ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမပါ ကျန်တဲ့ ၄၄မြို့နယ်လုံး NLD ပါတီ အနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမပါဝင်ဘဲ ကျန်တဲ့ ၄၄ မြို့နယ်လုံး NLDပါတီက အနိုင်ရခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က VOMကို အတည်ပြုပြောပါတယ်။

“ ၄၄ မြို့နယ်နိုင်တယ်လို့တော့ပြောနေကြတယ်။ ကိုကိုးကျွန်းက မနိုင်ပါဘူး “ လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ရန်ကုန်တိုင်းမှာဆိုရင် မြို့နယ်ပေါင်း ၄၅ မြို့ရှိပြီးတော့ မဲဆန္ဒရှင် စုစုပေါင်း လူဦးရေ ၅၈ သန်းကျော် ၊ နိုင်ငံရေးပါတီပေါင်း ၄၁ ပါတီ ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂ ယောက် ၊ ကိုယ်စားလှယ် စုစုပေါင်းက ၇၉၉ ဦးရှိတယ်လို့လည်း သိရပါတယ် ။

သင်္ဃန်းမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာကျော်စွာဦးကတော့ လက်ရှိမှာ မဲအရေအတွက်က ၁၁၂၆၀၄ မဲ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ၁၁၁၅၇၆ မဲ ၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးက ၆၀၃၇၄ မဲ ၊ တိုင်းဒေသကြီး (၂) ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ၄၈၀၂၃ မဲ ၊ ရခိုင်တိုင်းရင်းသားရေရာ ကိုယ်စားလှယ် ဒေါ်ထုမေ တစ်သီးပုဂ္ဂက ၇၄၅ မဲ ၊ ကရင်တိုင်းရင်းသားရေးရာကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နော်လှလှစိုး (ခ) နော်စူစင်နာလှလှစိုးက ၁၀၉၃ မဲ တို့နဲ့ အနိုင်ရခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပုံစံ ၁၉ လက်မှတ်ထိုးဖို့အတွက် စောင့်ဆိုင်းနေတယ်လို့လည်း သိရပါတယ်။

ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ တိုင်းဒေသကြီး (၁) ၊ (၂) ကိုယ်စားလှယ်တွေအားလုံးကလည်း အနိုင်ရရှိခဲ့တယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်း (၁) ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောပါတယ်။

ပန်းဘဲတန်းမြို့နယ် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ၁၂၈၈၂ မဲ ၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှမျိုးသိန်းက ၁၃၈၁၄ မဲ ၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ၅၉၈၄ မဲ ၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင် ၇၀၃၇ မဲ ၊ ကရင်တိုင်းရင်း သား ကိုယ်စားလှယ် နော်လှလှစိုးက ၁၄၂ မဲ တို့နဲ့ အနိုင်ရခဲ့ ကြတာ ဖြစ်ပါတယ် ။

လက်ရှိမှာအနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေအားလုံး ပုံစံ ၁၉ လက်မှတ်ထိုးဖို့ စောင့်ဆိုင်းနေတာဖြစ်ပြီး UEC ကလည်း ညနေ ၄ နာရီကစတင်ကာ ရန်ကုန်တိုင်းအတွက် မဲရလဒ်တွေကို ၃ နာရီခြားတစ်ခါ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ မြိုအမျိုးသားဒီမိုကရေစီပါတီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ ကရင်အမျိုးသားပါတီ၊ ဗမာပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း မဲဆန္ဒနယ် ၁၄၉ နေရာအနက် NLD ပါတီက ၁၄၄ နေရာ အနိုင်ရခဲ့ပါတယ်။

လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

Photo -ရွှေအင်းသားခင်မောင်ဝင်း
#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲရလဒ်

Related posts

Leave a Comment

VOM News

FREE
VIEW