အဖေဖြစ်သူကိုသေနတ်နဲ့ပစ်တဲ့ အကိုဖြစ်သူကို ညီဖြစ်သူက တူရွင်းပြားနဲ့ ရိုက်သတ်

နိုဝင်ဘာ ၁၁-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆားတွင်းကြီး သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော၊ အင်းမအုပ်စု၊ ပင်းတဲကျေးရွာ၊ ပဲစင်အိုင်တောတိုက်မှာ မနေ့ နိုဝင်ဘာ ၁၀ရက်နေ့ညပိုင်းက အဖေဖြစ်သူကို သေနတ်နဲ့ဖြစ်ခဲ့တဲ့ အကိုဖြစ်သူကို ညီဖြစ်သူကိုယ်တိုင်က တူရွင်းပြားနဲ့ရိုက်သတ်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့မရဲစခန်းကနေ သိရပါတယ်။

” အဖေကို သားဖြစ်သူက သေနတ်နဲ့ပစ်တာကြောင့် ညီဖြစ်သူက သေနတ်နဲ့ပစ်တဲ့ အစ်ကိုဖြစ်သူကို ရိုက်သတ်လိုက်တာပါ၊ အမှုဖွင့်ထားပါတယ်၊ ရဲစခန်း (ပ)၂၁၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂အရဖြစ်တယ် “လို့ ကန့်ဘလူမြို့မရဲစခန်းက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်တာကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးတဲ့အခါ သေဆုံးနေသူ ကိုမြင့်အောင်ဟာ တဲပိုင်ရှင် ဦးရွှေဆိုသူရဲ့ သားအကြီးဆုံးဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်း တဲနဲ့ ပေ ၇၀ ခန့်အကွာနေရာမှာ ဖခင်ဖြစ်သူ ဦးရွှေမြက်ပေါက်နေတဲ့အချိန် သေဆုံးသွားသူ မြင့်အောင်က အဖေဖြစ်သူကို ဆဲဆိုကြိမ်းမောင်းကာ တဲပေါ်ကနေ တူမီးသေနတ်နဲ့ လှမ်းပစ်ခဲ့ပေမယ့် ထိမှန်ခြင်းမရှိဘဲ လွှဲချော်သွားခဲ့ပါတယ်။

အဲ့ဒီလိုဖြစ်နေချိန်မှာ ဦးရွှေရဲ့သားအငယ်ဆုံး ကိုမောင်ငယ်ဆိုသူက သူ့ရဲ့အစ်ကိုဖြစ်သူ ကိုမြင့်အောင်ကို မျှစ်တူးရာမှာအသုံးပြုတဲ့ တူရွင်းပြားနဲ့ ရိုက်သတ်ခဲ့တာဖြစ်တယ်လို့ ရဲစခန်းမှာ စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

#voiceomyanmar #VOM #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW