ဒေလီ၊ နိုဝင်ဘာ-၇-၂၀၂၀
မျိုးဆက် (VOM)
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ထိပ်တန်းတပ်မှူးတွေဟာ နှစ်နိုင်ငံ နယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး ရှစ်ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့်လည်း ဟိမဝန္တာအနောက်ပိုင်းမှာ တရုတ်တပ်ဖွဲ့ဝင်တွေနဲ့ နယ်နိမိတ်ပြဿနာ တင်းမာမှုတွေက ပဋိပက္ခကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ အိန္ဒိယစစ်ဘက်ရဲ့ ထိပ်တန်း တပ်မှူးတစ်ဦးက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထောင်ပေါင်းများစွာသော အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့ဝင်တွေဟာ လအတန်ကြာ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားနေတဲ့ လာဒက်ဒေသအရှေ့ပိုင်းရှိ အမှန်တကယ်ထိန်းချုပ်ရေးလိုင်းမှာ အခြေအနေတင်းမာနေပြီး မိမိတို့အနေနဲ့ အမှန်တကယ်ထိန်းချုပ်ရေးလိုင်းကို ဘယ်လိုပြောင်းလဲမှုများကိုမှ လက်ခံမှာမဟုတ်ဘူးလို့ အိန္ဒိယစစ်ဦးစီးချုပ် ဘီပင်ရာဝပ်ကပြောပါတယ်။
လုံခြုံရေးဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွေအရ နယ်စပ်ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ကျူးကျော်တာတွေ၊ မဆင်မခြင်ပြုတဲ့ နည်းဗျူဟာစစ်ဆင်ရေးတွေ တိုးပွားလာနေတာကြောင့် ပဋိပက္ခကြီးတစ်ခု ဖြစ်မလာရေးကို လျှော့ချလို့မရဘူးလို့ သူကပြောပါတယ်။
အဲ့ဒီနယ်စပ်မှာ ဇွန်လအတွင်းက လက်နက်မဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး တရုတ်တပ်ဖွဲ့ဝင်တွေလည်း သေဆုံးခဲ့ကာ အရေအတွက်ကိုတော့ တရုတ်ဘက်က ထုတ်ဖော်ပြောကြားတာမရှိပါဘူး။ ဒီပြဿနာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်ခဲ့ပြီး ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသမှာ စစ်ရေးအင်အားတိုးချဲ့ချထားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။
နှစ်ဘက်စလုံးအနေနဲ့ သံတမန်ရေးရာနဲ့ စစ်ရေးလမ်းကြောင်းတွေကတစ်ဆင့် အခြေအနေကို ဖြေလျှော့ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။
Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