ထုတ်ပြန်ချက်တွေ မလိုက်နာလို့ ရန်ကုန်ဆေးရုံကြီးက အသင့်ပြင်ထားရ

နိုဝင်ဘာ ၁၁-၂၀၂၀
ယဉ်ပပထွန်း (VOM)

နိုဝင်ဘာ ၉ ရက်နေ့က အောင်ပွဲခံနေသူတွေထဲက ခိုက်ရန်ဖြစ်ပွားမူတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့ လူနာ ၄ယောက် positive ဖြစ်နေတာဆိုတဲ့ သတင်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီကိစ္စအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးကိုမေးကြည့်တော့” အဲ့ဒီနေ့က လာတာတော့ဟုတ်တယ်။ အောင်ပွဲခံတာအောင်ပွဲမခံတာမသိဘူး ။ ဒီကို ထိခိုက်ဒဏ်ရာရတဲ့လူနာတွေလာရင် ပုံမှန်အတိုင်း ရောဂါကိုပြုစုပေးရတယ်၊ ခွဲစိတ်စရာလိုရင် စစ်ဆေးရတယ်။ စစ်ဆေးတဲ့အခါမှာ positive သမားတွေ လည်းရှိမှာပေါ့ ဘယ်သူက အောင်ပွဲခံတဲ့အထဲ ပါတယ်၊မပါဘူးဆိုတာ ဆေးရုံကျတော့မသိဘူးလေ အဲ့ဒီလိုဖြစ်သွားတာပါ”လို့ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောင်ပွဲပြီးဆုံးသွားပြီဖြစ်ပေမယ့် Covid -19 ကို ထိန်းချုပ်နိုင်ဖို့ ပိုမိုတင်းကျပ်တဲ့ Stay Homeမျိုးကိုဖြစ်စေချင်ပါတယ်လို့လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက VOM ကိုပြောပါတယ် ။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက covid – 19 ကာကွယ်ရန် သြဂုတ် ၁၆ ရက်က လူ ၁၅ ဦးအစား လူဦးရေ ၃၀ ဦးထက်မပိုရန် စုဝေးမူတွေ မလုပ်ဖို့ ထုတ်ပြန်ခဲ့ပါတယ် ။ လူစုလူဝေးကိစ္စနဲ့ ပတ်သက်ပြီး ဆေးရုံကြီးရဲ့ပြင်ဆင်မှုအနေအထားကို ဒေါက်တာမော်မော်ဦးဆက်ပြောတာက

” နိုဝင်ဘာ ၃၀ ရက်နေ့အထိ Stay Home ကအိမ်မှာပဲ ရှိနေသင့်တယ်။ ဘာဖြစ်လို့ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း လိုက်လျောပြီး လျော့ပေးနေရတာလဲမသိဘူး လျော့စရာအကြောင်းမရှိဘူး ။ အခုထိရောဂါတွေ့တဲ့လူနာက မကျဘူး ။ဒီနေ့ရန်ကုန်မြို့ထဲ ၈၅၀ လောက်တွေ့နေရတယ် ။ ရွေးကောက်ပွဲက ပြီးသွားတာကို နားလည်ပေးသင့်ပါတယ် ။စည်းကမ်းတကျနဲ့နေပေးကျပါလို့ ပြောချင်ပါတယ်၊ လူစုတာ ၃၀ လည်း လက်မခံဘူး ။ ဖြစ်လည်း မဖြစ်သင့်ဘူး ။ စုစုရုံးရုံး လုပ်နေတဲ့လူတွေကိုလည်း လက်မခံဘူး ။ ကိုဗစ်က မပြီးသေးဘူး ။ အဲ့ဒါကို သူတို့က ထုတ်ပြန်ချက်ကို ထိထိရောက်ရောက် မလုပ်ကျဘူး။ ဆရာတို့က မကျေနပ်ဘူး ။ ဒါပေမယ့် ဆေးရုံတွေကတော့ ကြိုတင်ပြီး ပြင်ဆင်ထားနေရတယ်။ လူနာများလာရင် တာဝန်က ပိုကြီးလာနေပြီလေ”လို့ ပြောပါတယ်။

လက်ရှိမှာလည်း Covid-19 ရောဂါပိုးတွေ့ရှိမူက လျော့နည်းကျဆင်းမှုမရှိသေးတာတွေ ရောဂါဖြစ်နေသူတွေက မပြသမူတွေ ရောဂါပိုးရှိနေမှန်း မသိတဲ့လူတွေ ပြန့်ကျဲနေတာက ပြည်သူတွေထဲမှာ ရှိနေတယ်လို့ တွက်လို့ရနေတာကြောင့် အဲ့ဒီလူတွေက ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုပါတယ်လို့လည်း ဒေါက်တာမော်မော်ဦးကပြာပါတယ်။

Photo – ရန်ကုန်ပြည်သူ့ဆေးရုံကြီး
#voiceofmyanmar #VOM #ရန်ကုန်ဆေးရုံကြီး #ဒေါက်တာမော်မော်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW