အန္တရာယ်ရှိနေတဲ့  အချိန်အခါကာလမှာ အပြင်ထွက်ပြီးတော့ လူစုလူဝေးနဲ့ ပျော်ပါးဖို့ဆိုတာက လုံးဝမလုပ်သင့်တဲ့ကိစ္စ

နိုဝင်ဘာ- ၁၁- ၂၀၂၀

ရှိုင်းအောင်(VOM)

 

အန္တရာယ်ရှိနေတဲ့  အချိန်အခါကာလမှာ အပြင်ထွက်ပြီးတော့ လူစုလူဝေးနဲ့ ပျော်ပါးဖို့ဆိုတာကလုံဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ Posotive ဖြစ်ပြီးတော့ လက္ခဏာပြတဲ့သူတွေပါသလို လက္ခဏာ မပြတဲ့သူတွေလည်း ပါနေနိုင်ပါတယ်။ သူတို့ကနေတဆင့် ကူးဆက်နိုင်ပါတယ်။” ဒေါက်တာခင်ခင်ကြီး

 

ကိုဗစ်အတည်ပြုလူနာ ၆ သောင်းကျော်နဲ့ သေဆုံးလူနာ ၁၅၀၀ နီးပါးရှိနေချိန် ရွေးကောက်ပွဲအကြိုကာလ၊ရွေးကောက်ပွဲနေ့၊ ရွေးကောက်ပွဲအပြီးကာလတွေမှာ လူစုလူဝေးတွေပြုလုပ်နေကြတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတချို့ဟာ စိုးရိမ်မှုတွေရှိနေပါတယ်။

 

ရွေးကောက်ပွဲကာလမှာ COVID-19 အတည်ပြုလူနာတွေ ဘယ်လောက်အတိုင်းအတာတိုးလာသလဲ၊  လက်ရှိမြန်မာနိုင်ငံရဲ့ COVID-19 ဒုတိယလှိုင်းဖြစ်ပေါ်နေတဲ့အချိန်မှာ ဒီရောဂါကို ထိန်းချုပ်ကာကွယ်ရာမှာဘယ်လိုအခက်အခဲတွေရှိနေသလဲ ဆိုတာတွေအပြင် မေးခွန်းတချို့ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကို VOM သတင်းထောက် ကိုရှိုင်းအောင်ကသီးသန့်ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

 

ကိုရှိုင်းအောင် – ရွေးကောက်ပွဲကာလမှာ ကိုဗစ်အတည်ပြုလူနာ မြင့်တက်မှုနှုန်းနဲ့ သေဆုံးလူနာ မြင့်တက်မှုအခြေအနေတွေကို သိပါရစေ။

 

ဒေါက်တာခင်ခင်ကြီး လက်ရှိမှာတော့ COVID-19 Positive မြင့်တက်မှုနှုန်းရော သေဆုံးမှုက ထူးခြားပြီးတော့ တက်လာတာ မရှိပါဘူး။ ဒီရွေးကောက်ပွဲက (Immediately Post Election)ရွေးကောက်ပွဲ ပြီးပြီးချင်းကာလ ဖြစ်နေတဲ့ကြောင့် ပိုးတွေ့တဲ့နှုန်းရော သေဆုံးတဲ့နှုန်းရော ဒါကတော့ ထူးခြားပြောင်းလဲမှုတော့ ရှိမနေပါဘူး၊ Election ကာလာမှာရော အစစအရာရာ တစ်ယောက်ဆီတိုင်းမှာ ဘေးအန္တရာယ်ကင်းစွာ မဲပေးနိုင်ဖို့ ဒါတွေကလည်း အသေးစိတ် စနစ်တကျ အသေချာဆောင်ရွက်ထားတာဖြစ်ပါတယ်၊ ဆောင်ရွက်ရတဲ့ရည်ရွယ်ချက်ကိုက လူတိုင်းလူတိုင်း မဲပေးတဲ့အခါမှာ စိတ်ချလုံခြုံစွာနဲ့ မဲပေးနိုင်ဖို့၊ မဲပေးတဲ့ဖြစ်စဉ်ကြောင့်ကိုဗစ်ရောဂါ ကူးဆက်ပြန့်ပွားမှုနှုန်းတွေ မဆိုးရွားစေဖို့ ရည်ရွယ်ပါတယ်။ Election က အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်တယ်လို့ ပြောလို့ရပါတယ်။ တချို့နေရာတွေမှာကတော့ မဲပေးတဲ့သူတွေက ဆန္ဒစောပြီးတော့ အစောကြီးရောက်ပြီးတော့ ၄ နာရီထိုးမှ ပိတ်မယ်ဆိုတာတော့ သိတယ်။ စောစောပေးမယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သွားတဲ့အခါကျတော့ Social Distancing တစ်ယောက်နဲ့ တစ်ယောက် ၆ ပေမခွာတဲ့ကိစ္စတွေဖြစ်သွားတယ်ဆိုတာတော့ သိရပါတယ်။ အကုန်လုံးက မက်စ်တပ်ထားတယ်၊ လက်ဆေးကြတဲ့ အတွက်ကြောင့် ရောဂါကူးဆက်နိုင်ဖို့က ပိုပြီးဆိုးလာနိုင်စရာ အကြောင်းမရှိပါဘူး။ သို့သော် မဲပေးပြီးတဲ့ဖြစ်စဉ်နောက်ပိုင်းမှာတော့ ပြည်သူလူထုအနေနဲ့ အောင်ပွဲခံတယ်၊ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံတယ် ဒါကတော့လူတွေရဲ့ စိတ်သဘောကိုက ချုပ်တည်းထားရတာ ကြာတော့ကြတော့ ပျော်ချင်တယ်၊ ပါးချင်တယ်၊ သူတို့ရဲ့ဝမ်းမြောက်ဝမ်းသာမှုကို ဖော်ပြချင်တယ်။ အန္တရာယ်ရှိနေတဲ့  အချိန်အခါကာလမှာ အပြင်ထွက်ပြီးတော့လူစုလူဝေးနဲ့ ပျော်ပါးဖို့ဆိုတာက လုံဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ Posotive ဖြစ်ပြီးတော့ လက္ခဏာပြတဲ့သူတွေပါသလို လက္ခဏာ မပြတဲ့သူတွေလည်း ပါနေနိုင်ပါတယ်။ သူတို့ကနေတဆင့် ကူးဆက်နိုင်ပါတယ်။ အခုလက်ရှိအနေအထားရဆိုရင် ကူးဆက်မှုတွေရဲ့ ၈၀ရာခိုင်နှုန်းဟာ ၅ ရာခိုင်နှုန်းသောလူတွေကနေ တဆင့်ကူးဆက်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိထားပြီးပြီလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ၅၁ သန်းခွဲလောက် ရှိနေပြီးတော့ သေဆုံးတဲ့သူဟာဆိုရင်တော့၁၂ သိန်းနဲ့ ၇ သောင်းလောက်ရှိနေပါပြီ။ တစ်ကမ္ဘာလုံးအနေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီတစ်ပတ်က အရင်ပတ်ကစာရင် ရောဂါဖြစ်ပွားမှုနှုန်း ၈ ရာခိုင်နှုန်းတက်ပါတယ်၊ သေဆုံးမှုနှုန်း ၂၁ ရာခိုင်နှုန်း တက်ပါတယ်။

 

ကိုရှိုင်းအောင် – ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ချက်တစ်ခုထုတ်ထားတာကို တွေ့ရပါတယ်။ပြည်သူတွေအနေနဲ့လည်း လိုက်နာမှုအားနည်းတာကို တွေ့ရပါတယ်။ အဲ့ဒါတွေက ဘာကြောင့်လို့ထင်ပါသလဲ၊ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့်လို့ ထင်လား။ ဆရာမတို့ အနေနဲ့ရော ဘာတွေအခက်အခဲရှိလဲ။

 

ဒေါက်တာခင်ခင်ကြီး – အမိန့်ကြော်ငြာစာတွေ ဥပဒေတွေထုတ်ပြန်ပြီဆိုရင် ဒီဥပဒေတွေကို လိုက်နာရမှာက နိုင်ငံ့တာဝန်ကျေပွန်တဲ့ နိုင်ငံသားကောင်း တစ်ယောက်ဆီ တစ်ယောက်ဆီတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီဥပဒေတွေဟာ လိုအပ်လို့သာ ထုတ်ပြန်တာဖြစ်ပါတယ်။ မလိုအပ်ပဲ ထုတ်ပြန်တဲ့ ဥပဒေမရှိပါဘူး။ ဒါဆိုရင်ဘယ်သူ့အတွက် ထုတ်ပြန်တာလဲ ပြည်သူတွေအတွက်ဖြစ်ပါတယ်၊ ဘယ်သူ့ အကျိုးစီးပွားအတွက်လည်းပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်ဖြစ်ပါတယ်။ သူတို့တွေ ရောဂါကူးဆက်မှုတွေ ဖြစ်သွားပြီဆိုရင် အိမ်မှာရှိတဲ့ မဘတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေ ဖြစ်ပြီဆိုရင် သူတို့တွေရဲ့ ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းဟာဆိုရင် တော်တော်ကြီးကို ဆိုးရွားတဲ့ အခြေအနေရှိနေပါတယ်။ ဒီရောဂါဖြစ်ပြီးရင်တောင်မှာ သူ့ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာ အများကြီးရှိနေပါသေးတယ်၊ ဆက်ခံစားနိုင်ပါသေးတယ်။ ဒါကြောင့်မို့ အဲ့ဒီရောဂါတွေနဲ့လည်း ဆေးရုံထပ်တက်နိုင်ရပါတယ်။ ပေါ့လို့ မရပါဘူး။ တစ်ယောက်ဆီ တစ်ယောက်ဆီတိုင်းဟာ ရောဂါပိုး မဖြစ်အောင် နေထိုင်ခြင်းသည်သာလျှင် ကိုယ့်ရဲ့နိုင်ငံနဲ့ ကိုယ်ရဲ့ အစိုးရ ကိုယ်ကိုယ်တိုင်ပါဝင်ပြီး ကိုယ့်ပြည်သူလူထုအတွက် အကောင်းဆုံတာဝန်ကျေတဲ့ နိုင်ငံသားကောင်းဖြစ်ပါတယ်။ ကျမတို့အနေနဲ့အရေးယူနေရတဲ့ အခြေအနေတွေက မလွှဲသာမှ ဆောင်ရွက်နေတာက ဒါနိုင်ငံတော် အကြီးအကဲတွေရဲ့စေတနာဖြစ်ပါတယ်။ သို့သော် ဘယ်လိုမှကို ပြောမရ ဆိုမရ အခြေအနေအခါမှာသာ ဒါ အရေးယူတာဖြစ်ပါတယ်။ အရေးယူဖို့ဆိုတာက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အနေနဲ့  ဒီဥပဒေလည်းရှိနေပြီးတဲ့ အခါမှာ ကြပ်ကြပ်မတ်မတ် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေ၊ ဒါမှမဟုတ်ရင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူလို့ရပါတယ်။ သေသေချာချာ ကြပ်ကြပ်မတ်မတ်နဲ့စံပြအနေနဲ့ အရေးယူဆောင်ရွက်လိုက်မယ်ဆိုရင် ပိုပြီးတော့ လူတွေအနေ့ ပိုပြီးတော့ ထိန်းလာနိုင်ပါတယ်။ကျမအနေနဲ့တော့ ဒီနည်းလမ်းကို မသုံးစေချင်ပါဘူး။

 

ကိုရှိုင်းအောင် – အနောက်နိုင်ငံတွေမှာဆိုရင် ကိုဗစ် တတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီဆိုတော့ ကျတော်တို့နိုင်ငံမှာဆိုရင် ဆရာမတို့ရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၆ သောင်းကျော်နဲ့ သေဆုံးလူတာ ၁၄၀၀ ကျော်လာပြီလည်းဖြစ်တဲ့အတွက်ကြောင့် ကျတော်တို့နိုင်ငံအတွက်ကိုရော ဘာပြင်ဆင်မှုတွေလုပ်ထားပါသလဲ။

 

ဒေါ်ခင်ခင်ကြီး – ကျမတို့နိုင်ငံမှာတော့ ဒုတိယလှိုင်းက မပြီးသေးပါဘူး။ ဒုတိယလှိုင်းက အခုမှ ထိပ်မှာတန့်နေတုန်းပဲရှိပါသေးတယ်။ ကူးဆက်ရောဂါရဲ့ သဘာဝကိုက တက်တယ်၊ တက်ပြီးရင်ဗြုန်းဆိုပြီးတော့ကျတာမျိုးမဟုတ်ဘူး၊ ခေါင်းလောင်းလေးလို ပုံစံဖြစ်ပါတယ်။ တက်ပြီးရင်လည်း အမြန်တက်တယ်သူကအရမ်းမြန်တယ် ပြီးရင်လည်းသူက ထိပ်မှာ အရမ်းကြာနေတတ်တယ်။ ဘယ်လောက်ထိအောင်ကြာမလဲဘယ်တော့မှ ကျ မယ်ဆိုတာကလည်း တစ်ယောက်ဆီ တစ်ယောက်ဆီရဲ့ ပြည်သူလူထု စည်းကမ်းလိုက်နာမှု၊သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ စည်းကမ်းကို ထိန်းကျောင်းမှု ဒါမျိုးတွေအပေါ်မှာလည်းအများကြီးမူတည်နေတာဖြစ်ပါတယ်။ တစ်ချို့နိုင်ငံ ဥရောပနိုင်ငံတွေမှာဆိုရင်လည်း တတိယလှိုင်းတွေစနေပြီဆိုတော့ ပေါ့ဆလို့မရတဲ့ အနေအထားတစ်ခုရှိနေပါတယ်။ ဒါကြောင့် ကျမတို့ နိုင်ငံမှာ အခုဆိုရင်သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း သက်ဆိုင်ရာတိုင်းနည်းပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနမှူးတွေကို ရောဂါဖြစ်ပွားမှုတွေကို စောစောစီးစီး ထောက်လှမ်းနိုင်ဖို့ သူတို့နဲ့ ချိတ်ဆက်တဲ့သူတွေကို  အမြန်ဆုံးလိုက်နိုင်ဖို့ သူတို့တွေကို Isolulation ထားပြီး လိုအပ်တဲ့ ကုသမှုတွေပေးဖို့ စသဖြင့် ဒါမျိုးတွေလည်းကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့အတွက် မှာကြားပြီးဖြစ်ပါတယ်။ လက်ရှိအနေအထားအရဆိုရင်လည်းကာကွယ်ဆေးရရှိနိုင်ဖို့ သူများနိုင်ငံမှာ ရတဲ့အချိန်မှာလည်း ကိုယ်နိုင်ငံကလည်း ရရှိနိုင်ဖို့အသေးစိပ်စီစဉ်ဆောင်ရွက်နေပါတယ်။

 

ကိုရှိုင်းအောင်- ဆရာမ ဟိုတလောလေး ကျနော်နဲ့ အင်တာဗျူးတုန်းက ပြောခဲ့သလိုဘဲ ကျန်းမာရေးဝန်ထမ်း‌တွေ Positive ဖြစ်နေတဲ့ကြားမှာတောင် လူနာလို မနေရဘဲ Positive လူနာတွေကို ပြန်ကုပေးနေရတဲ့အခြေအနေမျိုးတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေလည်း ပင်ပန်းနေမယ်ထင်ပါတယ် ၊ အဲဒီလိုအခြေအနေမျိုးတွေကို ထိန်းချုပ်နိုင်အောင် ဘယ်လိုစိတ်စွမ်းအင်ဖြည့်ပြီး တောင့်ခံနေကြပါသလဲဆိုတာ သိချင်ပါတယ်။

 

ဒေါ်ခင်ခင်ကြီး– ကျန်းမာရေးဂန်ထမ်းတွေကတော့ နဂိုကတည်းကိုက ဆရာဝန်ရော သူနာပြုတွေရော ၊ ကျန်းမာရေးဝန်ထမ်းတွေရော တာဝန် ပြီးတော့ အစွမ်းကုန်ကုသပေးနေပါတယ်။  လူနာတွေကိုလည်း ကိုယ့်မိသားစုသဖွယ် သဘောထားမယ် သစ္စာဆိုခဲ့ရပါတယ်။ ဒီလိုအခြေအနေကိုမှ ကျမတို့က လူနာတွေကို စွန့်ပစ်ပြီးတော့ မှ ထွက်သွားမှာမဟုတ်ပါဘူး၊ အတတ်နိုင်ဆုံး အစွမ်းကုန်လုပ်မှာ၊ အစွမ်းကုန်ဆိုတဲ့အခါမှာ အတိုင်းအတာ အကန့်အသတ်တွေရှိပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ထိန်ကျောင်းပြီးတော့ နေဖို့က အရေးကြီးပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အကောင်းဆုံးတောင့်ခံပြီး လုပ်ပေးနေသော်လည်း လူနာများလာတဲ့အခါမှာ လူနာတွေကို တစ်ယောက်ဆီ အသေးစိပ်ကို Care လုပ်ပေးဖို့ဆိုတာလည်း ခဲယဉ်းမှာဖြစ်ပါတယ် ။ ဒါက ကြိုပြီးတော့ မျှော်မှန်းကြည့်တာပါ။ အခုလက်ရှိသေဆုံးမှုက အတိုင်းအတာတစ်ခုတော့ တစ်ဖြည်းဖြည်း နည်းလာတဲ့အခြေအနေရှိပါတယ် ။ သို့သော် ရောဂါဖြစ်ပွားမှုတွေ  မြင့်တက်နေတာကြောင့် ရောဂါဖြစ်ပွားတဲ့ထဲမှာ အသက်ကြီးတဲ့သူတွေ ပါလာခဲ့မယ်ဆိုရင် သေဆုံးမှုက များလာမှာဖြစ်ပါတယ်။ ကိုယ်ရဲ့ မိသားစုတွေ ၊ ကိုယ်ကိုယ်တိုင် မပါဝင်ဖို့ဆိုရင် တစ်ယောက်ဆီ တစ်ယောက်ဆီတိုင်းမှာ ကိုယ့်ရဲ့ တာဝန်သိမှုနဲ့ပဲ ဆိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ သူ့ရဲ့ နားရက်တွေတောင်မှ မနားပဲနဲ့ အဝေးပြေးကားဆရာတွေကို Swab ယူပေးတာ စစ်ဆေးပေးတာ လုပ်နေပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေက လူတွေပါ စက်ရုပ်တွေ မဟုတ်ပါဘူး။ သူတို့လည်း ခံစားတတ်ပါတယ် ။ သူတို့လည်း ဆာလောင်တတ်ပါတယ် ။ သူတို့အဲ့ဒါကြောင့်မို့ သူတို့ကို စာနာပေးဖို့ နားလည်ပေးဖို့ လိုပါတယ် ။

#voiceofmyanmar #VOM #ဒေါက်တာခင်ခင်ကြီး #ကိုဗစ်

zawgyi

အႏၲရာယ္ရွိေနတဲ့ အခ်ိန္အခါကာလမွာ အျပင္ထြက္ၿပီးေတာ့ လူစုလူေဝးနဲ႔ ေပ်ာ္ပါးဖို႔ဆိုတာက လုံးဝမလုပ္သင့္တဲ့ကိစၥ

ႏိုဝင္ဘာ- ၁၁- ၂၀၂၀
ရႈိင္းေအာင္(VOM)

“ အႏၲရာယ္ရွိေနတဲ့ အခ်ိန္အခါကာလမွာ အျပင္ထြက္ၿပီးေတာ့ လူစုလူေဝးနဲ႔ ေပ်ာ္ပါးဖို႔ဆိုတာက လုံဝမလုပ္သင့္တဲ့ကိစၥျဖစ္ပါတယ္။အလြန္အႏၲရာယ္ရွိတဲ့ အေျခအေနျဖစ္ပါတယ္။ Posotive ျဖစ္ၿပီးေတာ့ လကၡဏာျပတဲ့သူေတြပါသလို လကၡဏာ မျပတဲ့သူေတြလည္း ပါေနႏိုင္ပါတယ္။ သူတို႔ကေနတဆင့္ ကူးဆက္ႏိုင္ပါတယ္။” ေဒါက္တာခင္ခင္ႀကီး

ကိုဗစ္အတည္ျပဳလူနာ ၆ ေသာင္းေက်ာ္နဲ႔ ေသဆုံးလူနာ ၁၅၀၀ နီးပါးရွိေနခ်ိန္ ေ႐ြးေကာက္ပြဲအႀကိဳကာလ၊ ေ႐ြးေကာက္ပြဲေန႔၊ ေ႐ြးေကာက္ပြဲအၿပီးကာလေတြမွာ လူစုလူေဝးေတြျပဳလုပ္ေနၾကတဲ့အတြက္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ျပည္သူတခ်ိဳ႕ဟာ စိုးရိမ္မႈေတြရွိေနပါတယ္။

ေ႐ြးေကာက္ပြဲကာလမွာ COVID-19 အတည္ျပဳလူနာေတြ ဘယ္ေလာက္အတိုင္းအတာတိုးလာသလဲ၊ လက္ရွိျမန္မာႏိုင္ငံရဲ႕ COVID-19 ဒုတိယလႈိင္းျဖစ္ေပၚေနတဲ့အခ်ိန္မွာ ဒီေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ရာမွာ ဘယ္လိုအခက္အခဲေတြရွိေနသလဲ ဆိုတာေတြအျပင္ ေမးခြန္းတခ်ိဳ႕ကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉး၊ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခင္ခင္ႀကီးကို VOM သတင္းေထာက္ ကိုရႈိင္းေအာင္က သီးသန႔္ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

ကိုရႈိင္းေအာင္ – ေ႐ြးေကာက္ပြဲကာလမွာ ကိုဗစ္အတည္ျပဳလူနာ ျမင့္တက္မႈႏႈန္းနဲ႔ ေသဆုံးလူနာ ျမင့္တက္မႈအေျခအေနေတြကို သိပါရေစ။

ေဒါက္တာခင္ခင္ႀကီး – လက္ရွိမွာေတာ့ COVID-19 Positive ျမင့္တက္မႈႏႈန္းေရာ ေသဆုံးမႈက ထူးျခားၿပီးေတာ့ တက္လာတာ မရွိပါဘူး။ ဒီေ႐ြးေကာက္ပြဲက (Immediately Post Election)ေ႐ြးေကာက္ပြဲ ၿပီးၿပီးခ်င္းကာလ ျဖစ္ေနတဲ့ေၾကာင့္ ပိုးေတြ႕တဲ့ႏႈန္းေရာ ေသဆုံးတဲ့ႏႈန္းေရာ ဒါကေတာ့ ထူးျခားေျပာင္းလဲမႈေတာ့ ရွိမေနပါဘူး၊ Election ကာလာမွာေရာ အစစအရာရာ တစ္ေယာက္ဆီတိုင္းမွာ ေဘးအႏၲရာယ္ကင္းစြာ မဲေပးႏိုင္ဖို႔ ဒါေတြကလည္း အေသးစိတ္ စနစ္တက် အေသခ်ာေဆာင္႐ြက္ထားတာျဖစ္ပါတယ္၊ ေဆာင္႐ြက္ရတဲ့ရည္႐ြယ္ခ်က္ကိုက လူတိုင္းလူတိုင္း မဲေပးတဲ့အခါမွာ စိတ္ခ်လုံၿခဳံစြာနဲ႔ မဲေပးႏိုင္ဖို႔၊ မဲေပးတဲ့ျဖစ္စဥ္ေၾကာင့္ ကိုဗစ္ေရာဂါ ကူးဆက္ျပန႔္ပြားမႈႏႈန္းေတြ မဆိုး႐ြားေစဖို႔ ရည္႐ြယ္ပါတယ္။ Election က ေအာင္ေအာင္ျမင္ျမင္နဲ႔ လုပ္ေဆာင္ႏိုင္တယ္လို႔ ေျပာလို႔ရပါတယ္။ တခ်ိဳ႕ေနရာေတြမွာကေတာ့ မဲေပးတဲ့သူေတြက ဆႏၵေစာၿပီးေတာ့ အေစာႀကီးေရာက္ၿပီးေတာ့ ၄ နာရီထိုးမွ ပိတ္မယ္ဆိုတာေတာ့ သိတယ္။ ေစာေစာေပးမယ္ဆိုတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔သြားတဲ့အခါက်ေတာ့ Social Distancing တစ္ေယာက္နဲ႔ တစ္ေယာက္ ၆ ေပမခြာတဲ့ကိစၥေတြျဖစ္သြားတယ္ဆိုတာေတာ့ သိရပါတယ္။ အကုန္လုံးက မက္စ္တပ္ထားတယ္၊ လက္ေဆးၾကတဲ့ အတြက္ေၾကာင့္ ေရာဂါကူးဆက္ႏိုင္ဖို႔က ပိုၿပီးဆိုးလာႏိုင္စရာ အေၾကာင္းမရွိပါဘူး။ သို႔ေသာ္ မဲေပးၿပီးတဲ့ျဖစ္စဥ္ေနာက္ပိုင္းမွာေတာ့ ျပည္သူလူထုအေနနဲ႔ ေအာင္ပြဲခံတယ္၊ ဝမ္းေျမာက္ဝမ္းသာ ေအာင္ပြဲခံတယ္ ဒါကေတာ့ လူေတြရဲ႕ စိတ္သေဘာကိုက ခ်ဳပ္တည္းထားရတာ ၾကာေတာ့ၾကေတာ့ ေပ်ာ္ခ်င္တယ္၊ ပါးခ်င္တယ္၊ သူတို႔ရဲ႕ ဝမ္းေျမာက္ဝမ္းသာမႈကို ေဖာ္ျပခ်င္တယ္။ အႏၲရာယ္ရွိေနတဲ့ အခ်ိန္အခါကာလမွာ အျပင္ထြက္ၿပီးေတာ့ လူစုလူေဝးနဲ႔ ေပ်ာ္ပါးဖို႔ဆိုတာက လုံဝမလုပ္သင့္တဲ့ကိစၥျဖစ္ပါတယ္။အလြန္အႏၲရာယ္ရွိတဲ့ အေျခအေနျဖစ္ပါတယ္။ Posotive ျဖစ္ၿပီးေတာ့ လကၡဏာျပတဲ့သူေတြပါသလို လကၡဏာ မျပတဲ့သူေတြလည္း ပါေနႏိုင္ပါတယ္။ သူတို႔ကေနတဆင့္ ကူးဆက္ႏိုင္ပါတယ္။ အခုလက္ရွိအေနအထားရဆိုရင္ ကူးဆက္မႈေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းဟာ ၅ ရာခိုင္ႏႈန္းေသာလူေတြကေန တဆင့္ကူးဆက္တယ္ဆိုတဲ့ အေထာက္အထားေတြ ေတြ႕ရွိထားၿပီးၿပီလည္း ျဖစ္ပါတယ္။ ကမာၻေပၚမွာ ၅၁ သန္းခြဲေလာက္ ရွိေနၿပီးေတာ့ ေသဆုံးတဲ့သူဟာဆိုရင္ေတာ့ ၁၂ သိန္းနဲ႔ ၇ ေသာင္းေလာက္ရွိေနပါၿပီ။ တစ္ကမာၻလုံးအေနနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ဒီတစ္ပတ္က အရင္ပတ္ကစာရင္ ေရာဂါျဖစ္ပြားမႈႏႈန္း ၈ ရာခိုင္ႏႈန္းတက္ပါတယ္၊ ေသဆုံးမႈႏႈန္း ၂၁ ရာခိုင္ႏႈန္း တက္ပါတယ္။

ကိုရႈိင္းေအာင္ – က်န္းမာေရးဝန္ႀကီးဌာနက မေန႔က ထုတ္ျပန္ခ်က္တစ္ခုထုတ္ထားတာကို ေတြ႕ရပါတယ္။ ျပည္သူေတြအေနနဲ႔လည္း လိုက္နာမႈအားနည္းတာကို ေတြ႕ရပါတယ္။ အဲ့ဒါေတြက ဘာေၾကာင့္လို႔ထင္ပါသလဲ၊ ဥပေဒေတြရဲ႕ အားနည္းခ်က္ေၾကာင့္လို႔ ထင္လား။ ဆရာမတို႔ အေနနဲ႔ေရာ ဘာေတြအခက္အခဲရွိလဲ။

ေဒါက္တာခင္ခင္ႀကီး – အမိန႔္ေၾကာ္ျငာစာေတြ ဥပေဒေတြထုတ္ျပန္ၿပီဆိုရင္ ဒီဥပေဒေတြကို လိုက္နာရမွာက ႏိုင္ငံ့တာဝန္ေက်ပြန္တဲ့ ႏိုင္ငံသားေကာင္း တစ္ေယာက္ဆီ တစ္ေယာက္ဆီတိုင္းမွာ တာဝန္ရွိပါတယ္။ ဒီဥပေဒေတြဟာ လိုအပ္လို႔သာ ထုတ္ျပန္တာျဖစ္ပါတယ္။ မလိုအပ္ပဲ ထုတ္ျပန္တဲ့ ဥပေဒမရွိပါဘူး။ ဒါဆိုရင္ ဘယ္သူ႔အတြက္ ထုတ္ျပန္တာလဲ ျပည္သူေတြအတြက္ျဖစ္ပါတယ္၊ ဘယ္သူ႔ အက်ိဳးစီးပြားအတြက္လည္း ျပည္သူေတြရဲ႕ အက်ိဳးစီးပြားအတြက္ျဖစ္ပါတယ္။ သူတို႔ေတြ ေရာဂါကူးဆက္မႈေတြ ျဖစ္သြားၿပီဆိုရင္ အိမ္မွာရွိတဲ့ မဘေတြ၊ ေနာက္ခံေရာဂါရွိတဲ့သူေတြ ျဖစ္ၿပီဆိုရင္ သူတို႔ေတြရဲ႕ ေရာဂါျဖစ္ပြားမႈႏႈန္း၊ ေသဆုံးမႈႏႈန္းဟာဆိုရင္ ေတာ္ေတာ္ႀကီးကို ဆိုး႐ြားတဲ့ အေျခအေနရွိေနပါတယ္။ ဒီေရာဂါျဖစ္ၿပီးရင္ေတာင္မွာ သူ႔ရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးေတြဟာ အမ်ားႀကီးရွိေနပါေသးတယ္၊ ဆက္ခံစားႏိုင္ပါေသးတယ္။ ဒါေၾကာင့္မို႔ အဲ့ဒီေရာဂါေတြနဲ႔လည္း ေဆး႐ုံထပ္တက္ႏိုင္ရပါတယ္။ ေပါ့လို႔ မရပါဘူး။ တစ္ေယာက္ဆီ တစ္ေယာက္ဆီတိုင္းဟာ ေရာဂါပိုး မျဖစ္ေအာင္ ေနထိုင္ျခင္းသည္သာလွ်င္ ကိုယ့္ရဲ႕ႏိုင္ငံနဲ႔ ကိုယ္ရဲ႕ အစိုးရ ကိုယ္ကိုယ္တိုင္ပါဝင္ၿပီး ကိုယ့္ျပည္သူလူထုအတြက္ အေကာင္းဆုံတာဝန္ေက်တဲ့ ႏိုင္ငံသားေကာင္းျဖစ္ပါတယ္။ က်မတို႔အေနနဲ႔ အေရးယူေနရတဲ့ အေျခအေနေတြက မလႊဲသာမွ ေဆာင္႐ြက္ေနတာက ဒါႏိုင္ငံေတာ္ အႀကီးအကဲေတြရဲ႕ ေစတနာျဖစ္ပါတယ္။ သို႔ေသာ္ ဘယ္လိုမွကို ေျပာမရ ဆိုမရ အေျခအေနအခါမွာသာ ဒါ အေရးယူတာျဖစ္ပါတယ္။ အေရးယူဖို႔ဆိုတာက သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရ အေနနဲ႔ ဒီဥပေဒလည္းရွိေနၿပီးတဲ့ အခါမွာ ၾကပ္ၾကပ္မတ္မတ္ ကူးစက္ေရာဂါ ကာကြယ္ႏွိမ္နင္းေရး ဥပေဒ၊ ဒါမွမဟုတ္ရင္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဆိုင္ရာ ဥပေဒေတြနဲ႔ အေရးယူလို႔ရပါတယ္။ ေသေသခ်ာခ်ာ ၾကပ္ၾကပ္မတ္မတ္နဲ႔ စံျပအေနနဲ႔ အေရးယူေဆာင္႐ြက္လိုက္မယ္ဆိုရင္ ပိုၿပီးေတာ့ လူေတြအေန႔ ပိုၿပီးေတာ့ ထိန္းလာႏိုင္ပါတယ္။ က်မအေနနဲ႔ေတာ့ ဒီနည္းလမ္းကို မသုံးေစခ်င္ပါဘူး။

ကိုရႈိင္းေအာင္ – အေနာက္ႏိုင္ငံေတြမွာဆိုရင္ ကိုဗစ္ တတိယလႈိင္းနဲ႔ ရင္ဆိုင္ေနရၿပီဆိုေတာ့ က်ေတာ္တို႔ ႏိုင္ငံမွာဆိုရင္ ဆရာမတို႔ရဲ႕ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္အတည္ျပဳလူနာ ၆ ေသာင္းေက်ာ္နဲ႔ ေသဆုံးလူတာ ၁၄၀၀ ေက်ာ္လာၿပီလည္းျဖစ္တဲ့အတြက္ေၾကာင့္ က်ေတာ္တို႔ႏိုင္ငံအတြက္ကိုေရာ ဘာျပင္ဆင္မႈေတြလုပ္ထားပါသလဲ။

ေဒၚခင္ခင္ႀကီး – က်မတို႔ႏိုင္ငံမွာေတာ့ ဒုတိယလႈိင္းက မၿပီးေသးပါဘူး။ ဒုတိယလႈိင္းက အခုမွ ထိပ္မွာတန႔္ေနတုန္းပဲရွိပါေသးတယ္။ ကူးဆက္ေရာဂါရဲ႕ သဘာဝကိုက တက္တယ္၊ တက္ၿပီးရင္ျဗဳန္းဆိုၿပီးေတာ့ က်တာမ်ိဳးမဟုတ္ဘူး၊ ေခါင္းေလာင္းေလးလို ပုံစံျဖစ္ပါတယ္။ တက္ၿပီးရင္လည္း အျမန္တက္တယ္သူက အရမ္းျမန္တယ္ ၿပီးရင္လည္းသူက ထိပ္မွာ အရမ္းၾကာေနတတ္တယ္။ ဘယ္ေလာက္ထိေအာင္ၾကာမလဲ ဘယ္ေတာ့မွ က် မယ္ဆိုတာကလည္း တစ္ေယာက္ဆီ တစ္ေယာက္ဆီရဲ႕ ျပည္သူလူထု စည္းကမ္းလိုက္နာမႈ၊ သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္အစိုးရရဲ႕ စည္းကမ္းကို ထိန္းေက်ာင္းမႈ ဒါမ်ိဳးေတြအေပၚမွာလည္း အမ်ားႀကီးမူတည္ေနတာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ႏိုင္ငံ ဥေရာပႏိုင္ငံေတြမွာဆိုရင္လည္း တတိယလႈိင္းေတြ စေနၿပီဆိုေတာ့ ေပါ့ဆလို႔မရတဲ့ အေနအထားတစ္ခုရွိေနပါတယ္။ ဒါေၾကာင့္ က်မတို႔ ႏိုင္ငံမွာ အခုဆိုရင္ သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးအေနနဲ႔လည္း သက္ဆိုင္ရာတိုင္းနည္းျပည္နယ္ က်န္းမာေရးဝန္ႀကီးဌာနမႉးေတြကို ေရာဂါျဖစ္ပြားမႈေတြကို ေစာေစာစီးစီး ေထာက္လွမ္းႏိုင္ဖို႔ သူတို႔နဲ႔ ခ်ိတ္ဆက္တဲ့သူေတြကို အျမန္ဆုံးလိုက္ႏိုင္ဖို႔ သူတို႔ေတြကို Isolulation ထားၿပီး လိုအပ္တဲ့ ကုသမႈေတြေပးဖို႔ စသျဖင့္ ဒါမ်ိဳးေတြလည္း ၾကပ္ၾကပ္မတ္မတ္ ေဆာင္႐ြက္ဖို႔အတြက္ မွာၾကားၿပီးျဖစ္ပါတယ္။ လက္ရွိအေနအထားအရဆိုရင္လည္း ကာကြယ္ေဆးရရွိႏိုင္ဖို႔ သူမ်ားႏိုင္ငံမွာ ရတဲ့အခ်ိန္မွာလည္း ကိုယ္ႏိုင္ငံကလည္း ရရွိႏိုင္ဖို႔အေသးစိပ္စီစဥ္ေဆာင္႐ြက္ေနပါတယ္။

#voiceofmyanmar #VOM #ေဒါက္တာခင္ခင္ႀကီး #ကိုဗစ္

 

Related posts

Leave a Comment

VOM News

FREE
VIEW