ရွေးကောက်ပွဲရလဒ်မမျှတလို့ ရွေးကောက်ပွဲပြန်ကျင်းပဖို့ ပြည်ခိုင်ဖြိုးပါတီကတောင်းဆို

နိုဝင်ဘာ ၁၁-၂၀၂၀ အေးချမ်းသူ(VOM) ရွေးကောက်ပွဲရလဒ်မမျှတတဲ့အတွက် တပ်မတော်နဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပူးပေါင်းပြီး အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့အတွက် ရန်ကုန်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်တို့က တောင်း ဆိုတယ်လို့ ဒီကနေ့ညနေပိုင်းကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုမရှိဘဲ အာဏာရပါတီရဲ့ မတရားပြုကျင့်မှုတွေနဲ့ မဲလိမ်လည်မှုတွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဘက်လိုက်တဲ့အပြုအမူတွေကြောင့် ပြိုင်ဘက်ပါတီတွေရှုံးနိမ့်ရပြီး လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက် အတည်မပြုဘဲ ကန့်ကွက်ကြောင်း ရန်ကုန် တိုင်းပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမင်းမိုးက ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတဲ့နေ့ကစပြီး နိုဝင်ဘာ ၈ရက်နေ့ မဲပေးပြီးတဲ့နေ့အထိ တရားမျှတမှုမရှိတာကိုတွေ့ရတဲ့အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်တဲ့အပြင် နိူင်ငံတော်သမ္မတကိုယ်တိုင်မဲဆွယ်စည်းရုံးနေတာကို ပြည်သူတွေအသိပဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒု-ဥက္ကဌ ဦးသန်းထွန်းကပြောပါတယ်။ “၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၆၄မှာဖော်ပြပြီးသား နိုင်ငံတော်သမ္မတ (သို့မဟုတ်) ဒု-သမ္မတများသည် နိူင်ငံရေးပါတီများ၏ အဖွဲ့ဝင်ဖြစ်လျှင် နိူင်ငံတော်သမ္မတ (သို့) ဒု-သမ္မတများသည် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ယင်းပါတီ၏ အဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ ၊ အခု…

Read More

ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့်ထင်သလောက် မနိုင်ရသလဲ

မန္တလေး- နိုဝင်ဘာ ၁၁-၂၀၂၀ ဆွေလင်းထွန်း (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလာဒ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မထုတ်ပြန်သေးပေမယ့် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉)ကို သက်ဆိုင်ရာကော်မရှင်ခွဲရုံးတွေမှာ လက်မှတ်ထိုးပြီးသလောက် စာရင်းတွေအရ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တနိုင်ငံလုံးက မဲဆန္ဒနယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို အနိုင်ရနေပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၄၅၂ အနက် NLD ပါတီက ၃၈၀ နေရာကို အနိုင်ရရှိနေတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာထက် ပိုများတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆၂၈ အနက် NLD ပါတီက ၄၇၆ နေရာကို အနိုင်ရရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ…

Read More

ထုတ်ပြန်ချက်တွေ မလိုက်နာလို့ ရန်ကုန်ဆေးရုံကြီးက အသင့်ပြင်ထားရ

နိုဝင်ဘာ ၁၁-၂၀၂၀ ယဉ်ပပထွန်း (VOM) နိုဝင်ဘာ ၉ ရက်နေ့က အောင်ပွဲခံနေသူတွေထဲက ခိုက်ရန်ဖြစ်ပွားမူတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့ လူနာ ၄ယောက် positive ဖြစ်နေတာဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီကိစ္စအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးကိုမေးကြည့်တော့” အဲ့ဒီနေ့က လာတာတော့ဟုတ်တယ်။ အောင်ပွဲခံတာအောင်ပွဲမခံတာမသိဘူး ။ ဒီကို ထိခိုက်ဒဏ်ရာရတဲ့လူနာတွေလာရင် ပုံမှန်အတိုင်း ရောဂါကိုပြုစုပေးရတယ်၊ ခွဲစိတ်စရာလိုရင် စစ်ဆေးရတယ်။ စစ်ဆေးတဲ့အခါမှာ positive သမားတွေ လည်းရှိမှာပေါ့ ဘယ်သူက အောင်ပွဲခံတဲ့အထဲ ပါတယ်၊မပါဘူးဆိုတာ ဆေးရုံကျတော့မသိဘူးလေ အဲ့ဒီလိုဖြစ်သွားတာပါ”လို့ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောင်ပွဲပြီးဆုံးသွားပြီဖြစ်ပေမယ့် Covid -19 ကို ထိန်းချုပ်နိုင်ဖို့ ပိုမိုတင်းကျပ်တဲ့ Stay Homeမျိုးကိုဖြစ်စေချင်ပါတယ်လို့လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ် ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက covid –…

Read More

ကိုယ်လုံးတီး ကခုန်နေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးက ယဉ်ကျေးစွာကဖို့ ပြောဆိုရာကနေ ခိုက်ရန်ဖြစ်ပွား

နိုဝင်ဘာ ၁၁-၂၀၂၀ မောင်တာရာ ၊ ကိုတိုးကြီး(VOM) စစ်ကိုင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ပါတီအောင်နိုင်ရေးအဖွဲ့ထဲမှာ ကိုယ်လုံးတီ ကခုန်နေတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ယဉ်ကျေးစွာကဖို့ ပြောဆိုရာကနေ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ပြီး လူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းကနေ သိရပါတယ်။ ကျောက်ဖြူရွာမှာနေတဲ့ စိုးထွန်းနိုင်၊အောင်မျိူးဦး၊မျိုးမင်းထက်၊မောင်လတ်၊ကိုဘီလုံး၊ကိုရွှေဘ နဲ့ ကျော်ဝင်းလှိုင်တို့ ဦးဆောင်တဲ့ လူစုလူဝေးအဖွဲ့က ကျေးရွာအတွင်းရှိ ဦးသိန်းဆောင်ရဲ့ နေအိမ်ရှေ့ကို ကားနဲ့ရောက်လာပြီး အဲ့ဒီအဖွဲ့ထဲကနေ (၃)ဦးက အောက်ပိုင်းအဝတ်မပါ ကိုယ်လုံးတီးနဲ့ ကခုန်နေတဲ့အတွက် ကျောက်ဖြူရွာအုပ်ချုပ်ရေးမှူး ဦးစောနိုင်အေး နဲ့ ပဒူရဲကင်းစခန်းမှူး ဒု-ရဲအုပ် ချမ်းလင်းအောင် နဲ့ အဖွဲ့က ယဉ်ကျေးစွာ ကခုန်ကြဖို့ နဲ့ ခိုက်ရန်မဖြစ်ပွားဖို့ ပြောဆိုခဲ့တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ”ဦးသိန်းဆောင်ရဲ့ အိမ်ရှေ့မှာ ဝတ်လစ်စလစ်က ကကြတာပေါ့ဗျာ၊ကျွန်တော်ကို လာတိုင်တာ၊ လာတိုင်တော့…

Read More

အန္တရာယ်ရှိနေတဲ့  အချိန်အခါကာလမှာ အပြင်ထွက်ပြီးတော့ လူစုလူဝေးနဲ့ ပျော်ပါးဖို့ဆိုတာက လုံးဝမလုပ်သင့်တဲ့ကိစ္စ

နိုဝင်ဘာ- ၁၁- ၂၀၂၀ ရှိုင်းအောင်(VOM)   “ အန္တရာယ်ရှိနေတဲ့  အချိန်အခါကာလမှာ အပြင်ထွက်ပြီးတော့ လူစုလူဝေးနဲ့ ပျော်ပါးဖို့ဆိုတာကလုံဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ Posotive ဖြစ်ပြီးတော့ လက္ခဏာပြတဲ့သူတွေပါသလို လက္ခဏာ မပြတဲ့သူတွေလည်း ပါနေနိုင်ပါတယ်။ သူတို့ကနေတဆင့် ကူးဆက်နိုင်ပါတယ်။” ဒေါက်တာခင်ခင်ကြီး   ကိုဗစ်အတည်ပြုလူနာ ၆ သောင်းကျော်နဲ့ သေဆုံးလူနာ ၁၅၀၀ နီးပါးရှိနေချိန် ရွေးကောက်ပွဲအကြိုကာလ၊ရွေးကောက်ပွဲနေ့၊ ရွေးကောက်ပွဲအပြီးကာလတွေမှာ လူစုလူဝေးတွေပြုလုပ်နေကြတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတချို့ဟာ စိုးရိမ်မှုတွေရှိနေပါတယ်။   ရွေးကောက်ပွဲကာလမှာ COVID-19 အတည်ပြုလူနာတွေ ဘယ်လောက်အတိုင်းအတာတိုးလာသလဲ၊  လက်ရှိမြန်မာနိုင်ငံရဲ့ COVID-19 ဒုတိယလှိုင်းဖြစ်ပေါ်နေတဲ့အချိန်မှာ ဒီရောဂါကို ထိန်းချုပ်ကာကွယ်ရာမှာဘယ်လိုအခက်အခဲတွေရှိနေသလဲ ဆိုတာတွေအပြင် မေးခွန်းတချို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်ကသီးသန့်ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။   ကိုရှိုင်းအောင် – ရွေးကောက်ပွဲကာလမှာ ကိုဗစ်အတည်ပြုလူနာ မြင့်တက်မှုနှုန်းနဲ့ သေဆုံးလူနာ…

Read More

အေအေကဖမ်းသွားတဲ့ NLD ကိုယ်စားလှယ်လောင်း ၃ ဦးကိစ္စ တစ်လနီးပါးကြာတဲ့အထိ သတင်းအစအန မရသေး

နိုဝင်ဘာ ၁၁-၂၀၂၀ ထက်အောင်စိုင်း(VOM) ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပမီ မဲဆွယ်ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း(၃)ဦးကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အေအေအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ထိ တစ်လနီးပါးကြာမြှင့်နေပြီးဖြစ်တဲ့အပြင် သူတို့ရဲ့အခြေအနေကို လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးဘူးလို့ NLDဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဖောင်းခါးကျေးရွာကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်ဖို့သွားချိန် ဖောင်းခါးကျွန်းပေါ်မှာ အေအေအဖွဲ့ဝင်(၄) ယောက်ခန့်က ဖမ်းဆီးသွားကြောင်းနဲ့ သူတို့(၃)ဦးကိုဖမ်းဆီးသွားချိန် အေအေအဖွဲ့ဝင်တွေက ရိုက်နှက်မှုတွေရှိတယ်လို့ မဲဆွယ်ရာမှာပါဝင်တဲ့ ဝန်းရံသူတစ်ဦးက မီဒီယာတွေကို ဖြေကြားထားတာဖြစ်ပါတယ်။ NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ အေအေဖက်က တောင်ကုတ်မြို့နယ်အတွင်း ဝင်ရောက်ယာဉ်ပြိုင်မယ့် NLDပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး အဲ့ဒီကိုယ်စားလှယ်လောင်း ၃ ဦးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့…

