သေဆုံးသူရဲ့ မဲလက်မှတ်နဲ့  အုပ်ချုပ်ရေးမှူးထောက်ခံချက်အရ ကိုယ်စားပေးလို့ အမှုဖွင့်ခံရ

နိုဝင်ဘာ ၁၄ ၊ ၂၀၂၀

ကိုတိုးကြီး (VOM)

 

စစ်ကိုင်းတိုင်း ကလေးမြို့နယ် အရှေ့စည်းကျေးရွာရှိ ဆန္ဒမဲပေးရုံ အမှတ် (၁)မှာ သေဆုံးသူရဲ့ကိုယ်စား ဆန္ဒမဲပေးခဲ့တဲ့သူကို မနေ့နိုဝင်ဘာ ၁၃ ရက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

 

” အရှေ့စည်းရွာ နယ်မြေအမှတ် ၅ မှာနေတဲ့ ဒေါ်မပဲဟာ သေဆုံးသွားပြီးဖြစ်တဲ့ သူ့ရဲ့သား ဦးစောမင်းလွင်ရဲ့ ဆန္ဒမဲ လက်မှတ်ကိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မဲပေးဖို့ ထောက်ခံတာကြောင့် ဒေါ်မပဲက မဲသွားပေးခဲ့တာဖြစ်တယ်။ ရွာက မဲစာရင်းမှာ သေဆုံးသူ ဦးစောမင်းလွင်ရဲ့ မဲစာရင်းအမှတ်က ၁၈၂၈ တော့ပါပြီး သူ့အမေ ဒေါ်မပဲရဲ့ မဲစာရင်းအမည်ကြတော့ မပါဘူးဖြစ်နေတယ် အဲ့ဒါကြောင့် ဒေါ်မပဲက သေသွားတဲ့ သူ့သား မဲလက်မှတ်ကို သွားထည့်တာဖြစ်တယ်လို့ ” အရှေ့စည်းကျေးရွာကမဲဆန္ဒရှင် တစ်ယောက်ကပြောပါတယ်။

 

ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ သူတပါးအယောင်ဆောင်ပြီး ကြိုတင် ဆန္ဒမဲပေးခဲ့သူ ဒေါ်မပဲကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ အရေးယူပေးရန် ဒေါ်သီသီအေးက ရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီ တိုင်တန်းချက်ကို မြောက်စည်း နယ်မြေရဲစခန်း (ပ) ၅၅ / ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ (ဇ) အရ အမှုဖွင့်ထားတာဖြစ်ပါတယ်။

 

” ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာ မဲအသိပညာပေးလုပ်ငန်း ( VoterAwareness Campaign) တွေ များများလူပ်ပေးဖို့လိုတယ် ဒီနှစ်ဟာ ကိုဗစ် ၁၉ ရောဂါကြောင့် နယ်တွေမှာ မဲအသိပညာပေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာတွေ လုပ်မပေးနိုင်ခဲ့တဲ့ အခြေအနေရဲ့ နောက်ဆက်တွဲ ပြသနာတွေလို့ ယူဆမိတယ်၊ တချို့ဖြစ်စဥ်တွေကို အသေခြာ ပြန်လေ့လာကြည့်တဲ့အခါ မဲမသမာမှု မဟုတ်ဘူး မဲအသိပညာ လုံးလုံး မသိတဲ့အတွက် သဘောရိုးနဲ့ မှားတဲ့ အမှားတွေဖြစ်နေတယ် ဒါပေမယ့် အဲ့ဒီအမှားက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းနေတော့ ဒုက္ခမရောက်သင့်ပဲ ရောက်ကြရတာပါ “လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး (မုံရွာ) ပြောပါတယ်။

 

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ (ဇ)ဆိုတာ သူတပါးအယောင်ဆောင်ပြီး ကြိုတင်မဲ၊ဆန္ဒမဲလက်မှတ်တောင်းဆိုခြင်းနဲ့ ဆန္ဒမဲပေးခြင်းလို့ ဆိုပြီး ကျူးလွန်ကြောင်းနဲ့ အားပေးကူညီကြောာင်း ပြစ်မှုထင်ရှားစီရင်ခံရရင် တနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ် အပြင် ဒဏ် ၂ရပ်လုံးချမှတ်နိုင်ပါတယ်။

 

#voiceofmyanmar #VOM #ကလေးမြို့ #ကိုယ်စားမဲပေး

 

zawgy

ေသဆုံးသူရဲ႕ မဲလက္မွတ္နဲ႔ အုပ္ခ်ဳပ္ေရးမႉးေထာက္ခံခ်က္အရ ကိုယ္စားေပးလို႔ အမႈဖြင့္ခံရ

ႏိုဝင္ဘာ ၁၄ ၊ ၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ အေရွ႕စည္းေက်း႐ြာရွိ ဆႏၵမဲေပး႐ုံ အမွတ္ (၁)မွာ ေသဆုံးသူရဲ႕ကိုယ္စား ဆႏၵမဲေပးခဲ့တဲ့သူကို မေန႔ ႏိုဝင္ဘာ ၁၃ ရက္က ရဲစခန္းမွာ အမႈဖြင့္တိုင္တန္းခဲ့တယ္လို႔ သိရပါတယ္။

” အေရွ႕စည္း႐ြာ နယ္ေျမအမွတ္ ၅ မွာေနတဲ့ ေဒၚမပဲဟာ ေသဆုံးသြားၿပီးျဖစ္တဲ့ သူ႔ရဲ႕သား ဦးေစာမင္းလြင္ရဲ႕ ဆႏၵမဲ လက္မွတ္ကို ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ထူးက မဲေပးဖို႔ ေထာက္ခံတာေၾကာင့္ ေဒၚမပဲက မဲသြားေပးခဲ့တာျဖစ္တယ္။ ႐ြာက မဲစာရင္းမွာ ေသဆုံးသူ ဦးေစာမင္းလြင္ရဲ႕ မဲစာရင္းအမွတ္က ၁၈၂၈ ေတာ့ပါၿပီး သူ႔အေမ ေဒၚမပဲရဲ႕ မဲစာရင္းအမည္ၾကေတာ့ မပါဘူးျဖစ္ေနတယ္ အဲ့ဒါေၾကာင့္ ေဒၚမပဲက ေသသြားတဲ့ သူ႔သား မဲလက္မွတ္ကို သြားထည့္တာျဖစ္တယ္လို႔ ” အေရွ႕စည္းေက်း႐ြာက မဲဆႏၵရွင္ တစ္ေယာက္ကေျပာပါတယ္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးရဲ႕ ေထာက္ခံခ်က္နဲ႔ သူတပါးအေယာင္ေဆာင္ၿပီး ႀကိဳတင္ ဆႏၵမဲေပးခဲ့သူ ေဒၚမပဲကို ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒအရ အေရးယူေပးရန္ ေဒၚသီသီေအးက ရဲစခန္းမွာ တရားလိုျပဳလုပ္ တိုင္တန္းခဲ့တာျဖစ္ပါတယ္။

အဲ့ဒီ တိုင္တန္းခ်က္ကို ေျမာက္စည္း နယ္ေျမရဲစခန္း (ပ) ၅၅ / ၂၀၂၀ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒ ပုဒ္မ ၅၉ (ဇ) အရ အမႈဖြင့္ထားတာျဖစ္ပါတယ္။

” ၂၀၂၀ ေ႐ြးေကာက္ပြဲအႀကိဳကာလမွာ မဲအသိပညာေပးလုပ္ငန္း ( VoterAwareness Campaign) ေတြ မ်ားမ်ားလူပ္ေပးဖို႔လိုတယ္ ဒီႏွစ္ဟာ ကိုဗစ္ ၁၉ ေရာဂါေၾကာင့္ နယ္ေတြမွာ မဲအသိပညာေပးနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒအေၾကာင္း သိေကာင္းစရာေတြ လုပ္မေပးႏိုင္ခဲ့တဲ့ အေျခအေနရဲ႕ ေနာက္ဆက္တြဲ ျပသနာေတြလို႔ ယူဆမိတယ္၊ တခ်ိဳ႕ျဖစ္စဥ္ေတြကို အေသျခာ ျပန္ေလ့လာၾကည့္တဲ့အခါ မဲမသမာမႈ မဟုတ္ဘူး မဲအသိပညာ လုံးလုံး မသိတဲ့အတြက္ သေဘာ႐ိုးနဲ႔ မွားတဲ့ အမွားေတြျဖစ္ေနတယ္ ဒါေပမယ့္ အဲ့ဒီအမွားက ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒေတြနဲ႔ ၿငိစြန္းေနေတာ့ ဒုကၡမေရာက္သင့္ပဲ ေရာက္ၾကရတာပါ “လို႔ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူ ႏိုင္ငံေရး သုေတသီ ဦးေမာင္ေမာင္စိုး (မုံ႐ြာ) ေျပာပါတယ္။

ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒ ပုဒ္မ ၅၉ (ဇ)ဆိုတာ သူတပါးအေယာင္ေဆာင္ၿပီး ႀကိဳတင္မဲ၊ဆႏၵမဲလက္မွတ္ေတာင္းဆိုျခင္းနဲ႔ ဆႏၵမဲေပးျခင္းလို႔ ဆိုၿပီး က်ဴးလြန္ေၾကာင္းနဲ႔ အားေပးကူညီေၾကာာင္း ျပစ္မႈထင္ရွားစီရင္ခံရရင္ တႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္ ဒါမွမဟုတ္ က်ပ္တစ္သိန္းထက္မပိုတဲ့ ေငြဒဏ္ အျပင္ ဒဏ္ ၂ရပ္လုံးခ်မွတ္ႏိုင္ပါတယ္။

#voiceofmyanmar #VOM #ကလေး #ကိုယ္စားမဲေပး

 

Related posts

Leave a Comment

VOM News

FREE
VIEW