ဒေါ်နယ်ထရန့် ထောက်ခံသူတွေ ဝါရှင်တန်ဒီစီမှာ အကြီးအကျယ်ဆန္ဒပြနေ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၅-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ ဒေါ်နယ်ထရန့်ရဲ့ အခိုင်အမာပြောဆိုမှုအပေါ် ထောက်ခံကြောင်း သူ့ကိုထောက်ခံသူထောင်ပေါင်းများစွာက ဝါရှင်တန်ဒီစီမှာ အကြီးအကျယ်စုဝေး ဆန္ဒပြနေကြပါတယ်။

အလံတွေသယ်ဆောင်လာတဲ့ ဆန္ဒပြသူတွေဟာ ခမောက်တွေ၊ ကျည်ကာအင်္ကျ ီအချို့ဝတ်ဆင်ထားတဲ့ Proud Boys အပါအဝင် လက်ယာစွန်းအုပ်စုတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။

အစောပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ သမ္မတထရန့်ဂေါက်ကွင်းကိုသွားရာ သူ့ရဲ့ယာဉ်တန်းအနီးမှာ ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန် အနိုင်ရရှိခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၁၃ ရက်မှာတော့ ဂျော်ဂျီယာပြည်နယ်မှာ အနိုင်ရရှိခဲ့တာကြောင့် သူ့ရဲ့အနိုင်ဟာ သေချာခဲ့ပါတယ်။လက်ရှိမှာတော့ မဲရလဒ် ၂၇၀ ကျော်ရင်သမ္မတအဖြစ်ရွေးချယ်မယ့် ပြည်နယ်ကိုယ်စားလှယ်မဲကို ၃၀၆ မဲအထိ ရရှိထားပါတယ်။

ဒါပေမယ့် မစ္စတာထရန့်ကတော့ သူရှုံးနိမ့်ကြောင်း ဝန်ခံမှုမပြုဘဲ ရွေးကောက်ပွဲမသမာမှုတွေရှိတယ်ဆိုပြီး အဓိကပြည်နယ်တွေမှာ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိတော့ သူ့ရဲ့အားထုတ်မှုတွေ အောင်မြင်မှုမရှိသေးပါဘူး။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

✕
VOM News

FREE
VIEW