဘူးမထားဖို့(Ink Pad) ကော်မရှင်ကို တောင်းဆိုခဲ့ပေမယ့်လည်း မဲရုံကော်မရှင်ဥက္ကဋ္ဌ ဦးစိုးခိုင်နဲ့ ကော်မရှင်အတွင်းရေးမှူးဦးအေးချမ်းပြည့်တို့က လိုအပ်လို့ထားတာပါလို့ပြောပြီး သိမ်းဆည်းခြင်းမရှိခဲ့တဲ့အတွက် မဲဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့လို့ တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။ ”ရဲစခန်းမှာအမှုဖွင့်တာ ဟုတ်ပါတယ်၊ အချက်၃ချက်ပါ၊ တခုက မလိုအပ်ဘဲ လေဆာတံဆိပ်တုံးကို အင့်ပက်ထားတာ၊ နောက်တခုက မဲစာရွက်ရဲ့ အခြားအကွက်မှာ မှင်စွန်းသွားတာကို မဲဆန္ဒရှင်က လဲပေးဖို့တောင်းဆိုတာကို လဲမပေးတာ၊ နောက်ဆုံးအချက်က မဲဆန္ဒရှင်တွေရှေ့မှာ ကျနော်ဆိုဘယ်သူ့မှမကြိုက်လို့ ဘယ်သူ့မှမဲမပေးဘူးလို့ကော်မရှင်အနေနဲ့ပြောတာတွေကို တိုင်တာပါ”လို့…

Read More

မဲဆန္ဒရှင်ကိုယ်စား မဲရုံကိုယ်စားလှယ်က ကြိုတင်မဲပေးခဲ့လို့ ပြည်ခိုင်ဖြိုးပါတီက အမှုဖွင့်

နိုဝင်ဘာ ၇-၂၀၂ဝ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မှတ်ထိကျေးရွာမှာ အသက် ၆၀ ကျော် ကြိုတင်မဲကောက်ခံချိန် မဲပေးမယ့်သူက အပြင်သွားနေတာကြောင့် မဲဆန္ဒရှင်ကိုယ်စားဆိုပြီး မဲရုံကိုယ်စားလှယ်က ကြိုတင်မဲပေးခဲ့တဲ့အတွက် မဲရုံကိုယ်စားလှယ် တစ်ယောက်အပါအဝင် လူ ၃ ယောက်ကို ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ယောက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ ” အမှုဖွင့်ထားတော့ရှိတယ် ရဲစခန်း (ပ) ၃၂၀ / ၂၀၂၀ ရွေးကောက်ပွဲ ဥပဒေ ၅၉ (ဂ) နဲ့ဖြစ်တယ် ” လို့ဝက်လက်မြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်ပြောပါတယ်။ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက မှတ်ထိကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေဟာ ကျေးရွာထဲကိုကြိုတင်မဲကောက်ခံရာ ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင်တစ်ဦးရဲ့နေအိမ်ကို ရောက်ရှိချိန် အဲ့ဒီ နေအိမ်မှာ မဲဆန္ဒရှင်မရှိတဲ့အတွက် ကြိုတင်ဆန္ဒမဲကို မဲဆန္ဒရှင်ရဲ့ တူတော်စပ်သူ ဦးဝင်းပြိုင်ဆိုသူက ကြိုတင်ဆန္ဒမဲ ထည့်ပေးခဲ့တာဖြစ်ပါတယ်။…

Read More

စစ်တွေမှာ ကြိုတင်မဲအငြင်းပွားမှုဖြစ်ပြီး ကြိုတင်မဲ (၃၀၀) ကျော်ပယ်ဖျက်ခံရ

နိုဝင်ဘာ ၇- ၂၀၂၀ ထက်အောင်စိုင်း(VOM) စစ်တွေမြို့နယ်အတွင်း၊ ကြိုတင်ဆန္ဒမဲပေးရာမှာ အငြင်းပွားမှုတချို့ ရှိနေပြီး ပေးပြီးသားကြိုတင်မဲ ၃၀၀ကျော်ကို ပယ်ဖျက်ထားတယ်လို့ စစ်တွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ နိုဝင်ဘာ (၅) ရက်နေ့က အမြင့်ကျွန်းကျေးရွာမှာ အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးက ကြိုတင်ဆန္ဒမဲပေးနေချိန် မဲလက်မှတ် ၁၅ ခုလောက်မှာ ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စားပြု ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုဝင်းနေရာမှာ ကြိုတင်ပြီး တံဆိပ်တုံးရိုက်နှိပ်ထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ အခုလို မဲလက်မှတ်စာရွက်ပေါ်မှာ တံဆိပ်တုံး ကြိုတင်ရိုက်နှိပ်ထားတာကို သိရချိန်မှာတော့ ကြိုတင်မဲပြား (၃၀၀) ကျော်လောက်ပေးထားပြီးသားဖြစ်နေတယ်လို့ သိရပါတယ်။ မနေ့ နိုဝင်ဘာ ၆ ရက်နေ့က အဲ့ဒီ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ကော်မရှင်တွေကို တင်ပြသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ စစ်တွေမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်က ပြောပါတယ်။…

Read More
VOM News

FREE
VIEW