ရွေးကောက်ပွဲအရှုံးကို ဝန်ခံဖို့ ဒေါ်နယ်ထရန့် ငြင်းဆန်မှု ရှက်စရာဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၁၁-၂၀၂၀
မျိုးဆက် (VOM)

လွန်ခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုတာ ဝန်ခံဖို့ ဒေါ်နယ်ထရန့်ရဲ့ ငြင်းဆန်မှုဟာ ရှက်စရာဖြစ်တယ်လို့ ရွေးကောက်ပွဲအနိုင်ရရှိသူ ဂျိုးဘိုင်ဒန်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီလိုငြင်းဆန်နေပေမယ့်လည်း အာဏာလွှွဲပြောင်းရယူရေးကို တားဆီးနိုင်မဟုတ်ဘူးလို့ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဂျိုးဘိုင်ဒန်က နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာမှာ အခိုင်အမာပြောဆိုပါတယ်။

အဓိကရုပ်သံဌာနကြီးတွေက ထရန့်ရှုံးနိမ့်သွားပြီလို့ ထုတ်ဖော်ရေးသားထားတဲ့ ရွေးကောက်ပွဲ နောက်ဆုံးအချိန်မှာတော့ သူသာအနိုင်ရမယ်လို့ ဒေါ်နယ်ထရန့်က ဒီအတောအတွင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းကို ဝန်ခံဖို့ ဒေါ်နယ်ထရန့်ရဲ့ ငြင်းဆန်မှုဟာ ပွင့်ပွင့်လင်းလင်းပြောရပါက ရှက်စရာကောင်းတယ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဂျိုးဘိုင်ဒန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်နယ်တစ်ခုချင်းစီးအလိုက် ရလဒ်တွေကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဆန္ဒမဲအချို့မှာ ရေတွက်နေဆဲဖြစ်ပြီး တရားဝင်ရလဒ်ဟာ ဒီဇင်ဘာ ၁၄ ရက်မှာ ပြည်နယ်ကိုယ်စားပြုမဲတွေထုတ်ပြန်ပြီးမှသာ သိနိုင်မှာဖြစ်ပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW