ဖားကန့်မြို့နယ်အတွင်း နိုင်ငံတော်ကထောက်ပံ့ပေးတာတွေ တကြိမ်တခါမှမရတဲ့ ရပ်ကွက်ရှိနေ

နို၀င်ဘာ ၁၅-၂၀၂၀ ဇော်မိုးထက်(VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်၊ သာယာကုန်းကျေးရွာရှိ တောင်ယာကုန်းရပ်ကွက်ဟာ ကိုဗစ်ကာလ နိုင်ငံတော်ကထောက်ပံ့တဲ့ ဆန်၊ ဆီ၊ ဆားပစ္စည်း(၅)မျိုးအပါအဝင်ထောက်ပံ့ငွေ ၄ ကြိမ်ပေးတဲ့အချိန်ထိ တရပ်ကွက်လုံး တကြိမ်တခါမှ မရရှိဘဲဖြစ်နေပါတယ် ။ သာယာကုန်းရွာအုပ်ချုပ်ရေးမှူးက အထက်အဆင့်ဆင့်ကို ထောက်ပံကြေးရမယ်ဆိုပြီး လူဦးရေစာရင်းတွေအကြိမ်ကြိမ်ကောက်ခဲ့ပေမယ့် တကြိမ်တခါမှ မရရှိသေးဘူးလို့ ပြောပါတယ် ။ တောင်ယာကုန်းရပ်ကွက်ဟာ အိမ်ခြေပေါင်း ( ၂၁၇) အိမ်ထောင်စုပေါင်း(၂၁၇)လူဦးရေ (၇၇၅)ဦး ရှိပါတယ် ။ #voiceofmyanmar #VOM #ဖားကန့်

Read More

တရုတ်နိုင်ငံမှာ ပြည်ပကပို့တဲ့ အမဲသားတွေထဲ ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ပါဝင်နေ

ပေကျင်း၊ နိုဝင်ဘာ-၁၅-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ အေးခဲသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုတွေအရှိန်မြင့်လုပ်ဆောင်နေချိန်မှာ နိုင်ငံအရှေ့ပိုင်း ကျီနန်မြို့မှာ ဘရာဇီး၊ နယူးဇီလန်နဲ့ ဘိုလီဗီးယားနိုင်ငံတို့မှ တင်သွင်းတဲ့ အမဲသားနဲ့ အမဲကလီဇာ အေးခဲအသားတွေမှာ ကိုရိုနာဗိုင်းရပ်စ်တွေကို တွေ့ရှိခဲ့ပါတယ်။ ဒီစားသောက်ကုန်တွေကို တင်သွင်းသူတွေဟာ Guotai International Group 002091.SZ နဲ့ Shanghai Zhongli Development Trade ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ကျီနန်ကျန်းမာရေးကော်မရှင်က သူ့ရဲ့ နိုဝင်ဘာ ၁၄ ရက်နှောင်းပိုင်းက ပြောပါတယ်။ အေးခဲအသားကုန်ပစ္စည်းတွေဟာ ယန်ရှန်ဆိပ်ကမ်းကနေ တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာတာဖြစ်ပြီး အဲဒီကုန်ပစ္စည်းတွေကို တင်ပို့ခဲ့တဲ့ ပြည်ပကုမ္ပဏီတွေရဲ့ အမည်ကို ရှန်တုန်းပြည်နယ်အစိုးရ ထုတ်ပြန်ဖော်ပြခြင်းမရှိပါဘူး။ အဲဒီ အေးခဲအမဲသားထုတ်ကုန်တွေနဲ့ ထိတွေ့ခဲ့ဖွယ်ရှိတဲ့ လူ၇၅၀၀ ကျော်ကို ဆေးစစ်ခဲ့ရာမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိဘူးလို့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း…

Read More

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မသန်စွမ်းတွေကို တရားဝင်တောင်းပန်ဖို့ ကြေငြာချက်ထုတ်

နိုဝင်ဘာ ၁၅-၂၀၂၀ ယဉ်ပပထွန်း(VOM) ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲမှာ မသန်စွမ်းတွေကို ‘မသန်မစွမ်း’လို့ သုံးစွဲခဲ့တာနဲ့ပတ်သက်ပြီး တရားဝင်တောင်းပန်ဖို့အတွက် မြန်မာနိုင်ငံအတွင်းရှိ နားမကြား အဖွ့ဲအစည်းများ ၊ မသန်စွမ်း အဖွဲ့အစည်းများ ၊ မသန်စွမ်းတတ်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်း ၉၀ကျော်က မနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ သဘောထားကြေငြာချက် ထုတ်ပြန်ထားပါတယ် ။ နိုဝင်ဘာ ၁၁ ရက်က ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ အစ္ခရံကျေးရွာက စာမတတ်သူ၊ စကားမပြောတတ်သူ၊ နားမကြားသူ ဒေါ်ဝင်းစန္ဒာခိုင် ဆန္ဒမဲပေးတာကို ကန့်ကွက်ရေးသားမှုနဲ့အတူ နိုဝင်ဘာ ၁၂ ရက်ကလည်း မသန်စွမ်းသူတွေကို ‘မသန်မစွမ်း’လို့ ရေးသားဖော်ပြထားတာကြောင့် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တရားဝင်တောင်းပန်ဖို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ “ မသန်စွမ်းတဲ့လူ၊ နား အကြားအာရုံမသန်စွမ်းတဲ့သူ၊ စာမဖတ်တဲ့လူတစ်ယောက်ကို ရွေး ကောက်ပွဲမှာ မဲပေးခွင့်ပေးတာက မသမာမှုအနေနဲ့ ဖော်ပြထားပါတယ်။…

Read More

ကျောက််မဲရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအိမ် လက်နက်ငယ်နဲ့ပစ်ခံရ

နိုဝင်ဘာ ၁၅-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက််မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်းရဲ့ နေအိမ်ကို နိုဝင်ဘာ၁၄ရက်မ နေ့ည ၁၂ နာရီခွဲခန့်က လက်နက်ငယ် နဲ့ ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ် လို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့‌ ဒေသခံတွေဆီကသိရပါတယ်။ ကျောက််မဲမြို့နယ် အ မှတ် ၈ ရပ်ကွက်၊ နယ်မြေ ၁၀အပိုင်းနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးစိုးထွန်းရဲ့ နေအိမ်ကို လက်နတ်ငယ်နဲ့နှစ်ချက် ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှာ နေအိမ်ရှေ့မှန်တံခါး ကွဲအက် ပျက်ဆီးခဲ့ပြီး လက် နက်ငယ်ကျည်ခွံတစ်ခုတွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးသတင်းပေးပို့ချက်တွေအရ သိရပါတယ်။ ” အမှုတော့ လာဖွင့်ထားလို့ ကျောက်မဲမြို့မရဲစခန်းမှာ ဖွင့်ပေးထားတယ်။ ပနံပါတ်ပုဒ်မတော့ မသိရသေးဘူး ” လို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ရုံးရဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ကျောက်မဲခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲကိုမေးကြည့်တော့ “အသေးစိတ် အချက်လက်ကိုတော့ ရုံးကိုသာမေးလိုက်ပါ။ကျွန်တော် ခရီးသွား နေလို့ပါ”…

Read More

စစ်ကိုင်းမြို့မှာ ကိုဗစ်လူနာများလာတဲ့အတွက် အရေးကြီးနဲ့ ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားထောက်ခံစာ လုံးဝထုတ်မပေးတော့

