ကရင်ပြည်နယ်မှာ ဖာပွန်ကလွဲရင် မြို့နယ်အတော်များများမှာ NLD ပါတီက အနိုင်ရ

နိုဝင်ဘာ- ၉- ၂၀၂၀
ခွန်ခန့်သူ+(VOM)

ကရင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် မဲဆန္ဒနယ် ၃၆ ခုအနက် ဖာပွန်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အနိုင်ရခဲ့ပြီး လှိုင်းဘွဲ့ ပြည်နယ်လွှတ်တော် ၁ နေရာမှာတော့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) က အနိုင်ရခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က သံတောင် ပြည်နယ်လွှတ်တော် ၁ မှာ ရှုံးခဲ့ပြီး ကျန်နေရာ အားလုံးမှာတော့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လည်း ဘားအံမဲဆန္ဒနယ် ၁ကနေ အနိုင်ရထားပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကြီးဝင်‌ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ဟာ ရပ်ကွက် ကျေးရွာပေါင်း ၅၀ အုပ်စုရှိပြီး မဲရုံပေါင်း ၁၁၅ ရုံမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဲအရေအတွက် ၅ သောင်း ၇ ထောင်ကျော်နဲ့ မဲအများဆုံးရရှိပြီး ဒုတိယမဲအများဆုံးဖြစ်တဲ့ ကရင်အမျုးသားဒီမိုကရက်သစ်ပါတီက ဒေါ်စေးအွာက မဲအရေအတွက် ၁ သောင်း ၃ထောင်ကျော်တာရရှိခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဘားအံမြို့နယ်အတွင်း နိုင်ငံရေးပါတီ ၁၂ ပါတီဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအများဆုံးနဲ့ အနိုင်ရတယ်လို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ညနေ့ ၃ နာရီက တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘားအံမြို့နယ်အနေနဲ့ မဲပေးပိုင်းခွင့်ရှိသူ ၃ သိန်း ၆ သောင်းကျော်ရှိပြီး၊ မဲရုံပေါင်း ၂၃၀ မှာ ပါတီ ၁၂ ပါတီနဲ့ သစ်သီးပုဂ္ဂလပါတီ ကိုယ်စားလှယ်လောင်း ၇၀ ဦးက ကျေးရွာ အုပ်စု ၁၀၀ အတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲအနိုင်အရှုံး ရလဒ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နော်သဇင်တုပ်က “ကျမတို့ ဒီရလဒ်နဲ့ပတ်သက်ပြီး အတော် အံ့သြရပါတယ်၊ ဖာပွန်မှာလည်း ကြိုတင်မဲကိစ္စ အသံတွေထွက်နေပါတယ်၊ မဲပေးခွင့်ရှိသူတွေကလည်း ထက်ဝက်မကျော်တဲ့အတွက် ကျမတို့တိုင်းရင်းသားတွေက မဲသိပ်မပေးဘူးဆိုတာ သိသာပါတယ်၊ တစ်စုံတစ်ရာလွဲမှားနေတာတော့ အသေအချာပါပဲ၊ ဘာမှ ထူးမှာမဟုတ်တော့ ဘာမှမပြောတော့ပါဘူး” လို့ VOM ကိုပြောပါတယ်။

ကရင်ပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကယန်းအမျိုးသားပါတီ၊ ဗမာပြည်သူ့ပါတီ၊ ပအိုဝ်းအမျိူးသားအဖွဲ့ချုပ်ပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၂၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက်ရွေးချယ်ခဲ့တဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်‌ဟောင်းတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၆ နေရာအနက် NLD ပါတီက ၂၉ နေရာ အနိုင်ရခဲ့ပါတယ်။

#VOM #VoiceofMyanmar #Election2020 #ရွေးကောက်ပွဲ

zawgy

ကရင္ျပည္နယ္မွာ ဖာပြန္ကလြဲရင္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ NLD ပါတီက အႏိုင္ရ

ႏိုဝင္ဘာ- ၉- ၂၀၂၀
ခြန္ခန႔္သူ+(VOM)