Read More

ဖားကန့်မြို့နယ်မှာ လူငယ်တဦး မီးရှို့သတ်ဖြတ်ခံရ

နိုဝင်ဘာ ၁၁-၂၀၂၀ ဇော်မိုးထက်(VOM) ဖားကန့်မြို့နယ်၊ လယ်ပြင်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက လူငယ်တဦး မီးရှို့ပြီးသတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ လယ်ပြင်ကျေးရွာတာဝန်ခံရဲ့ပြောပြချက်အရ သိရပါတယ် ။ မီးရှို့ပြီးအသတ်ခံရသူဟာ လယ်ပြင်ကျေးရွာ၊ ကုက္ကိုတန်းရပ်ကွက် (၁)မှာ နေထိုင်သူ နောနော် အသက်(၁၈) နှစ်ဖြစ်ပြီး ကြက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်တယ်လို့ လယ်ပြင်ကျေးရွာတာဝန်ခံက ပြောပါတယ်။ လယ်ပြင်ကျေးရွာအနီး ဆွတ်အိမ်ယန်ရွာဆိုင်းဘုတ်နဲ့ ကိုက်တရာခန့်အကွာ ဦးတူးခေါင်ရဲ့ တောင်ယာခြံဝန်းထဲမှာ အသတ်ခံရတာဖြစ်ပြီး မူးယစ်ဆေးဝါး အများအပြားရောင်းဝယ်ဖောက်ကားရာ နေရာကိုသွားတဲ့ လမ်းအနီးမှာ သတ်ဖြတ်ခံထားရတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ” မူးယစ်ဆေးရောင်းတဲ့ အခန်းတွေကို သွားတဲ့လမ်းဘေးမှာ အလောင်းကိုရေမဆေးသမားတွေ မူးယစ်ဆေးသမားတွေ စတွေ့တာ ၊မီးရှို့ထားတာ ရုပ်ကမသဲကွဲတော့ဘူး”လို့ မျက်မြင်တွေ့ရှိသူ ဆွတ်အိမ်ယန် ရွာသားတဦးက ပြောပါတယ်။ သေဆုံးသူ နေနော်တို့မိသားစုဟာ မိုးကောင်းမြို့၊ ကျွန်းတောဇာတိတွေဖြစ်တယ်လို့သိရပြီး လယ်ပြင်ကျေးရွာ ရပ်ကွက်(၁)မှာ အမဖြစ်သူတွေနဲ့နေထိုင်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ် ။…

Read More

ရွေးကောက်ပွဲအရှုံးကို ဝန်ခံဖို့ ဒေါ်နယ်ထရန့် ငြင်းဆန်မှု ရှက်စရာဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၁၁-၂၀၂၀ မျိုးဆက် (VOM) လွန်ခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတယ်ဆိုတာ ဝန်ခံဖို့ ဒေါ်နယ်ထရန့်ရဲ့ ငြင်းဆန်မှုဟာ ရှက်စရာဖြစ်တယ်လို့ ရွေးကောက်ပွဲအနိုင်ရရှိသူ ဂျိုးဘိုင်ဒန်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီလိုငြင်းဆန်နေပေမယ့်လည်း အာဏာလွှွဲပြောင်းရယူရေးကို တားဆီးနိုင်မဟုတ်ဘူးလို့ သမ္မတအဖြစ် ရွေးချယ်ခံရသူ ဂျိုးဘိုင်ဒန်က နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းဆက်သွယ်ပြောဆိုရာမှာ အခိုင်အမာပြောဆိုပါတယ်။ အဓိကရုပ်သံဌာနကြီးတွေက ထရန့်ရှုံးနိမ့်သွားပြီလို့ ထုတ်ဖော်ရေးသားထားတဲ့ ရွေးကောက်ပွဲ နောက်ဆုံးအချိန်မှာတော့ သူသာအနိုင်ရမယ်လို့ ဒေါ်နယ်ထရန့်က ဒီအတောအတွင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းကို ဝန်ခံဖို့ ဒေါ်နယ်ထရန့်ရဲ့ ငြင်းဆန်မှုဟာ ပွင့်ပွင့်လင်းလင်းပြောရပါက ရှက်စရာကောင်းတယ်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဂျိုးဘိုင်ဒန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်နယ်တစ်ခုချင်းစီးအလိုက် ရလဒ်တွေကို အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဆန္ဒမဲအချို့မှာ ရေတွက်နေဆဲဖြစ်ပြီး တရားဝင်ရလဒ်ဟာ ဒီဇင်ဘာ ၁၄ ရက်မှာ ပြည်နယ်ကိုယ်စားပြုမဲတွေထုတ်ပြန်ပြီးမှသာ သိနိုင်မှာဖြစ်ပါတယ်။ Ref :…

Read More

ကန်ကြီးထောင့်မှာ NLDပါတီဝင်တစ်ဦး ခဲနဲ့ထုသတ်ခံရ

နိုဝင်ဘာ ၁၁-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာမှာ မနေ့ နိုဝင်ဘာ ၁၀ရက်နေ့ညပိုင်းက NLDပါတီအောင်ပွဲခံနေတဲ့ ပါတီဝင်ရွာသားတစ်ဦး ခဲနဲ့ထုသတ်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ NLDပါတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ဇင်ဖြိုးဖြစ်ပြီး ရန်ညှိးမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူ မထက်ထက်ထွန်းကပြောပါတယ်။ ” သတ်သွားတဲ့သူက ပါတီအောင်ပွဲခံလို့ ထမင်းစားနေချိန် အပြင်ကိုခေါ်ထုတ်ပြီး ကျောက်ခဲနဲ့ထုသတ်ခဲ့တာ၊ ဘုန်း ဆိုတဲ့အသံကြားလို့ လိုက်ကြည့်တော့ သူက အပေါ်ကခွပြီး ကြံ့ခိုင်ရေးကွလို့ ဆိုပြီး ခဲနဲ့ထုနေတာတွေ့တယ်”လို့ မျက်မြင်တွေ့ရှိသူ ဒေါ်သန်းမော်ကပြောပါတယ်။ လူသတ်မှုကျူးလွန်သူဟာ တစ်ရွာထဲနေတဲ့ မင်းထင်ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ကဖမ်းဆီးထားတယ်လို့သိရပါတယ်။ အခင်းဖြစ်တဲ့ညပိုင်းက မင်းထင်ဆိုသူအပြင် အခြားသူ၂ဦးလည်း ပါဝင်နေသေးတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ “သတ်တဲ့ကောင်လေးက အလုပ်မယ်မယ်ရရတော့မရှိဘူး၊ အဲ့ဒီ အောင်ပွဲခံလို့ထမင်းချက်စားတဲ့နေရာနားက အရက်ဆိုင်မှာ အရက်သောက်နေတာ၊ သူက ရွေးကောက်ပွဲတုန်းက ပါတီတစ်ခုဝန်းရံသူပါ”လို့ မျက်မြင်သက်သေဒေါ်အုန်းမြကပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့…

Read More

အဖေဖြစ်သူကိုသေနတ်နဲ့ပစ်တဲ့ အကိုဖြစ်သူကို ညီဖြစ်သူက တူရွင်းပြားနဲ့ ရိုက်သတ်

နိုဝင်ဘာ ၁၁-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆားတွင်းကြီး သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော၊ အင်းမအုပ်စု၊ ပင်းတဲကျေးရွာ၊ ပဲစင်အိုင်တောတိုက်မှာ မနေ့ နိုဝင်ဘာ ၁၀ရက်နေ့ညပိုင်းက အဖေဖြစ်သူကို သေနတ်နဲ့ဖြစ်ခဲ့တဲ့ အကိုဖြစ်သူကို ညီဖြစ်သူကိုယ်တိုင်က တူရွင်းပြားနဲ့ရိုက်သတ်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့မရဲစခန်းကနေ သိရပါတယ်။ ” အဖေကို သားဖြစ်သူက သေနတ်နဲ့ပစ်တာကြောင့် ညီဖြစ်သူက သေနတ်နဲ့ပစ်တဲ့ အစ်ကိုဖြစ်သူကို ရိုက်သတ်လိုက်တာပါ၊ အမှုဖွင့်ထားပါတယ်၊ ရဲစခန်း (ပ)၂၁၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂အရဖြစ်တယ် “လို့ ကန့်ဘလူမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်တာကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးတဲ့အခါ သေဆုံးနေသူ ကိုမြင့်အောင်ဟာ တဲပိုင်ရှင် ဦးရွှေဆိုသူရဲ့ သားအကြီးဆုံးဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်း တဲနဲ့ ပေ ၇၀ ခန့်အကွာနေရာမှာ ဖခင်ဖြစ်သူ ဦးရွှေမြက်ပေါက်နေတဲ့အချိန် သေဆုံးသွားသူ မြင့်အောင်က အဖေဖြစ်သူကို…

Read More
VOM News

FREE
VIEW