နိုဝင်ဘာ ၁၅-၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ကိုသွားလာရာမှာ အရေးကြီးကိစ္စ နဲ့ ကျန်းမာရေးကိစ္စတွေကလွဲပြီး ခရီးသွားထောက်ခံစာကို လုံးဝထုတ်ပေးတော့ဘူးလို့ စစ်ကိုင်းမြို့ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ပြောပြချက်အရ သိရပါတယ်။ စစ်ကိုင်းမြို့မှာ ကိုဗစ်ပိုးတွေ့လူနာများလာတဲ့အတွက် ခရီးသွားထောက်ခံစာတွေကို အရေးကြီးကိစ္စ နဲ့ ကျန်းမာရေးကိစ္စတွေမှအပ ထုတ်မပေးဖို့ မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားတဲ့အတွက် စီစစ်ထုတ်ပေးသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ”မနေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူးက စကားပြောစက်နဲ့ တမြို့နယ်လုံးမှာရှိတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားတယ်။ ညွှန်ကြားတာလည်း ဘာလဲဆိုရင် လက်ရှိ စစ်ကိုင်းမြို့ရဲ့ အခြေအနေက ရပ်ကွက်အချို့နဲ့ ကျေးရွာတွေက မန္တလေးနဲ့ ထိစပ်မှုတွေ အရမ်းများပြီး ရောဂါကူးစက်မှုတွေက မြင့်တက်နေတယ်။ အဲ့ဒီမှာ တခုမှ မထိန်းချုပ်လိုက်ဘူးဆိုရင် ဒီထက်ဆိုးဝါးတဲ့အခြေအနေပေါ်ပေါက်ဖို့ အနေအထားက ရှိနေတာပေါ့။ မဖြစ်မနေသွားရမယ်သူတွေဆို ပေးရမှာပေါ့”လို့ ရွှေမင်းဝံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းချိုကပြောပါတယ်။ စစ်ကိုင်းမြို့ကို လာရောက်မယ့်…

Read More

သမီးဖြစ်သူကို ပျားတုပ်မှာစိုးလို့ ပျားကိုရိုက်ထုတ်ခဲ့တဲ့ မိခင်ဖြစ်သူ ပျားတုပ်ခံရပြီးသေဆုံး

နိုဝင်ဘာ ၁၅-၂၀၂၀ အေးချမ်းသူ(VOM) တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ ပါဆတ်ဘုန်းကြီးကျောင်းအနီးမှာ အသားလုံးရောင်းနေသူ အမျိုးသမီးဟာ သူရဲ့ သမီးဖြစ်သူနှစ်ဦး ပျားတုပ်ခံရမှာစိုးတဲ့အတွက် ယပ်တောင်နဲ့ရိုက်ထုတ်ပေးရာ ပျားတုပ်ခံရပြီး ဆေးရုံကိုပို့ဆောင်နေချိန် လမ်းခုလတ်မှာသေဆုံးခဲ့တယ်လို့ တာချီလိတ်မြို့နယ် နာရေးကူညီမှုအသင်း ပြန်ကြားရေးတာဝန်ခံက VOMကိုပြောပါတယ်။ “ဘယ်ကလာတဲ့ ပျားတွေမှန်းမသိဘူး၊ သူက သမီးတွေကို အတုပ်ခံရမှာစိုးလို့ လိုက်မောင်းတာ ပျားတုပ်ခံရပြီး ဆေးရုံကိုပို့တဲ့အချိန်မှာပဲ လမ်းခုလတ်မှာ ဆုံးတာပါ”လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ပျားတုပ်ခံရလို့ သေဆုံးသွားတဲ့ မိခင်ဖြစ်သူအပြင် ပျားတုပ်ခံရတဲ့ဒဏ်ရာနဲ့ ဆေးရုံတက်နေရသူတွေလည်း ရှိနေပြီး ဆေးရုံမတက်သူ ၄၊ ၅ဦးလည်းရှိတယ်လို့ ပြောပါတယ်။ ပျားတုပ်ခံရပြီး သေဆုံးခဲ့သူ ဒေါ်နန်းဟိန်းနဲ့ သမီးနှစ်ဦးဟာ ပါဆတ်ဘုန်းကြီးကျောင်းရှေ့မှာ အသားလုံးရောင်းပြီး အသက်ဝမ်းကျောင်းပြုတဲ့ မိသားစုလည်းဖြစ်တယ်လို့ သိရပါတယ်။ Photo – Hla Moe #voiceofmyanmar #VOM #တာချီလိတ် #ပျားတုပ်ခံရပြီးသေဆုံး

Read More

ကိုဗစ်ကူးစက်မှုမြင့်တက်နေတဲ့ ရသေ့တောင်မှာ အင်တာနက်လိုင်း အရည်အသွေးပြည့်ဝအောင် ဖွင့်ပေးဖို့ တောင်းဆို

နိုဝင်ဘာ ၁၅-၂၀၂၀ ထက်အောင်စိုင်း (VOM) ရသေ့တောင်မြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ကနေစပြီး ကိုဗစ် ၁၉ ဗိုင်းရပ်ရောဂါကူးစက်မှု မြင့်တက်နေကြောင်းနဲ့ အဲ့ဒီအခြေအနေတွေကြားမှာ အင်တာနက်လိုင်း ပြည့်ဝတဲ့အရည်အသွေး မရရှိတဲ့အတွက် မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်ကို သတင်းပေးပို့ရာမှာ အခက်အခဲတွေရှိနေတဲ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ လူထုကို ကိုဗစ် ၁၉ သတင်းအချက်အလက် ပညာပေးရာမှာလည်း အဆင်မပြေမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်ရှိ ဆရာဝန်ကြီး ဒေါက်တာတင်မြင့်ဦး ပြောတာက” အင်တာနက်လိုင်းက မကောင်းတော့ သတင်းအချက်အလက်တွေ ရရှိမှုနောက်ကျတာပေါ့။ အင်တာနက်လိုင်းကောင်းတဲ့ ချောင်းကမ်းစပ်တွေ၊ တောင်ပေါ်တွေကိုတက်ပြီး လိုင်းသုံးရတယ်။ ပြည်နယ်ပိုင်းက သတင်းအချက်အလက်ပေးချင်ရင်လည်း အစုလိုက်အပြုံလိုက်ဆိုတော့ ဒုက္ခကျတာပေါ့၊ စာရွက်စာတန်းတွေနဲ့ ပေးရတာပေါ့။ ဒီလိုအခက်အခဲတွေအပေါ်မှာ အင်တာနက်ဖွင့်ပေးလို့ တောင်းဆိုချင်ပါတယ်။ အင်တာနက်ဖွင့်ပေးရင် အလုပ်လုပ်ရတာလည်း အဆင်ပြေတယ်၊ ပြည်သူလူထုကို သတင်းအချက်အလက်ပေးရတာလည်း အဆင်ပြေတာပေါ့။ အင်တာနက်ဖွင့်လို့ မရတော့ ပြည်သူတွေဆီ မရောက်နိုင်ဘူး၊…

Read More

ဒေါ်နယ်ထရန့် ထောက်ခံသူတွေ ဝါရှင်တန်ဒီစီမှာ အကြီးအကျယ်ဆန္ဒပြနေ

ဝါရှင်တန်၊ နိုဝင်ဘာ-၁၅-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ ဒေါ်နယ်ထရန့်ရဲ့ အခိုင်အမာပြောဆိုမှုအပေါ် ထောက်ခံကြောင်း သူ့ကိုထောက်ခံသူထောင်ပေါင်းများစွာက ဝါရှင်တန်ဒီစီမှာ အကြီးအကျယ်စုဝေး ဆန္ဒပြနေကြပါတယ်။ အလံတွေသယ်ဆောင်လာတဲ့ ဆန္ဒပြသူတွေဟာ ခမောက်တွေ၊ ကျည်ကာအင်္ကျ ီအချို့ဝတ်ဆင်ထားတဲ့ Proud Boys အပါအဝင် လက်ယာစွန်းအုပ်စုတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ အစောပိုင်းမှာတော့ ဆန္ဒပြသူတွေဟာ သမ္မတထရန့်ဂေါက်ကွင်းကိုသွားရာ သူ့ရဲ့ယာဉ်တန်းအနီးမှာ ထောက်ခံကြောင်း ဖော်ပြခဲ့ကြပါတယ်။ နိုဝင်ဘာ ၃ ရက်မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန် အနိုင်ရရှိခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၁၃ ရက်မှာတော့ ဂျော်ဂျီယာပြည်နယ်မှာ အနိုင်ရရှိခဲ့တာကြောင့် သူ့ရဲ့အနိုင်ဟာ သေချာခဲ့ပါတယ်။လက်ရှိမှာတော့ မဲရလဒ် ၂၇၀ ကျော်ရင်သမ္မတအဖြစ်ရွေးချယ်မယ့် ပြည်နယ်ကိုယ်စားလှယ်မဲကို ၃၀၆ မဲအထိ ရရှိထားပါတယ်။ ဒါပေမယ့် မစ္စတာထရန့်ကတော့ သူရှုံးနိမ့်ကြောင်း ဝန်ခံမှုမပြုဘဲ ရွေးကောက်ပွဲမသမာမှုတွေရှိတယ်ဆိုပြီး အဓိကပြည်နယ်တွေမှာ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေလုပ်ဆောင်ခဲ့ပြီး…

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်က ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူဝေတဲ့ကိစ္စနဲ့ ရှေ့ဆက်သွားမယ့် ပဲခူးတိုင်းအစိုးရခရီး ပြောပြချက်

ပဲခူး၊ နိုဝင်ဘာ- ၁၅- ၂၀၂၀ ကောင်းလကျာ် (VOM) ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အင်ကြင်းကုန်းရွာမှာ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက ဒေသခံကလေးငယ်တွေကို ဗိုလ်ချုပ်ပုံပါ ၅၀၀ ကျပ်တန်တချို့ ပေးဝေတဲ့ကိစ္စကို ပိုက်ဆံ ပေးနေတယ်လို့ မယူဆဘဲ အထိမ်းမှတ်တစ်ခုကို ပေးဝေခြင်းသာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တုန့်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ မျိုးဆက်သစ် ကလေးတွေကို ဗိုလ်ချုပ် အထိမ်းမှတ်ပုံပါတဲ့ ပိုက်ဆံအချို့ကိုလက်ဆောင်ပေးတာပါ။ကြုံရင် ကြုံသလို ပေးနေတာမျိုးပါ။ ငွေကြေးလို့ မယူဆပါဘူး။ ဗိုလ်ချုပ်ပုံပါတယ့် ပိုက်ဆံလေးတွေမို့လို့ မသုံးပါနဲ့ဆိုတာတောင် တစ်ခါတည်း မှာကြားပါတယ်” လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ ညပိုင်းက လူတချို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်ပုံအင်္ကျီအိတ်ထောင်ထဲကနေ ကျပ်ငါးရာတန် ငွေစက္ကူတွေကို တစ်ယောက်…

Read More

တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေးကုသနေသူ ၁ ယောက်ကို ဖမ်းဆီးအရေးယူ

နိုဝင်ဘာ ၁၅-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရွှေဇလုတ်ရပ်ကွက်၊ ကမ္မနယ်မြေမှာ မနေ့ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဆေးကုသနေတာကြောင့် အမှတ်-၇၆၇ တပ်မတော်တပ်ထိန်းတပ်ခွဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မုံရွာနယ်မြေရဲစခန်းကနေ သိရပါတယ်။ မုံရွာမြို့၊ သလ္လာနယ်မြေ၊ အမှတ်-၁၂ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာနေတဲ့ ကိုသန့်ဇင်ဝင်း ဆိုသူဟာ တပ်မတော်ဆရာဝန် ဗိုလ်မှူးအဆင့် အယောင်ဆောင်ပြီး ဗိုလ်မှူးရဲသွေးဦး ဆိုတဲ့ အမည်ပြောင်းနဲ့ ဆေးကုသနေတာဖြစ်တယ်လို့ ဖမ်းဆီးရေးအဖွဲ့ ရယူထားတဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ” စစ်စိမ်းရောင် ဝတ်စုံ ၁ စုံ ၊ ပိကက် ဦးထုပ် ၁ လုံး ၊ ပြောက်ကျား စစ်အနွေးထည် ၁ ထည် ၊ ပြောက်ကျား လက်ဆွဲအိတ် ၁ လုံး ၊…

Read More
VOM News

FREE
VIEW