ကရင္ျပည္နယ္က ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ မဲဆႏၵနယ္ ၃၆ ခုအနက္ ဖာပြန္ၿမိဳ႕နယ္မွာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)က အႏိုင္ရခဲ့ၿပီး လႈိင္းဘြဲ႕ ျပည္နယ္လႊတ္ေတာ္ ၁ ေနရာမွာေတာ့ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ(KNDP) က အႏိုင္ရခဲ့ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)က သံေတာင္ ျပည္နယ္လႊတ္ေတာ္ ၁ မွာ ရႈံးခဲ့ၿပီး က်န္ေနရာ အားလုံးမွာေတာ့ အႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္လည္း ဘားအံမဲဆႏၵနယ္ ၁ကေန အႏိုင္ရထားပါတယ္။ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ႀကီးဝင္‌ေရာက္ယွဥ္ၿပိဳင္တဲ့ မဲဆႏၵနယ္ဟာ ရပ္ကြက္ ေက်း႐ြာေပါင္း ၅၀ အုပ္စုရွိၿပီး မဲ႐ုံေပါင္း ၁၁၅ ႐ုံမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး မဲအေရအတြက္ ၅ ေသာင္း ၇ ေထာင္ေက်ာ္နဲ႔ မဲအမ်ားဆုံးရရွိၿပီး ဒုတိယမဲအမ်ားဆုံးျဖစ္တဲ့ ကရင္အမ်ဳးသားဒီမိုကရက္သစ္ပါတီက ေဒၚေစးအြာက မဲအေရအတြက္ ၁ ေသာင္း ၃ေထာင္ေက်ာ္တာရရွိခဲ့ပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဘားအံၿမိဳ႕နယ္အတြင္း ႏိုင္ငံေရးပါတီ ၁၂ ပါတီဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက မဲအမ်ားဆုံးနဲ႔ အႏိုင္ရတယ္လို႔ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဒီကေန႔ ညေန႔ ၃ နာရီက တရားဝင္ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဘားအံၿမိဳ႕နယ္အေနနဲ႔ မဲေပးပိုင္းခြင့္ရွိသူ ၃ သိန္း ၆ ေသာင္းေက်ာ္ရွိၿပီး၊ မဲ႐ုံေပါင္း ၂၃၀ မွာ ပါတီ ၁၂ ပါတီနဲ႔ သစ္သီးပုဂၢလပါတီ ကိုယ္စားလွယ္ေလာင္း ၇၀ ဦးက ေက်း႐ြာ အုပ္စု ၁၀၀ အတြင္းမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

ဒီကေန႔ ေ႐ြးေကာက္ပြဲအႏိုင္အရႈံး ရလဒ္နဲ႔ ပတ္သက္ၿပီး ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေနာ္သဇင္တုပ္က “က်မတို႔ ဒီရလဒ္နဲ႔ပတ္သက္ၿပီး အေတာ္ အံ့ၾသရပါတယ္၊ ဖာပြန္မွာလည္း ႀကိဳတင္မဲကိစၥ အသံေတြထြက္ေနပါတယ္၊ မဲေပးခြင့္ရွိသူေတြကလည္း ထက္ဝက္မေက်ာ္တဲ့အတြက္ က်မတို႔တိုင္းရင္းသားေတြက မဲသိပ္မေပးဘူးဆိုတာ သိသာပါတယ္၊ တစ္စုံတစ္ရာလြဲမွားေနတာေတာ့ အေသအခ်ာပါပဲ၊ ဘာမွ ထူးမွာမဟုတ္ေတာ့ ဘာမွမေျပာေတာ့ပါဘူး” လို႔ VOM ကိုေျပာပါတယ္။

ကရင္ျပည္နယ္အတြင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ၊ မြန္ညီၫြတ္ေရးပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ၊ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီ၊ ကရင္ျပည္သူ႔ပါတီ၊ ျပည္သူ႔ပါတီ၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ၊ ကယန္းအမ်ိဳးသားပါတီ၊ ဗမာျပည္သူ႔ပါတီ၊ ပအိုဝ္းအမ်ိဴးသားအဖြဲ႕ခ်ဳပ္ပါတီ၊ တသီးပုဂၢလ ကိုယ္စားလွယ္ေပါင္း ၂၀၀ နီးပါး ဝင္ေရာက္ယွဥ္ၿပိဳင္တာ ျဖစ္ပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ကိုယ္စားလွယ္ေလာင္း အျဖစ္ဝင္ေရာက္ေ႐ြးခ်ယ္ခဲ့တဲ့ အစိုးရအဖြဲ႕ဝန္ႀကီးေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္‌ေဟာင္းေတြ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ကရင္ျပည္နယ္အတြင္း မဲဆႏၵနယ္ ၃၆ ေနရာအနက္ NLD ပါတီက ၂၉ ေနရာ အႏိုင္ရခဲ့ပါတယ္။

#VOM #VoiceofMyanmar #Election2020 #ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW