ကရင်ပြည်နယ်မှာ ဖာပွန်ကလွဲရင် မြို့နယ်အတော်များများမှာ NLD ပါတီက အနိုင်ရ

နိုဝင်ဘာ- ၉- ၂၀၂၀ ခွန်ခန့်သူ+(VOM) ကရင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် မဲဆန္ဒနယ် ၃၆ ခုအနက် ဖာပွန်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အနိုင်ရခဲ့ပြီး လှိုင်းဘွဲ့ ပြည်နယ်လွှတ်တော် ၁ နေရာမှာတော့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) က အနိုင်ရခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က သံတောင် ပြည်နယ်လွှတ်တော် ၁ မှာ ရှုံးခဲ့ပြီး ကျန်နေရာ အားလုံးမှာတော့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လည်း ဘားအံမဲဆန္ဒနယ် ၁ကနေ အနိုင်ရထားပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကြီးဝင်‌ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ဟာ ရပ်ကွက် ကျေးရွာပေါင်း ၅၀ အုပ်စုရှိပြီး မဲရုံပေါင်း ၁၁၅ ရုံမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဲအရေအတွက် ၅ သောင်း ၇ ထောင်ကျော်နဲ့ မဲအများဆုံးရရှိပြီး ဒုတိယမဲအများဆုံးဖြစ်တဲ့ ကရင်အမျုးသားဒီမိုကရက်သစ်ပါတီက ဒေါ်စေးအွာက မဲအရေအတွက် ၁ သောင်း ၃ထောင်ကျော်တာရရှိခဲ့ပါတယ်။…

Read More

NLD အစိုးရဖွဲ့နိုင်တဲ့အဆင့်နဲ့ နိုင်ထားပြီ

မန္တလေး-နိုဝင်ဘာ ၉-၂၀၂၀ Voice Of Myanmar လက်ရှိအာဏာရပါတီ NLD ဟာ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှာ ရာနှုန်းပြည့်အနိုင်ရပြီး ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး ကျန် ၄၄ မြို့နယ်က မဲဆန္ဒနယ်တွေ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အနိုင်ရခဲ့ပြီဖြစ်တယ်လို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ VOM ကရရှိထားတဲ့အချက်အလက်အရတော့ NLD ပါတီဟာ ပြည်ထောင်စုအဆင့်အတွက် အစိုးရဖွဲ့နိုင်တဲ့ ၃၂၂ နေရာကို ကျော်လွန်သွားပြီဆိုတာတွေ့ရှိထားပါတယ်။ ကယားပြည်နယ်အတွင်းက မဲဆန္ဒနယ် ၃၄ နေရာအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KYSDP) က ၈ နေရာနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ၆ နေရာ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ကျန် မဲဆန္ဒနယ် ၂၀ နေရာကို အနိုင်ရခဲ့ပါတယ်။ တာဝန်က အနားပေးခံရတဲ့ ဝန်ကြီးချုပ်ဟောင်း…

Read More

လမ်းတံတားနဲ့ SME လုပ်ငန်းတွေအတွက် ဂျပန်က ဒေါ်လာသန်း ၄၀၀ ကျော် မြန်မာနိုင်ငံကို ချေးမယ်

တိုကျို၊ နိုဝင်ဘာ-၉-၂၀၂၀ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ အခြေခံလမ်းတံတားတွေ တည်ဆောက်ဖို့နဲ့ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း(SME) တွေကို ဘဏ္ဍာရေးထောက်ပံ့ပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အတိုးနှုန်းနည်းတဲ့ ချေးငွေ ဒေါ်လာ ၄၁၄ (ဂျပန်ယမ်း ၄၂ ဒသမ ၇၈ ဘီလီယံ) ပေးဖို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ အဲဒီထဲက ယမ်း ၂၇ ဒသမ ၇၈ ဘီလီယံဟာ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့ကို ဆက်သွယ်ဖြစ်ကျော်မယ့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်မှာ တံတားတစ်စင်းတည်ဆောက်ဖို့ စီမံကိန်းအတွက် လျာထားလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ စီမံကိန်းမှာ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ပိုင်းရှိ ပဲခူးနဲ့ ကျိုက်ထီးရိုးကို ဆက်သွယ်ထားတဲ့လမ်းပေါ်မှာ တံတားတစ်စင်းတည်ဆောက်ဖို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။ ဒီသဘောတူညီချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိုင်ချီရိုရူယာမာနဲ့မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး…

Read More

ရှမ်းပြည်နယ်အတွင်း PNO ရဲ့ အောင်နိုင်မှု

နိုဝင်ဘာ ၉-၂၀၂၀ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်အတွင်းက ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း ၃ မြို့နယ်မှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ အနိုင်ရမှုအခြေအနေ ကောင်းတယ်လို့သိရပါတယ်။ “လက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမှာတော့ ပြည်သူ့လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၆ နေရာနဲ့ အမျိုးသားလွှတ်တော် ၁ နေရာကတော့ သေချာထွက်လာပါပြီ၊ ဒီနေ့ထပ်တိုးလာတာက လွိုင်လင်မဲဆန္ဒနယ် ၁ မှာလည်း ကျွန်တော်တို့ နိုင်သွားပါပြီ။ လောလောဆယ်ကတော့ ကျွန်တော်တို့ တောင်ကြီးကို စောင့်ကြည့်နေပါတယ်။ မဲအရေအတွက်က အကျိတ်အနယ်ဖြစ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ အခု ကြိုတင်မဲလည်း ရေလို့မပြီးသေးဘူးဆိုတော့၊ ဒါကတော့ တောင်ကြီးအခြေအနေပါ”လို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊…

Read More

ဧရာဝတီတိုင်း တစ်ခုလုံး NLD ပါတီနိုင်

#voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်

နိုဝင်ဘာ ၉- ၂၀၂၀ ရှိုင်းအောင်(VOM) ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ် ၂၆ မြို့နယ်အကုန်လုံးမှာ NLD ပါတီက အနိုင်ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊ အခုလက်ရှိ ကျုံပျော်မြို့နယ် NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက VOM ကိုပြောပါတယ်။ ” ဧရာဝတီတိုင်းကတော့ ၂၆ မြို့နယ်လုံး NLD နိုင်တယ်လို့ သတင်းရတယ်၊ ကျုံပျော်မှာအားလုံးနိုင်တယ်၊ နိုင်တဲ့ မဲအရေအတွက်တောင်ပြောလို့ရတယ်၊ အမျိုးသားမှာ ကျုပ် မန်းဂျော်နီ ကိုယ်တိုင်ဝင်ပြိုင်တယ်လေ၊ မဲ (၁၀၀၃၈၄) မဲ ငါရတယ်၊ နိုင်တဲ့အားလုံးရဲ့ သူတို့ဘယ်လောက်ရတယ်၊ သူတို့ပြိုင်ဘက်တွေ ဘယ်လောက် ဘယ်လောက်ရတယ်ဆိုတာ အားလုံးပြောလို့ရတယ်၊ ငါတို့နဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပေါ့ကွာ (၃၉၂၂၄)မဲရတယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့ NLDက (၉၅၉၄၈)မဲရတယ်၊ ဟိုဘက်က ကြံ့ခိုင်ရေးက (၃၇၅၄၇)မဲရတယ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ ကိုယ်စားလှယ်က NLD က (၅၂၇၃၁)မဲ၊ ကြံ့ခိုင်ရေးက…

Read More

၂၀၁၅တုန်းကရှုံးခဲ့တဲ့ ရှမ်းပြည်နယ်က မြို့နယ် ၃ခုမှာ NLDအနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့၊ လားရှိုးမြို့နဲ့ ကျိုင်းတုံမြို့တို့မှာ NLDပါတီက အနိုင်ရတယ်လို့ ရှမ်းပြည်နယ် NLDပါတီ အောင်နိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုးညွန့်လွင်က ပြောပါတယ်။ “မဲတွေကို အခုထိတော့ ရေတော့ရေနေတုန်းပဲ၊ ဒါပေမယ့် တချို့ဒေသတွေတော့ ပြီးသွားပြီပေါ့နော်။ သေချာတာကတော့ လားရှိုးနိုင်သွားတယ်၊ တောင်ကြီးနိုင်သွားတယ်၊ ကျိုင်းတုံနိုင်သွားတယ်ပေါ့၊ ကျွန်တော်တို့၂၀၁၅ တုန်းက ရှုံးနိမ့်ခဲ့တဲ့ မြို့တော် ၃ ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်၊ ကျွန်တော့်ဘက်ကတော့မဲရေပြီးသွားပါပြီ၊ မဲ အပြတ်အသတ်ပါ၊ ၂သောင်းကျော် ၃ သောင်းနီးပါးလောက် ပြတ်သွားပါပြီ “လို့ ဦးစိုးညွန့်လွင်က ပြောပါတယ်။ ဦးစိုးညွန့်လွင်ဟာ လက်ရှိ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးတော့ အခု ရွေးကောက်ပွဲမှာတော့ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် (၁) ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊…

Read More

ချင်းပြည်နယ်က မြို့နယ် ၇ ခုမှာ NLD ပါတီက ရာနှုန်းပြည့်အနိုင်ရ

နိုဝင်ဘာ- ၉- ၂၀၂၀ ရှိုင်းအောင်(VOM) ချင်းပြည်နယ်မှာ မဲဆန္ဒနယ် ၉ မြို့နယ်ရှိပြီး အဲ့ဒီမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေအကုန်လုံး မဲဆန္ဒနယ် ၇ ခုမှာတော့ ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ မြို့နယ် ၂ ခုမှာတော့ NLD ပါတီက အနိုင်ရရှိမှုနည်းပါးပြီး တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)က ဟားခါး ပြည်နယ်လွှတ်တော်မှာ တစ်နေရာနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)က တွန်းဇံမြို့နယ်မှာ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အသီးသီးမှာ တစ်နေရာစီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)က ပြောရေးဆိုခွင့်ရှိသူ ဦးဇန်ဇမုန်ပြောပြတာက “ကျနော်တို့ တိုင်းရင်းသားတွေ ဘယ်လိုဖြစ်တယ်လည်း မသိဘူးဗျာ၊ အချင်းချင်းကို အားမပေးတော့ ကျနော်တို့ တွန်းဇံမှာ ၂ နေရာပဲ နိုင်ပါတယ်၊ မကျေနပ်လို့လည်း ဘာမှမတတ်နိုင်ပါဘူး၊ ကိုယ်စားမဲထည့်တာတွေလည်း တွေ့ရတယ်၊ ဒါပေမယ့် ကွန်ပလိန်းမလုပ်တော့ပါဘူး၊ လုပ်နေလို့လည်း ဘာမှထူးမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊…

Read More

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမပါ ကျန်တဲ့ ၄၄မြို့နယ်လုံး NLD ပါတီ အနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမပါဝင်ဘဲ ကျန်တဲ့ ၄၄ မြို့နယ်လုံး NLDပါတီက အနိုင်ရခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က VOMကို အတည်ပြုပြောပါတယ်။ “ ၄၄ မြို့နယ်နိုင်တယ်လို့တော့ပြောနေကြတယ်။ ကိုကိုးကျွန်းက မနိုင်ပါဘူး “ လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် မြို့နယ်ပေါင်း ၄၅ မြို့ရှိပြီးတော့ မဲဆန္ဒရှင် စုစုပေါင်း လူဦးရေ ၅၈ သန်းကျော် ၊ နိုင်ငံရေးပါတီပေါင်း ၄၁ ပါတီ ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂ ယောက် ၊ ကိုယ်စားလှယ် စုစုပေါင်းက ၇၉၉ ဦးရှိတယ်လို့လည်း သိရပါတယ် ။ သင်္ဃန်းမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာကျော်စွာဦးကတော့ လက်ရှိမှာ မဲအရေအတွက်က ၁၁၂၆၀၄ မဲ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ၁၁၁၅၇၆…

Read More

မွန်ပြည်နယ်မှာ NLD က အကုန်မနိုင်ပေမယ့် ဦးဆောင်နေ

နိုဝင်ဘာ- ၉- ၂၀၂၀ ရှိုင်းအောင်(VOM) မွန်ပြည်နယ်က မြို့နယ် ၁၀ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရာနှုန်းပြည့် မနိုင်ပေမယ့် မော်လမြိုင်၊ ဘီးလင်း၊ သထုံ နဲ့ ပေါင် မြို့နယ်တွေမှာတော့ လုံးဝအနိုင်ရခဲ့ပေမယ့်လည်း ရေးမြို့နယ်က နေရာတွေမှာတော့ အကုန်ရှုံးနိမ့်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာထိန်လင်းက ပါတီရဲ့ မဲရလဒ်အခြေအနေကို အခုလိုပြောပါတယ် “ကျနော်တို့ ကျိုက်ထို၊ ဘီလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်မှာ နေရာအကုန် အနိုင်ရပါတယ်။ ချောင်းဆုံ၊ ကျိုက်မရော၊ သံဖြူဇရပ်မှာတော့ ၃ နေရာစီပဲနိုင်ပါတယ်၊ မုဒုံမှာတော့ ၁ နေရာပဲနိုင်ပြီး ရေးမှာတော့ လုံးဝမနိုင်ပါဘူး၊ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကတော့ မော်လမြိုင်မှာတော့နိုင်ပြီး ကျန်တဲ့နေရာတွေမှာတော့ ရေတွက်မပြီးသေးတဲ့အတွက် မသိသေးပါဘူး” လို့ ပြောပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေကလည်း သူတို့ပါတီရဲ့ အနိုင်ရရှိမှုအခြေအနေကို…

Read More

ထိုင်းဆန္ဒပြအဖွဲ့ကို မီးသတ်ပိုက်အသုံးပြုပြီး ရဲတပ်ဖွဲ့ဖြိုခွဲ

ဘန်ကောက်၊ နိုဝင်ဘာ-၉-၂၀၂၀ မျိုးဆက်(VOM) ထိုင်နိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၈ ရက်ကပြုလုပ်တဲ့ လူထောင်ပေါင်းများစွာပါဝင်တဲ့ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေအသုံးပြုပြီး ဖြိုခွဲခဲ့ပါတယ်။ ခန့်မှန်းလူဦးရေ တစ်သောင်းကျော်ပါဝင်တဲ့ လူအုပ်ကြီးဟာ ထိုင်းဘုရင် မဟာဝိဇယာလောင်ကွန်းကို သတင်းစကားပါးဖို့ ဆန္ဒပြတော်ဝင်နန်းတော်ကို ချီတက်ခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ လအနည်းငယ်ကြာမြင့်နေပြီဖြစ်တဲ့ ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ ထိုင်းတာဝန်ရှိသူတွေက မီးသတ်ပိုက်တွေကို ဒုတိယအကြိမ်မြောက်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ထိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် ဇူလိုင်လကတည်းက ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရဝေဖန်သူတွေကို အနှောက်အယှက်ပြုခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ရာထူးကနေ နှုတ်ထွက်ရေးတို့ကို တောင်းဆိုနေကြပါတယ်။ နိုဝင်ဘာ ၈ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးနဲ့ ဘုရင်ကထိုင်းနိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာတွေကို ရပ်တန့်ဖို့ လက်ရေးနဲ့ရေးထားတဲ့ တောင်းဆိုစာတွေကို ဆန္ဒပြအဖွဲ့က ယူဆောင်ခဲ့ကြပါတယ်။…

Read More
VOM News

FREE
VIEW